ဘာဝစက်မှ ၅တေးဂြိုလ်

  • ၅တေး ၁တန့်
ချောမောလှပ၍ ပညာတတ်ကာ ဉာဏ်ထက်၍ အလှူအတန်းရက်ရောမည် မျက်စိအရောင်အဆင်းဖျော့တော့၍ ကြီးသော် ၀မ်းဗိုက်ဆူထွက်လာတတ်သည်။
  • ၅တေး ၂တန့်

အိမ်တောင်ဘက်ရော မိမိပါချောမောလှပမည် လှူဒါန်းပေးကမ်းလို၍ ဉာဏ်ထက်မည် ချမ်းသာကြွယ်ဝ၍ အပြောအဆို ပြတ်သားမည်

  • ၅တေး ၃တန့်

အကြင်အနာနည်းပါး၍ နှမြောတွန့်တိုမည် မိသားစုအကြင်အနာမရတတ်ပေ လောဘကြီးတတ်သော်လည်း ဉာဏ်ရည်ထက်မြက်မည် နာမ်ဝါဒကို လက်ခံယုံကြည်မည်

  • ၅တေး ၄တန့်

ဥစ္စာ ယာဉ်ကားများစွာ ရှိတတ်သည် ဂုဏ်သိက္ခာမြင့်မားတတ်သည် စိတ်သဘောထားကြီးမည်

  • ၅တေး ၅တန့်

မန္တာန် သျှတ္တရကျမ်းများတတ်မြောက်မည် ထင်ကြေးနှင့်မှန်း၍ မျှော်ကိုးရသော လုပ်ငန်းများအကျိုးပေးမည် လေ့လာဆန်းစစ်နိုင်စွမ်းကြီးမည် သားသမီးအရေးရတက်မအေးရပေ

  • ၅တေး ၆တန့်

အစကောင်း၍ အနှောင်းမသေချာတတ်ပေ သစ္စာရှိသောအခြွေအရံများရှိမည် ရန်သူအားမနိုင်နှိင်ပဲရှိတတ်သည် တေးဂီတကို မက်မောမည်

  • ၅တေး ရတန့်

အကြံကောင်းပေးနိုင်သူဖြစ်မည် ဇနီးမယားနှင့်ပတ်သတ်၍ ပျော်ရမည် သည်းခံတတ်၍ ရက်ရောမည် ခန့်ညားထည်ဝါသောရုပ်သွင်ရှိမည်

  • ၅တေး ၈တန့်

အလွန်ရိုးသားနှိမ်ချ၍ ဆင်းရဲတတ်သည် ခန္ဓာကိုယ်အင်အားနည်းပါးတတ်သည် လူစော်ကားခံရတတ်သည် ဆရာသမားဖခင်တို့နှင့်အတိုက်အခံပြုရတတ်သည်

  • ၅တေး ၉တန့်

လောက ထုံးတမ်းအစဉ်အလာများကို လိုက်နာမည် သစ္စာတည်မည် လူကြီးလူကောင်းဖြစ်တတ်သည် ကောင်းမှုကို မြတ်နိုးသူဖြစ်မည်

  • ၅တေး ၁၀တန့်

နိုင်ငံ့အကြီးအကဲဖြစ်တတ်သည် မြင့်မြတ်သောတရားကို အားထုတ်မည် ချီးကျူးဖွယ်အမှုများပြုလိမ့်မည် အောင်နိုင်သူဖြစ်မည်

  • ၅တေး ၁၁တန့်

ရင်သပ်ရှုမောဖွယ်ကောင်းအောင် အောင်မြင်ကြီးပွားမည် မိသားစုနှင့်အတူထူးထူးခြားခြား အောင်မြင်တတ်သည် ရည်မှန်းချက်ကြီးမည်

  • ၅တေး ၁၂တန့်

ကြွားဝါတတ်၍ ပျင်းရိမည် အသုံးအစွဲလက်ဖွာမည် ခရီးများစွာသွားရတတ်သည် မ်ျိုးပွားအင်္ဂါတွင် အနာရမည်

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။