ဝိသောတ္တရီဒသာစနစ် အပိုင်း(၁)

အောက်ဖေါ်ပြပါ မှတ်သားဖွယ်ရာများကို ဆရာကြီး ဒေါက်တာကံညွန့် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့) ပြုစုသော ၀ိသောတ္တရီဒသာစနစ် စာအုပ်မှ ထုတ်နှုတ်ဖေါ်ပြလိုက်ပါသည်ခင်ဗျား။

အောက်ပါအတိုင်း ကျွန်တော်ခွဲဝေစီစဉ် ဖေါ်ပြပေးပါမယ်ခင်ဗျ။

၁။ ၀ိသောတ္တရီဒသာစနစ်အရ ကာလများခွဲဝေပုံ
၂။ ၀ိသောတ္တရီဒသာစနစ်မှညွှန်းဆိုသော ဂြိုဟ်ဆိုးနှင့် ဂြိုဟ်ကောင်း
၃။ ၀ိသောတ္တရီဒသာနှင့် အန္တရဒသာ ပေါင်းစပ်အကျိုး
၎။ လဂ်တစ်ခုချင်းစီအတွက် အဆိုးအကောင်း

၁။ ၀ိသောတ္တရီဒသာစနစ်အရ ကာလများခွဲဝေပုံ

ဝိသောတ္တရီဒသာစနစ်အရ ဂြိုဟ်များခွဲဝေပုံကို ဒီလင့်မှာ http://astro.technohalo.com/2008/11/blog-post_18.html ဖေါ်ပြခဲ့ပြီးပါပြီခင်ဗျ။ ပရိုဂရမ်သုံးပြီး တွက်ချက်မယ်ဆိုရင်တော့ ဒီလင့်က http://astro.technohalo.com/2008/12/program.html ပရိုဂရမ်ကို သုံးနိုင်ပါတယ်ခင်ဗျ။ ရရှိလာမယ့် ဇယားလေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျ။

ရရှိလာတဲ့ ဇာတာမှာ ဒီဇယားလေးတွေကတော့ ဇာတာရဲ့ အောက်ဆုံးမှာ ရရှိဖေါ်ပြနေမှာဖြစ်ပါတယ်။

ဝဲဘက်ဇယားသည် ဒသာဇယားဖြစ်ပါတယ်။ ယနေ့နေ့စွဲ 23.9.2010 သည် 7.5.2006 မှ 7.5.2016 ကြား ၁၀ နှစ်တာ တနင်္လာဂြိုဟ်၏ ဒသာကာလတွင်းတွင်ရှိသောကြောင့် ယနေ့အချိန်တွင် ဇာတာရှင်သည် တနင်္လာဒသာစားနေသည်ဟု မှတ်သားရမည်ဖြစ်သည်။ ဒသာကာလအားလုံးပေါင်းသည် ဇာတာရှင်မွေးရက်မှသည် နောင်နှစ်ပေါင်း ၁၂၀ ထိ ခွဲစိတ်ထားပါသည်။

အလယ်ဇယားကတော့ အန္တရဒသာဇယားဖြစ်ပါတယ်။ 23.9.2010 သည် 7.5.2006 မှ 7.5.2016 ကြား တနင်္လာဂြိုဟ်၏ ဒသာကာလ ၁၀ နှစ်ကို ထပ်မံခွဲစိတ်ထားပုံဖြစ်သည်။ ( ခွဲစိတ်ပုံမှာ  တွက်လိုတဲ့ အန္တရဒသာရှင်၏ ဂြိုဟ်သက်ကို ၁၂၀ ဖြင့်စားကာ တနင်္လာ၏ဒသာကာလ ၁၀ နှစ်ဖြင့်မြှောက်ခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် အချိုးချထားခြင်းသာဖြစ်ပါသည်။) ယနေ့နေ့စွဲ 23.9.2010 သည် 7.8.2010 မှ 7.3.2012 အတွင်း ၁ နှစ် ၇ လကြာမျှ စနေဂြိုဟ်၏ အန္တရဒသာတွင် ကျရောက်လျှက်ရှိပါသည်။

