တယောက်နဲ့တယောက် နှစ်နာရီလောက်စီပဲခွာမွေးတဲ့ သူငယ်ချင်းသုံးယောက်ရှိခဲ့ပါတယ် သူတို့သုံးယောက်ဟာ မွေးဖွားရာဒေသမတူပေမယ့် မွေးနေ့တူပါတယ် ဘယ်ဟာတွေတူပြီး ဘယ်ဟာတွေကွဲတယ်ဆိုတာ ဆန်းစစ်ကြပါစို့ဗျာ

- မနက်လေးနာရီခွဲမှာ မွေးတဲ့သူက ဆရာဝန်တစ်ယောက် ဖြစ်နေပါတယ် ဗြိစ္တာရာသီ(ပိုးလောက်ရာသီ)မှာ လဂ်တည်ပြီး ပိုးမွှားတွေနဲ့ ပတ်သတ်နေပါတော့တယ် အတော်လည်းအကြွားသန်တဲ့သူပါခင်ဗျာ လဂ်ဘာဝမှာရှိတဲ့ ၆ကြာ(တင့်တယ်ဆင်ယင်မှုကို ပါပ ၈ဟု)မြင်နေလို့ ကပိုကရိုနဲ့ဗျာ ရန်ကုန်သားတာဆိုတယ် ကျွန်တော့်လို တောသားလောက်မှ မသားနားဘူးဗျ ဂြိုလ်လေးလုံးပူးက စီးပွားရေးစုဆောင်းမှုမှာရှိတော့ အမျိုးမျိုး ရှာဖွေစုဆောင်းမယ့်ပုံပါပဲခင်ဗျ သုံးတန့်အိမ်ရှင် ၁၂တန့်ရှိလို့ထင်ပါ့ဗျာ နိုင်ငံခြားမှာ မောင်နှမရင်း ဆရာဝန်တွေရှိသဗျ
- မနက်ခြောက်နာရီခွဲမှာမွေးတဲ့သူက ရူးပေါပေါကောင်ပါပဲ ဂြိုလ်ပူးက လဂ်ဘာဝမှာလေ ဗေဒင်ယောင်ယောင် အင်ဂျင်နီယာယောင်ယောင် တက္ကသိုလ်ဆရာယောင်ယောင် တရားဟောဆရာယောင်ယောင် ဆေးဆရာယောင်ယောင် ရည်းစားဆိုလို့တယောက်မှမရှိ၊ ၆ကြာ ၁၂တန့်ဆိုတော့ ရေတောင် တလတခါချိုးရလောက်အောင် ညစ်ပတ်တဲ့ ပေတီးပေစုတ်ကောင်ဗျ
- မနက်၈နာရီခွဲမှာမွေးတဲ့သူက တက္ကသိုလ်ဆရာတယောက်ပါ အငြင်းသန်သလို အရပ်လည်းပုသဗျ မကာရလဂ်လေဗျာ သိပ်တော့စိတ်သဘောမကောင်းဘူးဗျ ဒါပေမယ့် ၁၂မှာ ဂြိုယ်ပူးရပ်တော့ အရာရာကို ပြောင်းလဲပစ်ဖို့ လွယ်ပါတယ် အခြေနေကောင်းတွေကို အခွင့်ရေးကောင်းတွေကို ဖြုံးပစ်မယ့် စိတ်မျိုးပါဗျာ အခုတော့ နိုင်ငံခြားရောက်နေပါရဲ့ဗျာ ချမ်းသာပေမယ့် မ၀တ်တတ်မစားတတ်ရှာဘူးဗျာ
သူတို့သုံးယောက်မှာ ၂ယောက် က ရက်လေးပဲခြားပြီး နိုင်ငံခြားရောက်ခဲ့ပါတယ် တခြားတယောက်ကိုတော့ အဆက်သွယ်မရလို့ တိတိကျကျ မသိရပါ သုံးယောက်လုံးက ပေတီးပေစုတ်ဆိုတာ သေချာပါတယ်ဗျာ
ဖွားဖက်တော် ဆွေလင်းနှင့် စန်းရွှင်သို့ ငါနဲ့တွေ့မိခဲ့တာ ကံဆိုးတယ်လို့သာ မှတ်ကြပါတော့ ဖွားဖက်တော်တို့ရေ . . .
4 comments:
ကိုပခန်းရေ...
ဇာတာပုံလေးတွေတင်ထာမပြင်ရဘူးဖြစ်နေယတယ်။ လေးထောင့်ကွက်တွေဖြစ်နေလို့ ဘာမှကြည့်လို့မရဘူးဖြစ်နေပါတယ်။
ကိုပခန်းရေ...
ဇာတာပုံလေးတွေက မမြင်ရပဲ လေးထောင့်ကွက်တွေပဲဖြစ်နေပါတယ်။
အဲဒီအကွက်ပေါ်မှာပဲ ကလစ်ချ ကြည့်လိုက်ပါခင်ဗျ။
အေးတဲ့နေရာဆိုရင်တော့ ရေမချိုးတာ ကောင်းတယ်။ ဒါပေမဲ့ မလန်းဘူးပေါ့။ ဟဲဟဲ
Post a Comment
ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။