ဘာဝစက်ပေါ်ပေါက်လာပုံ

  • နေထွက်အရာအရပ်ကို လဂ် တည်ရာနေရာအဖြစ် သတ်မှတ်ပုံကို ရေးခဲ့ပါတယ် ဘာဝစက်က ပရိယာယ်သတ်မှတ်ပုံကို ဆက်လက်ဖေါ်ပြပါမယ်ခင်ဗျာ



ဘာဝသတ်မှတ်ကိန်းဆင်ပုံများ ဘာဝအတန့်တစ်ခုကို ၄င်း၏


  • ၁၂တန့်က ဖျက်ဆီးတတ်၏
(ခန္ဓာကိုယ်က စုဆောင်းထားသမျှဖြုန်း၏ (အစုဆောင်းများက ၀ီရိယနည်းတတ်၏ (စွန့်စားခြင်းက စည်းစိမ်ကိုဖျက်တတ်၏ (စည်းစိမ်ဥစ္စာက ပညာသင်ကြားမှုကိုဖျက်တတ်၏ (ပညာသင်ကြားမှုက ရန်သူကိုဖျက်တတ်၏ (ရန်ဘက်က အိမ်ထောင်မှုဘ၀ကိုဖျက်တတ်၏ (အိမ်ထောင်ဖက်က မိမိအားမသေစေလိုပါ (သေဆုံးခြင်းက အရည်အချင်းကိုဖျက်၏ (အရည်အချင်းက ၀တ်စားဆင်ယင်တည်မြဲခြင်းကိုပြောင်း၏ (ပတ်ဝန်းကျင်က သိက္ခာစည်းကမ်းကိုဖျက်၏ (စည်းကမ်းက သုံးစွဲကုန်ကျခြင်းကိုဖျက်ဆီး၏ (သုံးစွဲကုန်ကျခြင်းက ခန္ဓာကိုယ်အားနှိပ်စက်၏

  • ဘာဝအတန့်တစ်ခုကို ၄င်း၏
၂တန့်ကဖေါ်ပြ၏

(ဦးနှောက်ခန္ဓာအရည်အသွေးကို စုဆောင်းထားသမျှကဖေါ်ပြ၏
(စုဆောင်းမှုကို ၀ီရိယကပြ၏
(၀ီရိယကို စည်းစိမ်ဥစ္စာကပြ၏
(စည်းစိမ်ဥစ္စာကို တတ်သိလိမ္မာသင်ကြားမှုကဖေါ်ပြ၏
(အတွေ့အကြုံကို အတိုက်အခံကဖေါ်ပြ၏
(အတိုက်အခံအနည်းအများကို ချစ်ခင်သူအနည်းအများကဖေါ်ပြ၏
(ချစ်ခင်သူများကို ခွဲခွါချိန်၌သာတွေ့ရတတ်၏
(သေဆုံးခြင်းခွဲခွာခြင်းကို အသွင်ပြောင်းတာကြည့်၍သိနိုင်၏
(ပြောင်းလဲသမျှကို ပတ်ဝန်းကျင်၌ပြ၏
(ပတ်ဝန်းကျင်၏အရည်အချင်းကို စည်းကမ်းသိက္ခာကပြ၏
(စည်းကမ်းသိက္ခာကို သုံးစွဲလှုဒါန်းမှုကပြ၏
(သုံးစွဲလှုဒါန်းမှုကို ခန္ဓာဦးနှောက်ကပြဌာန်း၏ ဘာဝအတန့်တစ်ခုကို ၄င်း၏
  • ၃တန့်ကကြီးပွားတိုးတက်စေ

(ခန္ဓာကိုယ်မှတ်ဉာဏ်ကို စည်းကမ်းကတိုးတက်စေ၏

(လှူဒါန်းမှုက စုဆောင်းမှုကိုတိုးတက်စေ၏
(လေ့ကျင့်မှုကို ခန္ဓာကိုယ်ကတိုးတက်စေ၏
(စည်းစိမ်ဥစ္စာကို စုဆောင်းမှုကတိုးတက်စေ၏
(အတွေ့အကြုံပညာသင်မှုကို လေ့ကျင့်မှုကတိုးတက်စေ၏
(ရန်ဘက်ကို စည်းစိမ်ကတိုးစေ၏
(အိမ်ထောင်ဖက်ချစ်ခင်သူများကို အတွေ့အကြုံပညာသင်မှုကတိုးစေ၏
(သေဆုံးခြင်းကို ရန်ဘက်ကတိုးစေ၏
(အသွင်ပြောင်းခြင်းကို အိမ်ထောင်ဖက်ကတိုးစေ၏
(၀တ်စားဆင်ယင်မှုကို သေဆုံးခွဲခွာစွန့်ပယ်ခြင်းကတိုးတက်သိသာစေ၏
(စည်းကမ်းသိက္ခာကို အသွင်ပြောင်းခြင်းကတိုးတက်စေ၏
(သုံးစားပေးကမ်းခြင်းကို ပတ်ဝန်းကျင်က(ဖြည့်ဆည်း)တိုးစေ၏
အစရှိသဖြင့်ပေါ့ဗျာ အနှစ်ချုပ်လိုက်ယင် ဘာဝတစ်ခုကို သူ့ရဲ့

  • ၁၂တန့်က ဖျက်တယ်
  • ၂တန့်က (ဦဆောင်)ဖေါ်ပြတယ်
  • ၃တန့်က တိုးတက်ကြီးပွားစေတယ်
  • ၄တန့်က ဟန့်တား(ဖင့်နွဲ့)စေတယ်
  • ၅တန့်က အမြင်ကျယ်စေ(သိစေ)တယ်
  • ၆တန့်က နိုင်လျှင်နှိပ်စက် ရှုံးလျှင် ခယလုပ်ကျွေးတတ်တယ်
  • ၇တန့်က သင့်လျှင်အကောင်းဆုံးဖြစ်၍ မသင့်ကပျက်စီးသည့်တိုင်နှိပ်စက်တတ်တယ်
  • ၈တန့်က လမ်းဆုံးပို့၍ ပြီးမြောက်စေတတ်တယ်
  • ၉တန့်က အရည်အချင်းတိုးစေခြင်း အသွင်ပြောင်းစေခြင်းတို့ပြုမူတတ်တယ်
  • ၁၀တန့်က အခြေအနေကိုပြောင်းစေပါတယ်
  • ၁၁တန့်က ထိန်းချုပ်ပြုပြင်ကွပ်ကဲတတ်ပါတယ်

ဘာဝပရိယာယ်များကို ဆက်လက်တင်ပြပါမည် . . .

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။