ရာသီများပေါ်ပေါက်လာပုံ

  • ဒီစာမျက်နှာလေးတွေက ဆရာကြီးမင်းသုဝဏ်ရေးတဲ့ မိုးပေါ်မှာကြယ်တလုံး စာအုပ်က ရယူထားတာ ဖြစ်ပါတယ်ခင်ဗျာ
ဒီ link လေးကနေ download ယူနိုင်ပါတယ်ခင်ဗျာ










  • ရာသီသတ်မှတ်ပုံ
နက္ခတ်ဗေဒင်မှာ နိယာယန သာယနဆိုပြီး စနစ်နှစ်ခု အရှေ့တိုင်းသုံးနဲ့ အနောက်တိုင်းသုံးရယ်လို့ ကွဲပြားပါတယ်
ဧပြီ ၁၃/၁၄ မှာ အီကွေတာပေါ်နေရောက်တယ်ဆိုပြီး နိယာယနက ရာသီတွေကို အဲဒီကစ ၁၂လ ရေတယ်
ကမ္ဘာက၂၃.၅ ဒီဂရီစောင်းတယ်ဆိုပြီး သာယနက နိယာယနရဲ့ ဂြိုလ်ရပ်တည်ရာတွေကို ၂၃.၅ ဒီဂရီပေါင်းလိုက်တယ် အဲဒီလိုပေါင်းတော့ အီကွေတာပေါ်ကို နေက ဧပြီ ၂၁/၂၂ မှာမှ ရောက်ရော အဲဒီက စရေယင်းကနေ အနောက်တိုင်းရာသီဖွားဆိုယင် ၂၁-၂၂ရက်တွေချည်းပဲမြင်နေရတာပါ
မြန်မာမှာ နိယာယနပိုထွန်းကားပါတယ် ကျွန်တော်က နိယာယနကိုပဲလေ့လာဖူးပါတယ် ဒါကိုပဲတင်ပြမှာပါ ဒါ့ကြောင့် ရာသီတွေဟာ လစဉ် ၁၃/၁၄ လောက်မှာ ပြောင်းပါမယ်ခင်ဗျာ
  • ရာသီတစ်ခု၏ အတိုင်းအတာ
ရာသီတစ်ခုဆိုတာ တနှစ်တာရဲ့ ၁၂ ပုံတစ်ပုံကိုခေါ်တာဖြစ်ပြီး နက္ခတ်စက်ဝန်း ၃၆၀’ နဲ့နှိုင်းတော့ ၃၀’အတိုင်းအတာရှိတဲ့ ကောင်းကင် စက်ဝန်းပိုင်းလေးဖြစ်ပါတယ် ဒီစက်ဝန်းပိုင်းလေးဟာ ကြယ်တွေနဲ့တိုင်းတော့ အလှဲ့ကျလင်းတဲ့ ကြယ် ၂၇ စုထဲက ၁၂ပုံ ၁ ပုံ နက္ခတ်စက်ဝန်းကို ၁၀၈ န၀င်းထားယင် ၉ န၀င်း တာယာ ၉ ခုနဲ့ယှဉ်တော့ ၁၂ ပုံတပုံ အတိုင်းအတာရှိပါတယ် ဒီအတိုင်းအတာဟာ နေက တစ်နှစ်လုံးမှာ အရှေ့မှအနောက် တရွေ့ရွေ့ သွားနေလို့ ဖြစ်တာဆိုပေမယ့် တကယ်က တနှစ်မှာ ကမ္ဘာက နေကိုပတ်လို့ပါခင်ဗျ
  • ရာသီတို့ရဲ့သဘာဝ
ရာသီတွေရဲ့သဘာဝက နေကတောင်မြောက်ယိမ်းလို့ဖြစ်လာတာဆိုပေမယ့် တကယ်က ၂၃.၅ ဒီဂရီစောင်းလည်တဲ့ ကမ္ဘာကြောင့်ပါ ဒီသဘာဝတွေကို ဗေဒင်ပေါ်ပေါက်လာပုံနဲ့ ရာသီတွက်ရာ post တွေမှာဖတ်နိုင်ပါတယ် ရာသီရုပ်တွေက ကြယ်တွေပေါင်းပြီးပုံဖေါ်တာပါ
ရာသီသဘာဝတွေကို
  1. ကုန်း၊ရေ နဲ့ ရေသိုလှောင်ခြင်း
  2. စရ ထိရ ဒွေဒဟ သဘာဝ
  3. ကျား မ သဘာဝ
  4. အမျိုးအနွယသဘာဝ
  5. ရှည် လယ်လတ် တို ကောက် သဘာဝ
  6. အရောင်အဆင်း
  7. ခန္ဓာအစိတ်အပိုင်းအရ
  8. လူနေမှုသဘာဝအရ
  9. ဓာတ်သဘာဝအရ အစရှိသဖြင့် များပြားစွာခွဲခြမ်းထားပါတယ် နောက်ပိုင်းအဟောပိုင်းမှာလိုယင် လိုသလို ဖြည့်စွက်တင်ပြသွားပါမယ်ခင်ဗျာ အထက်ပါသဘာဝတွေကို ပုံလေးတွေနဲ့ယှဉ်တွဲလေ့လာကြပါစို့






























ဆက်လက်တင်ပြပါဦးမည်

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။