ဓနယုဂ်များ

ဓနယုဂ်များ စီးပွားဥစ္စာပိုင်ဆိုင်မှုကို ခန့်မှန်းနိုင်ဖို့ သူဌေးဖြစ်စေမယ့် ဓနယုဂ်များကို စုဆောင်းတင်ပြပါမယ်ခင်ဗျာ။ စီးပွားဥစ္စာအတွက် စုဆောင်းမှု ၂ တန့်၊ အမြော်အမြင် ၅ တန့်၊ ၀င်ငွေ ၁၁ တန့် တို့ အသုံးတောင်ခံပြီး ယုဂ်ဖွဲ့စည်းတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

ဘာဝတ္တရတနာကာရကျမ်းအရ
၁) ၂တန့်နှင့် ၅တန့်အိမ်ရှင်ချင်း (သို့) ၂ တန့်နှင့် ၁၁ တန့်တို့ ပရိဝတ္တနပြု (ဆက်သွယ်သမ္ဗန္ဓပြု)ပါက ချမ်းသာပါမယ်။
၂) ၅တေးကသစ်ဟာ ၅တန့်မှာတည်က ချမ်းသာပါမယ်။
၃) ၉တန့်မှာ ကသစ်ဂြိုလ်တည်က ချမ်းသာပါမယ်။
၎) ၂တန့်၊ ၁၁တန့်နှင့် ၁၂ တန့်တို့ ဆက်သွယ်ပါက များစွာမကြွယ်ဝနိုင်ပါ။ (၁၂ တန့်ဟာ လေလွင့်ပျောက်ဆုံးစေတဲ့ သဘာဝကြောင်းဖြစ်ပါလိမ့်မယ်ခင်ဗျ။)
၅) ၂တန့်၊ ၁၁တန့်၊ ၅တန့် နှင့် ၉တန့်တို့ဆက်သွယ်ပါကလည်း ဓနယုဂ်ကိုပေးစွမ်းပါတယ်။
၆) ၅တေးသည် ၂တန့်အိမ်ရှင်နှင့် ၄ဟူးကို ဆက်သွယ်ပါကလည်း ကြွယ်ဝပါမယ်။
၇) ၁၁တန့် ၁တန့်နှင့် ၂တန့်အိမ်ရှင်တို့ မိမိတို့ဘာဝတွင်ရပ်တည်ပါကလည်း ချမ်းသာပါမယ်ခင်ဗျ။
၈) ၂တန့်နှင့် ၁၁တန့်အိမ်ရှင်များ လဂ်တွင်ပူးပါကလည်း ချမ်းသာပါ့မယ်ခင်ဗျာ။
၉) ၂လာသည် ၇တန့်အိမ်ရှင်ဖြစ်ပြီး ၂တန့်၌ရပ်လျှင် ဥစ္စာဆုံးရှုံးပြီးမှ ပြန်ရတတ်ပါတယ်ခင်ဗျာ။
၁၀) ၁၂တန့်ရပ်ဂြိုလ်၏ ကာရကအရ ဇာတာရှင်ကံကောင်းတတ်ပါတယ်။ ထိုကာရကကတော့ပျက်စီးတတ်ပါတယ်။
မှတ်ချက်။ ။ကာရကဆိုတာ တခြားတော့မဟုတ်ပါဘူး။
၁နွေက အဖ၊မင်းစိုးရာဇာ
၂လာက အမိ ၃င်္ဂါက မွေးချင်း၊ဆွေမျိုး
၎ဟူးက အစေအပါး
၅တေးက ဆရာ၊ပညာ
၆ကြာက အိမ်ထောင်ဖက်
ဝနေက ကျေးကျွန်
ဥပမာ ၁၂ တန့်မှာ ၆ကြာရပ်ရင် အိမ်ထောင်ဖက်နဲ့ပတ်သတ်ကံကောင်းတတ်ပါတယ်။ (ဒါကိုလည်း ရှေ့ကပိုစ့်တစ်ခုမှာရေးခဲ့ပါတယ်။ အတန့်တစ်ခုက သူ့နောက်အတန့်တစ်ခုကို ကူညီဖေးမတတ်တဲ့သဘောပါ။ ၁၂တန့်က သူ့နောက် ၁တန့်(လူကို) ကျေးဇူးပြုတဲ့ သဘောပေါ့ဗျာ။)

တခြားကျမ်းမှ အဆိုအမိန့်များကို ဆက်လက်တင်ပြပေးပါမယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။