ယာဘက်ဇယားကတော့ ပြတ္တန္တရဒသာဇယားဖြစ်ပါတယ်။ 7.8.2010 မှ 7.3.2012 အတွင်း ၁ နှစ် ၇ လကြာမျှ စနေဂြိုဟ်၏ အန္တရဒသာကို ထပ်မံစိတ်ပိုင်းထားပုံဖြစ်ပါတယ်။ (ခွဲစိတ်ပုံမှာ  တွက်လိုတဲ့ ပြတ္တန္တရဒသာရှင်၏ ဂြိုဟ်သက်ကို ၁၂၀ ဖြင့်စားကာ စနေဂြိုဟ်၏အန္တရဒသာကာလ ၁နှစ် ၇ လ ဖြင့်မြှောက်ခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် အချိုးချထားခြင်းသာဖြစ်ပါသည်။

အချုပ်အားဖြင့် ယနေ့ 23.9.2010 သည် အဆိုပါ ဇာတာရှင်အတွက် အင်္ဂါ ဒသာ၊ စနေ အန္တရဒသာ၊ စနေ ပြတ္တန္တရဒသာတွင် ကျရောက်နေသည်ဟု မှတ်သားနိုင်ပါသည်။ သိလိုတဲ့ကာလကို ထည့်သွင်းကာ ပရိုဂရမ်တွင် တွက်ယူနိုင်ပါသည်။

(၂) ၀ိသောတ္တရီဒသာစနစ်မှညွှန်းဆိုသော ဂြိုဟ်ဆိုးနှင့် ဂြိုဟ်ကောင်း


၁။ ၁ တန့် ၅ တန့် ၉ တန့် အိမ်ရှင်များသည် ဂြိုဟ်ကောင်းဖြစ်သည်။ (တနည်းအားဖြင့် တြိဂေါဏအိမ်ရှင်များဖြစ်သည်။)

ချွင်းချက်။  ။ တြိဂေါဏသခင်များသည် ၆ တန့်ကို မပိုင်မှသာကောင်းသည်။ ဥပမာအားဖြင့် ကရကဋ်လဂ်များအတွက် ကြာသပတေးသည် ၆ တန့်နှင့် ၉ တန့် သခင်ဖြစ်သည်။ ၆ တန့်သခင်ပါဖြစ်၍ ကရကဋ်အတွက် ကြာသပတေးသည် ကောင်းကျိုးမပေးပါ။

၃ တန့် ၆ တန့် ၁၁ တန့် အိမ်ရှင်များသည် ဂြိုဟ်ဆိုးများဖြစ်သည်။ (တနည်းအားဖြင့် တြိဆဌီအိမ်ရှင်ဂြိုဟ်များဖြစ်သည်။)

၂။ ကြာသပတေး၊ သောကြာ၊ လပြည့်စန်း၊ သောမနှင့်ပူးသော ဗုဒ္ဓဟူးဂြိုဟ်တို့သည် ကိန်းသခင်ဖြစ်ပါက ထူးခြားပြီး ကောင်းမလာပါ။ ( ကိန်းဆိုသည်မှာ ၄ တန့် ၇ တန့် ၁၀ တန့် များကိုခေါ်ပါသည်။)

ထို့အတူ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ၊ လကွယ်စန်း၊ ပါပနှင့်ပူးသော ဗုဒ္ဓဟူးဂြိုဟ်တို့သည် ကိန်းသခင်ဖြစ်ပါက ထူးခြားပြီး ဆိုးမလာပါ။

