အာကာသသျှတ္တရ နှင့် အိန္ဒိယနက္ခတ္တ (၁)

နက္ခတ်ဗေဒင်ပညာသည် သိပ္ပံဘာသာရပ်တစ်ခုလော?
REF:
Title:Indian Astrology
Description:
Brihat Jaatakam lists the twelve signs of Zodiac (Rasi) ... years) has gradually shifted which sign of the Zodiac the sun is in each month. ...
http://www.powershow.com/view/ddb9-MDc0Z/Indian_Astrology

ကမ္ဘာဦးကာလ ကနဦးလူ့အဖွဲ့အစည်းမှာ နှစ်စဉ်စိုက်ပျိုးရေးအစပြုဖို့ နေမင်းကြီးအရေးကြီးပုံမှသည် နေနဲ့လတို့ အခန်းကဏ္ဍမှစတည်၍ နက္ခတ်ဗေဒင်ပညာ စတင်ပေါ်ပေါက်လာဟန်ရှိပါတယ်။ ဂြိုဟ်နဲ့ကြယ်များရဲ့ ပုံမှန်လည်ပတ်မှုများလည်း လေ့လာခဲ့ပြီး အသေအချာမှတ်သားလာခဲ့ဟန်ရှိပါတယ်။

နတ္ခတ်ဗေဒင်ပညာရဲ့အစ
လူသားတွေဟာ -
ပုံမှန်ဆိုသလို ပေါ်လိုက်ပျောက်လိုက်ဖြစ်လိုက်ပျက်လိုက်ဖြစ်နေတဲ့ နေ့နဲ့ညတွေနဲ့ နေရဲ့ ထင်ရှားတဲ့ ဆက်သွယ်မှု၊ ပြည့်လို့ကွယ်လိုက် ဆန်းလိုက်ဆုပ်လိုက် ဖြစ်နေတဲ့ လမင်း၊ မပြောင်းလဲဘဲ အမြဲပုံသေဖြစ်နေတဲ့ ကြယ်စက်ဝန်းကြီး စတာတွေအပေါ်မှာ စိတ်ဝင်တစားနဲ့ အသေအချာလေ့လာ ကောက်ချက်ချခဲ့ကြပါတယ်။
လူမျိုးစုတိုင်းလိုလို အာကာသသျှတ္တရနဲ့ ပတ်သတ်လို့ တစ်စုံတစ်ခုဆိုသလို ကောက်ချက်ကိုယ်စီပိုင်ဆိုင်ကြမှာ မလွဲပါဘူး။

အမဲလိုက်ရာသီဟာ ညကာလကောင်းကင်ယံနဲ့အတူ လိုက်လံပြောင်းလဲတာကို ကမ္ဘာဦး လူ့အဖွဲ့အစည်းက သတိပြုမိခဲ့ပါတယ်။ တိရစ္ဆာန်တွေ၊ ငှက်တွေဟာ ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ မကြာမီမှာပဲ အတည်တကျစိုက်ပျိုးနေထိုင်မှုတွေ စလာပါတယ်။ မျိုးကြဲတာတွေ အခြားလုပ်ငန်းဆောင်တာတွေဟာ မုတ်သုန်ပြောင်းလဲမှုနဲ့ ရာသီဥတုအပေါ်မှာ မှီခိုလာကြတော့ပါတယ်။ ရှိပြီးသားကြယ်စုလေးတွေအစလိုက်အပြုံလိုက်ပြောင်းရင်း ရာသီဥတုတွေလည်း တစ်ခုပြီးတစ်ခုရောက်လာကြပါတော့တယ်။

အီဂျစ်ပြည်အောက်ပိုင်း နိုင်းမြစ်ရေလျှံမှုဟာ Sirius ကြယ်ရဲ့ အတောက်အပ အထွက်အပေါ်ပေါ်မျာ ဆက်စပ်မှုရှိတယ်လို့ သတိထားမိကြပါတယ်။

မှတ်ချက်။ ။Sirius ကြယ်ဟာ ကမ္ဘာကနေ အလင်းနှစ် ၈.၆ ခန့်ဝေးပြီး အတောက်ပဆုံးကြယ်ဖြစ်ပါတယ်။ ဒီကြယ်ကြီးဟာ နေနဲ့အတူ ပေါ်ထွက်၊ နေနဲ့အတူ ၀င်တဲ့နှစ်ဟာ အပူပြင်းဆုံးနှစ်ဖြစ်တတ်ပါသတဲ့ခင်ဗျ။ အသေးစိတ်ကို ဒီမှာဖတ်ပါခင်ဗျာ။
REF: http://www.glyphweb.com/esky/stars/sirius.html

