သားသားမီးမီးလိုချင်ရင်

အချို့မိသားစုတွေမှာ သားသမီးမထွန်းကားတာကြောင့် သားသမီးရအောင် တတ်နိုင်သလောက် အကြုံပေးပါဆိုတာနဲ့ ပတ်သတ်ပြီး ဒီပိုစ့်ကိုရေးပါတယ်။
သားသမီးများလို့ လျှော့နည်းကိုတော့ဖြင့် ဘယ်မိဘမှ မေးကြမယ် မထင်ပါဘူးဗျာ။ 
ဟောရသာရကျမ်း အခန်း(၄)မှ ထုတ်နှုတ်ဖေါ်ပြမှာဖြစ်ပါတယ်။

  • သန္ဓေတည်နိုင်သော အခြေအနေများ
၁)အမျိုးသမီးဇာတာရဲ့ အပါစယဘာဝတွေဖြစ်တဲ့ ၃ တန့်၊ ၆ တန့်၊ ၁၀ တန့်၊ ၁၁ တန့်မှတပါး  တစ်ခြား အတန့်တွေကို ကောဇာ ၂လာ စီးနင်းခိုက် ၃င်္ဂါမြင်ခြင်း(သို့)ပူးခြင်းရှိက ထိုအချိန်တွင် သန္ဓေစွဲနိုင်သောကာလဖြစ်သည်။

၂)၂လာ ၃တန့်၊ ၆တန့်၊ ၁၀တန့်၊ ၁၁တန့် စီးသည်ကို ၅တေးမြင်ခြင်း၊ လဂ်ကို ၅တေးမြင်ခြင်း၊ လဂ်နှင့် ၅တေးပူးခြင်းတို့ဖြစ်ပေါ်စဉ် သံဝါသပြုက ကိုယ်ဝန်ရနိုင်၏။

အောက်ပါရက်တွက်နည်းများတွင်မှ ဓမ္မတာလာပြီး ၅ ရက်မှ ၁၇ ရက်တွင်းလည်းဖြစ်မှ ရပါမယ်လို့လည်း မှတ်ချက်ပါရှိပါသေးတယ်ခင်ဗျ။

အထက်ပါ (၁)နဲ့ (၂) အဟောတွေမှာ ကောဇာသဘောပါတာကြောင့် ကောဇာကို ဘယ်လိုတွက်မယ်ဆိုတာပါ ထည့်သွင်းရေးသားပြလိုက်ပါတယ်ခင်ဗျာ။

  • ကောဇာ
ကောဇာဆိုတာက တွက်လိုချိန်မှာ သွားလာရပ်တည်နေတဲ့ ဂြိုလ်သွားမြေပုံ(ဇာတာ) သာဖြစ်ပါတယ်။ မူလ မွေးဖွားစဉ်အခါက အကျိုးပေးတွေကို ဟောပြောရာမှာ ကောဇာဇာတာနဲ့ ယှဉ်ပါက ပိုမိုတိကျလာပါတယ်လို့ မှတ်သားရဖူးပါတယ်။ ကောဇာသည် ဖွားဇာတာမဟုတ်တာကြောင့် အချိန်နဲ့ အမျှပြောင်းနေပြီး၊ ဇာတာရှင်နေထိုင်ရပ်တည်ရာ အရပ်ဒေသအရလည်း ကွဲပြားနေမှာဖြစ်ပါတယ်။ အကျိုးပေးတစ်ခုပေးမယ်ကြံတိုင်း အရပ်ဒေသဝေးဝေးပြောင်းလိုက်ပါက လိုက်လံအသွင်ပြောင်း အကျိုးပေးနေမယ်လို့ ယူဆစရာဖြစ်ပါတယ်။

အပေါ်က အဟော(၁) ကို နမူနာဇာတာတစ်စောင်နဲ့ တွက်ပြပါမယ်။ အောက်ပါနမူနာဇာတာရှင်က ကျွန်တော်စမ်းထုတ်လိုက်တာပါ။ အပြင်မှာ တကယ်မရှိပါဘူး။
ဒီဇာတာက လဂ်တည်ရာကို မှတ်သားထားလိုက်ပါ။ ကန် ရာသီဖြစ်ပါတယ်။