ကိန်းသခင်သည် တြိဂေါဏသခင်ပါဖြစ်ပါက ကောင်းသည်။


မှတ်ချက်။  ။ မေထုန်လဂ်အတွက် ဗုဒ္ဓဟူးသည် ၁ တန့်နှင့် ၄ တန့်တို့ကို ပိုင်သောကြောင့် တြိဂေါဏနှင့်ကိန်း တစ်ပြိုင်တည်း ပိုင်သည်ဟု ဆိုလိုပါသည်။ ထိုအတူ ကန်လဂ်နှင့် ဗုဒ္ဓဟူး၊ ဓနုလဂ်နှင့် ကြာသပတေး၊ မိန်းလဂ်နှင့် ကြာသပတေးတို့သည် ထိုသို့ ဆက်စပ်ကြပါသည်။

ကိန်းသခင်များတွင်မှ ၇ တန့်သခင်သည် သောမပင်ဖြစ်စေတော့ ကောင်းကျိုးမပေးပါ။ ဇာတာရှင်ကို သတ်တတ်သော မရကသခင်ဟု ခေါ်ဆိုကြပါသည်။ 

၇ တန့်သခင်နှင့် ၆ တန့် သခင်တူက မကောင်းပါ။ ၇ တန့်သခင်နှင် ၈ တန့်သခင်တူပါက သာ၍ပင်မကောင်းပါ။

ဥပမာ ကန်လဂ်အတွက် စနေသည် ၆ တန့်နှင့် ၇ တန့်သခင်တို့ဖြစ်သည်။ ကရကဋ်လဂ်အတွက် စနေသည် ၇ တန့်နှင့် ၈ တန့်သခင်တို့ဖြစ်ကြပါသည်။

၃။ ဆိုးအားကောင်းအားတို့အနေဖြင့် ၁ တန့်ထက် ၅ တန့် ၊ ၅ တန့်ထက် ၉ တန့် ပို၍ အားကောင်းကာ ကောင်းကျိုးပေးသည်။ ထို့အတူ ၄ တန့်ထက် ၇ တန့်၊ ၇ တန့်ထက် ၁၀ တန့် အားပြင်းသည်။ ၃ တန့်ထက် ၆ တန့်၊ ၆ တန့်ထက် ၁၁ တန့် ပို၍အားကောင်းကာ ဆိုးကျိုးပေးကြပါသည်။

၎။ ၂ တန့်နှင့် ၁၂ တန့် အိမ်ရှင်တို့သည် ကိုယ်ပိုင်အစွမ်းအစမရှိ အခြားဂြိုဟ်များ ဇာတာတွင် မြင်ယှဉ်မှသည် အားပီပြင်သည်။ ၄င်းတို့ကို ပါပပူးယှဉ်က ဆိုးကာ သောမပူးက ကောင်းသည်။ ဘယ်ဂြိုဟ်နှင့်မျှ မပူးယှဉ်ပါက မိတ်အိမ်ရပ်က ကောင်းကျိုးရကာ၊ ရန်အိမ်ရပ်က ဆိုးကျိုးပေးကြပါသည်။

၅။ ကံကောင်းခြင်းကို ၉ တန့်မှ ကိုယ်စားပြုသည်။ ၉ တန့်မှရေလျှင် ၁၂ တန့်ကျသော ၈ တန့်သည်ကား မကောင်းပါ။ ထို့ကြောင့် ၈ တန့်သခင်သည် ဆိုးပါသည်။

သို့သော် ၈ တန့်သခင်သည် လဂ်သခင်လည်းဖြစ်ကာ လဂ်သို့ ၈ တန့်တွင် ရပ်က ကောင်းကျိုးရသည်။

ဥပမာ။  ။ တူရာသီတွင် လ နှင့် ၆ ကြာတို့ပူးရပ်သည်ဆိုပါစို့။ ၈ တန့်သခင်သည် ၆ ကြာဖြစ်ကာ လဂ်သခင်သည်လည်း ၆ ကြာဖြစ်မည်။ မိမိအိမ်တွင်လည်း ရပ်လေသောကြောင့် တူလဂ်အတွက် ၆ ကြာသည်ကောင်းမွန်စေသည်။

