အိမ်ထောင်ရေး အဟောများ (၂)

နမူနာဇာတာဖွဲ့ပုံကို ဒီလင့်မှာ ဖတ်လို့ရပါတယ်ခင်ဗျ။ ပရိုဂရမ်လေးကိုလည်း ထပ်တင်လိုက်ပါတယ်။ ဒီလင့်မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျ။ လွယ်လွယ်ကူကူ မပင်မပန်းဖွဲ့ချင်ရင်တော့ ဒီလင့်ကို သွားပါခင်ဗျာ။ မြန်မာမြို့များအတွက် တည်နေရာကိုလည်း အဆင်သင့် ပြုစုထားပြီးသားမို့ပါ။

ဇာတာအတွက် data တွေကတော့
Birth Date = 23/ 9/1983 Birth Time = 2:20: 0
Town = Ahlone,Yangon Longitude = 96° 8' 0"E Latitude = 16°47' 0"N
Time Zone = UT+6.5 (Myanmar Standard Time)

လောလေဆယ်မှာတော့ ဇာတာထဲက ရာသီစက်ကို ယူသုံးပါဦးမယ်ခင်ဗျ။

အတန့်ဆိုတာက la ဆိုတာလေးကစပြီး လက်ဝဲရစ်ရေပါတယ်။ ပန်းရောင်နဲ့ ပြထားပါတယ်။ ရာသီကတော့ အနီရောင်နဲ့ပြထားပါတယ်။ သူကတော့ ပုံသေဖြစ်ပါတယ်။ သူနဲ့အတူပဲ မိဿရာသီကို (၃) အင်္ဂါပိုင်ပါတယ်။ အိမ်ပိုင်ဂြိုလ်တွေကိုတော့ အပြာရောင်နဲ့ လက်သည်းကွင်းပိတ်ပြထားပါတယ်ခင်ဗျာ။

အပေါ်က စာမျက်နှာအရ
၇ တန့်ဘာဝသည် မကာရ။
၇ တန့်ဘာဝသခင်ဂြိုလ်သည် (၀) စနေဂြိုလ်။
၇ တန့်ဘာဝတွင်ရပ်တည်သောဂြိုလ်မရှိ။
၇ တန့်ဘာဝကို ကာရက(အကျိုးပြုသော၊ စပ်ဆက်သော) ၆ ကြာဂြိုလ်။ ၄င်းတို့ကို ဦးစားပေးကြည့်ရှုရမယ်လို့ ဖေါ်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။