အာကာသသျှတ္တရ နှင့် အိန္ဒိယနက္ခတ္တ (၅)

ဇာတာခွင်များ


မှတ်ချက်။   ။ ဒီပုံကတော့ ဇာတာတစ်ခုရဲ့ ပုံဖြစ်ဟန်ရှိပါတယ်။ Su သည် ၁နွေ၊ Mo သည် ၂လာ၊ Ma သည် ၃င်္ဂါ၊ Me သည် ၄ဟူး၊ Ju သည် ၅တေး၊ Ve သည် ၆ကြာ၊ Sa သည် ၀နေ၊ Ra သည် ၈ဟု၊ Ke သည် ၉ကိတ်၊ As သည် လဂ် ဖြစ်မယ်ထင်ပါတယ်။ ယာဘက်ပုံမှာတော့ လဂ်ကို အပေါ်တည့်တည့် ပြန်ထားလိုက်ခြင်းဖြစ်မည် ထင်ပါသည်။



မှတ်ချက်။   ။ ဒီပုံမှာတော့ ကမ္ဘာကနေပြီး ဂြိုဟ်တွေကို ကြည့်လိုက်ရင် နောက်ခံ ကြယ်စက်ဝန်းကြီးနဲ့ နှိုင်းယှဉ်ပြီးတော့ ၅တေးက ပြိဿရာသီမှာ၊ ၆ကြာကတော့ မေထုန်ရာသီမှာ၊ ၀နေကတော့ တူရာသီမှာ၊ ၄ဟူးဂြိုလ်ကတော့ ဗြိစ္ဆာရာသီမှာ၊ ၁နွေကတော့ ကုမ်ရာသီမှာ၊ ၂ လာနဲ့ အင်္ဂါကတော့ မိန်ရာသီမှာ စသည်ဖြင့် ဖြစ်ပါတယ်။ ဒီဂြိုဟ်ရပ်ဟာ နမူနာအလိုအရ ပြထားဟန်ရှိသော်လည်း အမှန်တကယ် ဤသို့ရှိမနေနိုင်ပါ။ အဘယ်ကြောင့်ဆိုသော ၁၄၆ တို့သည် တစ်ခုနှင့်တစ်ခု အများဆုံး ၁ ရာသီခြားသာ အမြဲကွာဝေးတတ်သောကြောင့်ဖြစ်ပါသည်။


မှတ်ချက်။   ။ ဒီပုံကတော့ စကြ၀ဌာတစ်ခုလုံးကို ကြည့်ထားဟန်ပါ။ ဂြိုလ်တွေဟာ အီကွေတာနဲ့အပြိုင် နေကိုလှည့်ပတ်ဟန်ရှိပြီး၊ရာသီစက်ဝန်းကြယ်တွေဟာလည်း ဂြိုလ်တွေနောက်မှာတည်လျှက်ပါ။ ၀န်ရိုးစွန်းဒေသ ကြယ်များဟာ တသမတ်တည်းလိုလို ချာရစ်တည်နေနိုင်သော်လည်း၊ အီကွေတာဒေသမှာတော့ ရာသီစက်ဝန်းကြယ်စုတွေကို အစဉ်လိုက်မြင်နေရမှာဖြစ်ပါတယ်။ ဒီပုံရဲ့ ဆိုလိုရင်းကတော့ အီကွေတာဝန်းကျင်တစ်လျှောက်သာ ပတ်သတ်တယ်လို့ ဆိုလိုဟန်ရှိပါတယ်။



မှတ်ချက်။   ။ ဒီပုံမှာတော့ လူတစ်ယောက် (အီကွေတာဝန်းကျင်မှာ) မတ်တပ်ရပ်နေမယ်ဆိုရင် အရှေ့မှ ခေါင်းထိပ် (Zenth) အနောက် အောက်မှသည် အရှေ့တိုင် စက်ဝန်းတစ်ပတ်စာ တည်နေမယ့် ဂြိုလ်တွေရဲ့ နမူနာဖြစ်ပါတယ်။


မှတ်ချက်။   ။ ဒါကတော့ သူ့အထက်က ပုံကို ဇယားနဲ့ဆွဲလိုက်ရင် မြင်ရမယ့်ပုံဖြစ်မယ်ထင်ပါတယ်။


မှတ်ချက်။   ။ အရှေ့အရပ်ရာသီဟာ 1st Bhava လဂ်ဘာဝဖြစ်လာပြီး အောက်အရပ်ဟာ 4th Bhava ဖြစ်ပါမယ်။ အနောက်အရပ်က 7th Bhava ဖြစ်ပြီး အထက် Zenth ကတော့ 10th Bhava ၁၀ တန့်ဘာဝတို့ဖြစ်ပါမယ်။ အပေါ်ကပုံမှာ ညာဘက်အလယ်နေရာက 10th Bhava မဖြစ်နိုင်ပါ။ 4th Bhava ဖြစ်မည်။ မွေးဖွားစဉ်အချိန်တွင် အရှေ့နေထွက်ရာအရပ်သည် ၁ တန့် ထို့နောက် သန်းခေါင်အရပ်သည် ၄ တန့်၊ နေ၀င်အရပ်သည် ၇ တန့် ၊ မွန်းတည့်အရပ်သည် ၁၀ တန့်ဟူ၍ မှတ်သားဖူးပါသည်။ ဂြိုလ်များသည် အရှေ့မှ အနောက်သို့သွားကာ ကမ္ဘာသည် အနောက်မှ အရှေ့သို့သွား၏။ ဇာတာခွင်သည် ဂြိုလ်များနှင် ဆန့်ကျင်တာကြောင့် အနောက်မှ အရှေ့သို့သွားသောကြောင့် သန်းခေါင်အရပ်ကို အရင်ရောက်ခြင်းဖြစ်သည်။


မှတ်ချက်။  ။ ဒီပုံကတော့ အိန္ဒိယတောင်ပိုင်း ဇာတာတွင်း ယာရစ် ရာသီသတ်မှတ်ပုံ ဖြစ်ပါတယ်။ မြန်မာမှာတော့ လက်ဝဲရစ်ပါ။


မှတ်ချက်။  ။ ဒီပုံကတော့ လဂ်ကို အပေါ်ဆုံးမှာ ထားဆွဲပြတာဖြစ်ပါတယ်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။