မှတ်ချက်။  ။ မကာရလဂ်အတွက် တနင်္ဂနွေနှင့် ဓနုလဂ်အတွက် တနင်္လာတို့သည် အလွန်အမင်းမဆိုးရွားလှပေ။ (အဘယ်ကြောင့် ဆိုသော် တနင်္ဂနွေနှင့် တနင်္လာတို့သည် သူဘကာရက ကံကောင်းတောက်ပခြင်းကို ဖြစ်စေသော ဂြိုဟ်များဖြစ်သောကြောင့်ဖြစ်သည်။)

အနှစ်ချုပ်သော်
၁ တန့်၊ ၅ တန့်၊ ၉ တန့် အိမ်ရှင်များကောင်းသည်။
၃ တန့်၊ ၆ တန့်၊ ၁၁ တန့် အိမ်ရှင်များဆိုးသည်။
၎ တန့်၊ ၇ တန့်၊ ၁၀ တန့် အိမ်ရှင်များသည် ကောင်းဆိုးမပေးလိုကြပေ။
၂ တန့်၊ ၈ တန့်၊ ၁၂ တန့် အိမ်ရှင်များသည်ကား ပူးယှဉ်ရာ ပိုင်ဆိုင်ရာအိမ်ရှင်များအရ ကောင်းဆိုးကွဲပြားသည်ဟု မှတ်ယူရမည်ဖြစ်သည်။

၇ တန့်အိမ်ရှင်အတွက် ယူဆပုံ မရှင်းလင်းသေးပါက ဆက်လက်ဖတ်ရှုပါရန် ...

၆။ ကြာသပတေးနှင့် သောကြာတို့သည် ကိန်းသခင်ဖြစ်ကာ ၇ တန့်တွင်ရပ်ပါက ဆိုးရွားပြင်းထန်ကာ အပစ်ပေးသည်။

ဗုဒ္ဓဟူးဂြိုဟ်သည် ကိန်းသခင်ဖြစ်ကာ ၇ တန့်တွင်ရပ်ပါက သိပ်မဆိုးရွားလှပေ။

တနင်္လာဂြိုဟ်သည် ကိန်းသခင်ဖြစ်ကာ ၇ တန့်တွင်ရပ်ပါက ဆိုးကျိုးအနည်းဆုံးဖြစ်သည်။

တနင်္ဂနွေနှင့် တနင်္လာတို့သည် ၈ တန့်သခင်ဖြစ်က မရက (ဇာတာရှင်အားသတ်ဖြတ်အား) မပြင်းထန်သော်လည်း ရပ်တည်မှုအရ ဆိုးသည်သာဖြစ်သည်။

၈ တန့်သခင်သည် မကောင်းသည့်ဘာဝကိုပါ တွဲပိုင်ပါက အဆိုးဆုံးသာဖြစ်သည်။

ကြာသာပတေး သောကြာ ဗုဒ္ဓဟူး တနင်္လာတို့သည် ၇ တန့်သခင်ဖြစ်၍ ကိန်း၌နေက ကောင်းကျိုးမပေးပေ။
တနင်္ဂနွေ၊ အင်္ဂါ၊ စနေတို့သည် ၇ တန့်သခင်ဖြစ်စေ ၇ တန့်၌နေသည်ဖြစ်စေ မရကမဖြစ်။ (တနည်းအားဖြင့် မသတ်ဖြတ်ပေ။)

ဥပမာအားဖြင့် မိဿလဂ်အတွက် သောကြာဂြိုဟ်သည် ၁၂ တန့်နှင့် ၇ တန့်အိမ်ရှင်ဖြစ်သည်။ အလွန်အားကြီးသော မရကဂြိုဟ်ဖြစ်သည်။ (တနည်းအားဖြင့် သောကြာဂြိုဟ်၏ ဒသာကာလတွင် ဇာတာရှင်အသက်ဆုံးနိုင်သည်။ ထိုကာလမျှမကဘဲ အန္တရဒသာများတွင်လည်း ၀င်ရောက်ဖြစ်ထွန်းစေနိုင်ပါသည်။ ဒသာတွဲစားပုံတွင် ဆက်လက်ရှုစားပါရန်။)

