သေခြင်းတရား(၂)

မှတ်သားဖွယ်ရာမှတ်စုများကို ထုတ်နှုတ်ဖေါ်ပြလိုက်ပါတယ်။

  • ၁နွေ ၂လာနဲ့ ဒွေဒဟလဂ် တို့ပူးပါက ရေနစ်သေဆုံးပါမယ်။
  • ၀နေဂြိုလ်ဟာ ၄ တန့် (သို့) ၂ လာဂြိုလ်ဟာ ၇ တန့် (သို့) ၃ င်္ဂါဂြိုလ်ဟာ ၁၀ တန့်ရပ်ပါက အမြင့်မှကျခြင်း(သို့) တွင်းထဲကျခြင်းတို့ကြောင့် သေဆုံးတတ်ပါတယ်။
  • ၂ လာသည် မိဿ၊ဗြိစ္ဆာ၊ မကာရ၊ ကုမ် တစ်ရာရာသီတွင်တည်ကာ ပါပနှစ်လုံးကြားညှပ်သည်ကို သောမမမြင်(မကူ)ပါက ကြိုးကွင်း၊ မိုးကြိုး၊ လက်နက်ဘေးကြောင့် သေဆုံးတတ်ပါတယ်။
  • ၄ တန့်နှင့် ၁၀ တန့်တွင် ပါပရပ်၍ ၈ တန့်နှင့် လဂ်တွင် သောမများရပ်က နှလုံးရောဂါ၊ အဆစ်မြစ်ယောင်ရောဂါ၊ သုံးမြှောင့်ချွန် ဥယျဉ်သုံးကိရိယာများနှင့် စပ်လျှဉ်းသေဆုံးတတ်ပါတယ်။
  • ၂ လာနှင့် ၀ နေတို့ ၁၂,၆,၈,၄ တန့်တို့တွင်ရပ်က ပင်လယ်တွင်သေဆုံးတတ်ပါတယ်။
  • လဂ် (သို့) ၂လာမှ ၅ တန့်(သို့) ၉ တန့်တွင် ပါပရပ်၍ ၂လာ(သို့) ၈ဟုသည် ၈ တန့်ရပ်ပါက ကြိုးဆွဲချခြင်း၊ ကြိုးမိန့်ပေးခံရခြင်းတို့ကြောင့် သေဆုံးတတ်ပါတယ်။
  • ၁နွေ ၈ဟု နှင့် လ တို့ပူးကာ ၂လာသည် ၆တန့်(သို့) ၈ တန့်တွင်ရပ်ကာ ပါပများ ၁၂ တန့်တွင်ရပ်က အဆိပ်လက်နက်ဘေးကြောင့် သေဆုံးတတ်ပါတယ်။
  • ၈ဟုသည် ၄တန့်၈တန့် ရပ်သည်ကို ၈ဟုသခင်မြင်လျှင်(သို့) ၈တန့်တွင်ပါပရပ်လျှင်(သို့) ၈ တန့်ကိုပါပမြင်လျှင် အဆိပ်လက်နက်မီးဘေးသင့်၍ သေဆုံးတတ်ပါတယ်။
  • ၇ တန့်တွင် ၁ နွေနှင့် ၈ဟု(သို့) ၉ကိတ်ရပ်ကာ ၆ကြာသည် ၈ တန့်တွင်တည်က ကြိုးဆွဲချသေဆုံးတတ်ပါတယ်။
  • လက်သခင်ကို ပါပ နှစ်လုံးညှပ်ပြီး ကိန်းအိမ်တွင်တည်ကာ ၈ တန့်တွင်ဂြိုလ်တစ်လုံးရပ်က မိမိအမျက်ဒေါသကြောင့်သေဆုံးပါမယ်တဲ့ခင်ဗျ။
ဆက်လက်တင်ပြပေးပါမယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။