လေ့လာသူမျှသာ

  • ဗေဒင်ဆိုယင် ယတြာကိုပြေးမြင်တတ်ကြပါတယ်။ ကိုယ်တိုင်လည်းယကြာမချေ သူများလည်းယကြာမပေး ဗေဒင်ကို စဉ်စားလို့ကောင်းလို့ စဉ်းစား သုတေသနပြုနေသူများလည်း ရှိပါသေးတယ်ဗျာ။ (နောက်ပိုင်းမှာတော့ ယတြာပညာကို သင်ယူဖြစ်ခဲ့ပါတယ်။ ဗေဒင်ဟောမယ်ဆို ကင်းလို့ မဖြစ်တာကြောင့်ဖြစ်ပါတယ်ခင်ဗျ။)
  • ကိုယ့်မွေးရာဒေသမှာထွန်းကားနေတဲ့ ပညာရပ်တစ်ခုကို ရှင်သန်စေလိုတဲ့ စေတနာသက်သက်နဲ့ အချိန်တွေကုန်ခံပြီး ပြုစုပေးနေသူတစ်ယောက်ကို မျှဝေပေးသောအားဖြင့်...
  • မလေ့လာမစောကြောပဲ လေ့လာစောကြောနေသူတွေကို လူတွေကို လိမ်ဖို့ ကြိုးစားနေတယ်လို့ မထင်ကြပါနဲ့ဗျာ။ ဟုတ်လေမလားစူစမ်းတာပါ မဟုတ်တော့လည်းနေပေါ့ဗျာ။ စဉ်းစားဖြစ်တာအမြတ်ပဲပေါ့။
  • ပညာရပ်ကို ဝေမျှပေးသော ဆရာများအားကျေးဇူးဆပ်သောအားဖြင့် ဤဘလော့ကိုရေးပါတယ်။ စုတုပြုသဘောမှသည် တွေးတောတင်ပြသွားလိုပါတယ် လက်ရှိမှာတော့ စိတ်ဝင်စားယုံမှတပါး ဗေဒင်အား မည်သို့မျှ သုံးသပ်ကဲဖြတ်လိုခြင်း ဆန္ဒအလျှင်းမရှိပါ။
မတတ်အပ်တဲ့ပညာဟူ၍ မရှိပါလို့ ခံယူထားပြီး
ဘယ်ပညာရပ်မဆို မစော်ကားဖို့စောင့်စည်းလျှက်
  • ကိုပခန်း(၂၆.၁၁.၂၀၀၈)
  • အားပေးမှုကိုကျေးဇူးတင်ပါသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။