အာကာသသျှတ္တရ နှင့် အိန္ဒိယနက္ခတ္တ (၂)

ရှေ့ပြေးနိမိတ်များ
ရှေ့ပြေးနိမိတ်တွေနဲ့ vedic literature က Adhbuta, Utpaata, nimitta အဟောတွေကတော့ ဆက်စပ်မှီငြမ်းနေပါတယ်။
မှတ်ချက်။ ။ Adhbuta, Utpaata, nimitta စတာတွေကို ကျွန်တော်မသိပါ။
သဘာဝဘေးအန္တရာယ်တွေကို ကောင်းဆိုးနှစ်တန် အဟောထုတ်ကြပါတယ်။

ပဉ္စလက်နဲ့ သဘာဝလောက
ရှေ့ပြေးနိမိတ်တွေနဲ့ နက္ခတ်အဟောတွေကို မရောထွေးပြစ်တဲ့ အခြားအမြင်တွေလည်းရှိကြပါတယ်။ တိမ်မည်းတွေစုနေရင် သို့ မြေကြီးကို အနံ့ခံလို့ဖြစ်စေ မိုးရွာတော့မယ်လို့ ပြောနိုင်ကြမှာပါပဲ။ ဒေသခံတွေရဲ့ ရှေ့ပြေးနိမိတ် ယုံကြည်မှုကတော့ ဒိဌဓမ္မလက်တွေ့သဘာဝလောက ပေါ်မှာပဲ မူတည်နေပါတယ်။ ဘယ်လိုပဲဆိုဆို ရှေးဦးမြို့ပြစနစ်တွေက ကောက်ချက်ပေးတဲ့ ဆက်နွယ်တယ်ဆိုတာတွေဟာ တကယ်တန်းမမှန်သေးဘူးလို့ သက်သေပြနေသလိုပါပဲ။

နက္ခတ်သျှတ္တရ

လူတစ်ယောက်မွေးချိန်မှာ စန္ဒာလမင်းတည်ရာ နက္ခတ်ကို မူတည်ထားပြီး အဟောထုတ်တာ နိမိတ်ဖတ်ခြင်းနဲ့အတူ နက္ခတ်သျှတ္တရဟာ Vedic time မှာ အရေးပါဆုံးအခန်းက ပါဝင်ခဲ့ပါတယ်။
ဥပမာ။ ။ဘရဏီနက္ခတ်နဲ့ စန်းယှဉ်တယ်၊ ၀ိသာခါနက္ခတ်နဲ့ စန်းယှဉ်တယ်ဆိုတာမျိုးပေါ့။

နက္ခတ်ဟောကိန်းများရဲ့ အစ
အခကြေးငွေနဲ့ ဟောခြင်းကတော့ ဘီစီ ၇ ရာစုလောက်က မက်ဆိုပိုတေးမီးယား Chaldian ဒေသ (အီရတ်တောင်ပိုင်းနဲ့ကူဝိတ်) မှာ စခဲ့ပါတယ်။ ဗေဗီလုံးနီးယန်းယဉ်ကျေးမှု ပြိုကွဲချိန်မှာတော့ လူတွေဘ၀ဟာ ပျက်စီးသေကြေကြပြီး ဘာသာရေးခေါင်းဆောင်တွေဟာလည်း ဂြိုဟ်သွားဂြိုဟ်လာကနေ ဟောပြောအသက်မွေးသူတွေအဖြစ် ပြိုကွဲပြန့်ကျဲသွားပါတော့တယ်။
BC 4th ရာစုမှာ အလက်ဇန်းဒါးဟာ ဘေဘီလုံးနီးယမ်းကို သိမ်းပိုက်လိုက်တာကြောင့် Observational science (လေ့လာရှုမြင်ဖွယ်ရာ သိပ္ပံပညာ) အဖြစ် အစပျိုးခဲ့တဲ့ နက္ခတ်ဗေဒင်ပညာဟာ pseudo science (လိမ်လည်မှားယွင်းတဲ့ သိပ္ပံပညာ) အဖြစ် ငုပ်လျှိုးသွားစေခဲ့ပါတယ်။ ထို့အတူ အယူသီးမှုများလည်း အဆမတန်ကြီးထွားလာခဲ့ပါတယ်။
နက္ခတ်ဗေဒင်ပညာကတော့ ဂရိနဲ့ ရောမတိုင်းပြည်များသို့ ပြန့်နှံ့သွားခဲ့ပါတယ်။ ဒီလိုနဲ့ Chaldian priest ဖြစ်တဲ့ Baroses ဟာ Athens ဒေသမှာ နက္ခတ်သင်တန်းကျောင်း စဖွင့်စေခဲ့တာဖြစ်ပါတယ်။
မှတ်ချက်။ ။Athens ဒေသက ဂရိမှာရှိပါတယ်။ ဒီလင့်မှာကြည့်နိုင်ပါတယ်။ http://en.wikipedia.org/wiki/Athens