ဒွေဒဟ လဂ်များတွင် ဗုဒ္ဓဟူးနှင် ကြာသာပတေးတို့သည် ကိန်းနှစ်အိမ်ကို ပိုင်ကြသည်။ ထိုကိန်းများတွင် ၇ တန့်ပါဝင်ပါက ဆိုးကျိုးကိုသာ ဖြစ်စေမည်။ အပြန်အားဖြင့် ဗုဒ္ဓဟူးနှင့် ကြာသပတေးတို့သည် ၇ ၇ တန့်မှ တပါးသော မိမိပိုင်ရာသီတွင်ရပ်က ကောင်းကျိုးပေးမည်ဟု အဓိပ္ပါယ်ရပါသည်။

၇။ ၁၀ တန့်သခင် ပါပထက် ၅ တန့်သခင်က ပိုကောင်းသည်။ ကိန်းသခင်ပါပ ဖြစ်က မဆိုးပါ။  ၄င်းကို တြိဂေါဏသခင်ပူးက ကောင်းပါသည်။

ယောဂအနေနှင့်မူ ပါပသည် (ပုံမှန်အားဖြင့် မြင်ရာယှဉ်ရာ အားယုတ်စေသော်လည်း) ကောင်းကျိုးပေးပါသည်။  ဘယ်ပါပမှ ကိန်းပိုင်လို့ မကောင်း။ တြိဂေါဏပိုင်က ကောင်းသည်။ တြိဆဌီပိုင်က ဆိုးပါသည်။

ဥပမာအားဖြင့်
ကုမ်လဂ် အတွက် ၃ င်္ဂါသည် ၃ တန့်နှင့် ၁၀ တန့်အိမ်ရှင်ဖြစ်၍ ဆိုးသည်။
မိဿလဂ် အတွက်  ၀ နေသည် ၁၀ တန့်နှင့် ၁၁ တန့်အိမ်ရှင်ဖြစ်၍ ဆိုးသည်။
သိဟ်လဂ် အတွက် ၆ ကြာသည် ၃ တန့်နှင့် ၁၀ တန့်အိမ်ရှင်ဖြစ်၍ ဆိုးသည်။
ပြိဿလဂ် အတွက် ၀ နေသည် ၉ တန့်နှင့် ၁၀ တန့်အိမ်ရှင်ဖြစ်၍ ဆိုးသည်။
ကန်လဂ် အတွက် ၄ ဟူးသည် ၁ တန့်နှင့် ၁၀ တန့်အိမ်ရှင်ဖြစ်၍ ကောင်းသည်။
ဓနုလဂ် အတွက် ၅ တေးသည် ၁ တန့်နှင့် ၅ တန့်အိမ်ရှင်ဖြစ်၍ ကောင်းသည်။
မိန်လဂ် အတွက် ၅ တေးသည် ၁ တန့်နှင့် ၁၀ တန့်အိမ်ရှင်ဖြစ်၍ ကောင်းသည်။
ကန်လဂ် အတွက် ၅ တေးသည် ၅ တန့်နှင့် ၈ တန့်အိမ်ရှင်ဖြစ်၍ ဆိုးသည်။
ဓနုလဂ် အတွက် ၄ ဟူးသည် ၇ တန့်နှင့် ၁၀ တန့်အိမ်ရှင်ဖြစ်၍ ဆိုးသည်။
မိန်လဂ် အတွက် ၄ ဟူးသည် ၄ တန့်နှင့် ၇ တန့်အိမ်ရှင်ဖြစ်၍ ဆိုးသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။