ဇာတာဖွဲ့ ပရိုဂရမ်ကနေ Other မှတစ်ဆင့် Ephemeris ကိုရွေးလိုက်ပါတယ်။ အောက်ပါအတိုင်းပြင်လိုက်ပါတယ်။
အပေါ်ကပုံအရ မြန်မာနိုင်ငံမှာ သက်ရောက်မယ့် ၂၀၁၀ မတ်လတွင်း သက်ရောက်မယ့် ဂြိုလ်သွားပြက္ခဒိန်ကို ရှာလိုက်ပါတယ်။
အထက်ပါ ပုံအတိုင်း ရလာပါမယ်။ ဇယားရဲ့ သဘောက ဘယ်ဘက်ဆုံးကော်လံက နေ့စွဲ၊ ဒုတိယကော်လံက အဲဒီနေ့အတွက် ဇာတာဖွဲ့ချိန်၊ နောက်တော့ ဂြိုလ်တွေ တည်နေရာ ဆက်တိုက်ကို ဖေါ်ပြထားပါတယ်။

နံပတ်(၁) အဟောအရ ၃င်္ဂါမြင်သော် ဆိုတာပါလို့ ကောဇာမှာ အင်္ဂါရပ်ရာကို ကြည့်ပါတယ်။ ၂၀၁၀ မတ်လအတွင်းမှာ ၃င်္ဂါဟာ ကရကဋ်ရာသီမှာ ရပ်ပါတယ်။ အောက်ကပုံမှာ ၃င်္ဂါဂြိုလ်မြင်ကို ဖေါ်ပြထားပါတယ်။ ထို့အပြင်လဂ်မှ ၃တန့်၊၆တန့်၊၁၀တန်၊၁၁တန့် မဖြစ်စေရလို့ ဆိုတာကြောင့် ကြတ်ခြေခတ်ရာသီတွေကို ပယ်လိုက်ပါတယ်။
ကောဇာ ၃င်္ဂါလည်းမြင်မယ်၊ လဂ်က အဆိုပါအတန့်တွေလည်း မဖြစ်ရဘူးဆိုတဲ့ အခါမှာတော့ ဘုံရာသီအဖြစ် အစိမ်းရောင်ပြထားတဲ့ မကာရနဲ့ တူရာသီတွေကို ၂ လာရပ်သင့်တဲ့ အဖြေအဖြစ်ရလာပါတယ်။
ဒါ့ကြောင့် ၂ လာသည် တူ(၆ရာသီ) နဲ့ မကာရ(၉ရာသီ) မှာဖြစ်စေတဲ့ ရက်တွေကြည့်တော့ (အ၀ါရောင်ပြထားတဲ့) မတ်လ ၄ရက်၊ ၅ရက်၊ ၁၁ရက်၊ ၁၂ရက်၊ ၁၃ရက်တွေကို ရလာပါတော့တယ်။ ထိုရက်များကို ကျန်းမာရေးအရညှိနိုင်းတည်းဖြတ်လိုက်ပါက အလိုရှိရာ ရက်ကို ရရှိပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။

နံပတ်(၂)အဟောအရ ၅တေးဂြိုလ်မြင်ပါရာကြောင့် ၅တေးတည်ရာကြည့်ပါတယ်။ မတ်လတစ်လလုံး ၅တေးက ကုမ်ရာသီမှာ ရှိမှာကြောင့် ကုမ်ကနေ ၅တေး ဂြိုလ်မြင်ရာသီတွေကိုကြည့်ပါတယ်။ နောက် ဇာတာရှင်လဂ်မှ ၃တန့်၊ ၆တန့်၊ ၁၀တန့်၊ ၁၁တန့် တွေကိုလည်းမှတ်သားလိုက်ပါတယ်။ ၅တေးလည်းမြင်မယ် အဆိုပါအတန့်တွေလည်း ဖြစ်ရမယ်ဆိုတဲ့ အခါမှာတော့ ဘုံအဖြစ် မေထုန်ရာသီကိုရပါတယ်။