အိန္ဒိယသို့ နက္ခတ်ဗေဒင်ရောက်ရှိပုံ
၁၀၀ အေဒီခန့်က အီဂျစ်ပြည်မှာ ပြုစုထားတဲ့ ဂရိလက်ရေးမူ နက္ခတ်စာစုတွေကို Sanskrit (အိန္ဒိယဘာသာစကားတစ်ခု) သို့ ပြန်ဆိုခဲ့ပါတယ်။ အချိန်ဒေသကတော့ အေဒီ ၁၅၀ ၀န်းကျင်ခန့် (အိန္ဒိယပြည်တွင်းရှိ) Ujjayini ဒေသမှာပါ။ ဒီစာစုကို Yavaneshwara လို့ နာမည်ပြောင်းပြီး နက္ခတ်ဗေဒင်ဆိုရာ နာမည်တွေနဲ့ သဘောတရားတွေကို Sanskrit ဘာသာသိုပြောင်းလဲစေခဲ့ပါတယ်။
ဒီစာဆောင်ကို ပြန်ဆိုယုံမျှမကပဲ၂၇၀ အေဒီမှာ ရေးသားတဲ့ Sphujidhavaja ကျမ်းနဲ့လည်း ဆက်နွယ်နေပါသေးတယ်။ ဒီ Yavana Jataka (ဇတက) ကျမ်းဟာ အီဂျစ်-ဂရိ နက္ခတ်ဗေဒင်နဲ့ အိန္ဒိယနတ္ခတ်သျှတရ နက္ခတ်ဗေဒင်တွေနဲ့ ရောထွေးဆက်စပ်စေပါတယ်။
နမူနာ Sanskrit စာပေတစ်စုပါ။
မှတ်ချက်။ ။ Sanskrit is a historical Indo-Aryan language, the primary liturgical language of Hinduism and Buddhism. လို့ဆိုပါတယ်။

အိန္ဒိယနက္ခတ်ဗေဒင်ပညာရဲ့မူလအစ ဂရိ

အေဒီ ၆ ရာစု အိန္ဒိယပြည် Ujjain နယ်က ကျော်ကြားလှတဲ့ နက္ခတ်ဆရာ Brihit Jaatakam ဟာ ဂရိနက္ခတ္တဟာ အိန္ဒိယနက္ခတ္တပေါ်မှာ လွှမ်းမိုးကြောင်း ပွင့်လင်းစွာ အသိအမှတ်ပြုခဲ့ပါတယ်။ ဂရိ (Yavana) နက္ခတ္တဟာ မသန့်မစင်ဖြစ်နေပါတယ်၊ (သူတို့ဆီကစတယ်လို့) သုခမိန်တွေလို ဂုဏ်ယူနေကြတာပါလို့လည်း သူကပြောခဲ့ပါတယ်။

Brihat Jaatakam ဟာ နေသွားလမ်းစက်ဝန်းကို ရာသီ အခေါ် ၁၂ ပိုင်းပိုင်းလိုက်ပါတယ်။ နာမည်တွေကတော့ ဂရိအခေါ်အဝေါ်တွေနဲ့ဆင်ပါတယ်။ declination ကို aapoklima horizon ကို harija diameter ကို Jaaniyra Angle ကို Kona စသဖြင့် နာမည်ဆင်တူတွေယူထားပါတယ်။

Vedic နက္ခတ္တကို တိမ်မြုပ်သွား

တနင်္လာကနေ တနင်္ဂနွေထိ နေ့ ၇ နေ့ဟာ အိန္ဒိယက ပေါ်ပေါက်တာမဟုတ်ပါ။ အစောဆုံး အထင်ရှားဆုံး ရေးထိုးထားတဲ့ တစ်ပတ်အတွက်နေ့တွေဟာ ၄၈၄ အေဒီခန့်မှာ ရေးထိုးတဲ့ Eran အရပ်က Budhaguota ကျောက်တိုင်မှာ တွေ့ရတာဖြစ်ပါတယ်။ သမိုင်းပညာရှင်တွေပြောစကားအရ မျက်မြင်ဂြိုဟ် ၅ လုံးနဲ့ နေလတို့ ပေါင်းထားတဲ့ နေ့ခုနစ်နေ့ အခေါ်အဝေါ်ဟာ ဘေဘီးလုံးနီးယန်းဒေသက Chaldeans အရပ်က အစပြုတယ်လို့သိရပါတယ်။ Vedic နက္ခတ္တရဲ့ ဘယ်နေရာမှာမှ နေ့ ၇ နေ့ မတွေ့ရပါ။ ဒါကိုကြည့်ချင်းအားဖြင့် ယနေ့ဟောပြောနေကြတဲ့ နက္ခတ္တပညာဟာ အိန္ဒိယပြည် (BC 2000 မှာပေါ်ပေါက်တဲ့) Vedic နက္ခတ္တပညာချည်း မဟုတ်ဘူးဆိုတာသိသာနိုင်ပါတယ်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။