မေထုန်မှာ ၂ ရပ်မယ့် ရက်တွေက မတ်လ ၂၃ ရက်နဲ့ ၂၄ ရက်တွေသာ ဖြစ်တာကြောင့် ထိုရက်များသည်လည်း ကြိုးစားသင့်သော ရက်များလို့ ဆိုလိုပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။
ပညာကို အသုံးချ၍ အသုံးကျနိုင်ကြပါစေခင်ဗျာ။

4 comments:

thet said...

ဆရာ

မတွက်တွက်ဘူးဖြစ်နေလို့ပါ။
လုပ်ကြည့်ရင်းနဲ့လယ်နေပါတယ်။
မလုပ်တတ်တော့ပါ။

thet said...

ဆရာ

တွက်ကြည့်ရင်းနဲ့ မတွက်တက်တော့လို့ပါ။
လုပ်ကြည့်ရင်းနဲ့ လယ်နေပါတယ်။
မလုပ်တတ်တော့ပါ။
ကူညီပါအုံးဆရာ။

ကျေးဇူးတင်လျက်
သက်

ကိုပခန်း said...

နံပတ် (၁) က ၂၀၁၀ မတ်လအတွင်း အင်္ဂါတည်ရာကနေ မြင်နိုင်တဲ့ အတန့်တွေရှာပါတယ်။ တဖန် ဇာတာရှင်ရဲ့ ကန်လဂ်ကနေ ၃ ၆ ၁၀ ၁၁ တန့်မဟုတ်တာတွေ ရှာပါတယ်။ အဲဒီနှစ်ခုကို ဘုံယူတဲ့အခါ ဇာတာရှင်လဂ်အရ လိုအပ်မယ့် တဖန် ကောဇာက အင်္ဂါမြင်မယ့် အတန့်တွေရပါတယ်။ အဲဒီဘုံရတဲ့ အတန့်တွေကို တနင်္လာရပ်မယ့် ရက်ကို ရှာပြီး ကျမ်းမာရေးအရ ဖြစ်နိုင်တဲ့ ရက်နဲ့ ညှိလိုက်တာပါပဲ။

နံပတ် (၂) က ၂၀၁၀ မတ်လအတွင်း ကြာသာပတေးတည်ရာကနေ မြင်နိုင်တဲ့ အတန့်တွေရှာပါတယ်။ တဖန် ဇာတာရှင်ရဲ့ ကန်လဂ်ကနေ ၃ ၆ ၁၀ ၁၁ တန့်တွေ ရှာပါတယ်။ အဲဒီနှစ်ခုကို ဘုံယူတဲ့အခါ ဇာတာရှင်လဂ်အရ လိုအပ်မယ့် တဖန် ကောဇာက ကြာသာပတေးမြင်မယ့် အတန့်တွေရပါတယ်။ အဲဒီဘုံရတဲ့ အတန့်တွေကို တနင်္လာရပ်မယ့် ရက်ကို ရှာပြီး ကျမ်းမာရေးအရ ဖြစ်နိုင်တဲ့ ရက်နဲ့ ညှိလိုက်တာပါပဲ။ တစ်ဖန် လဂ်နဲ့ ၅တေး ပူးချိန် လဂ်ကို ၅ တေးမြင်ချိန် ကိုပါထည့်တွက်ရတာမျိုးပါ။

ကောဇာသဘောအရ မှတ်သားရမှာက လဂ်သည် မူလဇာတာမှ ယူတာဖြစ်ပြီး၊ အခြားဂြိုဟ်တွေကတော့ ယခုလက်ရှိ အချိန်က ကောင်းကင်ဂြိုဟ်များပဲဖြစ်ပါတယ်။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။