သေးသေးဝန်းဝန်း စက်ဝန်းအရွယ်သာရှိတဲ့ နေမင်းဆိုတာကက တစ်ကမ္ဘာလုံးကို တောက်ပစေတာ ပူစေတာ၊ တခြားစက်ဝန်းဖြစ်တဲ့ လမင်းက ဒီရေတက်စေတာ၊ ကြယ်စက်ဝန်းကိုဖြတ်လို့ ဂြိုဟ်တွေ အနောက်ကအရှေ့ကို ဖြတ်သန်းသွားကြတာ၊ သွားနေရာကနေ တစ်ရက်လောက်ရပ်တာ ပြောင်းပြန်သွားကြတာစတဲ့ အရာတွေဟာ သဘာဝအားဖြင့်တော့ လူတွေကို အယူသီးမှုတွေဖြစ်စေမှာပါပဲ။
ဒီအာကာသတွင်းအရာတွေမှာ သဘာဝစွမ်းအားကြီးတွေရှိနေကြမယ်လို့ ရှေးလူတွေယူဆခဲ့ကြပါတယ်။ သို့သော်လည်း အဲဒီနေ့ အဲဒီအချိန်တုန်းက ဒီဂြိုဟ်သွားဂြိုဟ်လာတွေဟာ လူတစ်ယောက် အနာဂတ်ကို ကြိုပြောနိုင်မယ်လို့တော့ ဘယ်သူမှ တွေးခဲ့ကြဟန်မတူပါဘူး။

Vedic period (2000BC)

မှတ်ချက်။ ။ထိုခေတ်အခါက အိန္ဒိယမြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်း မြို့ပြလူနေမှုစနစ်နဲ့ ခေတ်တစ်ခုရဲ့ နာမည်လို့ ယူဆပါတယ်ခင်ဗျ။ ဒီမှာအသေးစိတ်ဖတ်နိုင်ပါတယ်။ http://en.wikipedia.org/wiki/Vedic_period

BC 2000 ခန့်က ပေါ်ထွန်းခဲ့တဲ့ vedic literature မှာ့ ကျွန်တော်တို့သုံးနေတဲ့ နက္ခတ်ဗေဒင်နဲ့ အတော်ကြီးကွဲလွဲတဲ့ ဗေဒင်စနစ်ရှိနေပါတယ်။ ယနေ့နက္ခတ္တမှာ မရှိမဖြစ်အရေးပါတဲ့ ရာသီအယူအဆနဲ့တူတာ မပါရှိခဲ့ပါ။
ရှေးခေတ်အိန္ဒိယနက္ခတ္တဟာ နက္ခတ်သဘောတွေ တီထိသဘောတွေသာသုံးပြီး၊ ရာသီသဘောကို မသုံးတာတွေ့ရပါတယ်။

မှတ်ချက်။ ။ရာသီဆိုတာ ကောင်းကင်ကို ၁၂ စိတ်ပြီး လူတွေကို ၁၂ မျိုးဟောတာဖြစ်ပါတယ်။ နက္ခတ်ကတော့ ကောင်းကင်ကို ၂၇ စိတ်စိတ်တာကြောင့် ချဉ်းကပ်ပုံ ပိုမိုနီးကပ်ဟန်ရှိပါတယ်။ ရွှေမန်းတင်မောင်ရဲ့ ဖွားတော်မူခန်း အသံသွင်းခွေမှာတော့ ၀ိသာခါနက္ခတ်နှင့် စန်းမြတ်ယှဉ်သောအခိုက်ရယ်လို့ ကြားဖူးပါတယ်။ ဘယ်ရာသီရယ်လို့ မပါပါ။ တီတိကတော့ တစ်လတွင်းမှာ အစိတ်သုံးဆယ်ခွဲတာပါ။ တစ်လမှာ ၃၀ တီထိ ရှိလို့ ၁ တီထိဟာ ၁ ရက်နဲ့ညီတယ်ထင်ရပေမယ့်။ တကယ်က အရမ်းကွဲပြားပါတယ်။ တစ်လမှာ ရက်ပေါင်း ၂၉ ရက်ခွဲမှ ရှိပေမယ့်။ တီထိကတော့ တစ်လကို သုံးဆယ်အတိအကျစိတ်ထားတာပါ။ နေနဲ့လတည်ရာနေရာကို ဒီဂရီဖွဲ့ပြီးအတိအကျခွဲတဲ့သဘောပါ။ နေရော လရော မိမိလည်နှုန်းနဲ့မိမိ ရွေ့နေတာကို ပြိုင်တူတွက်ခွဲရတာ မလွယ်လှပါ။ ရှေးလူတွေ ဘယ်လိုဦးနှောက်နဲ့ ခွဲခဲ့ကြလည်းတော့ မတွေးတတ်ပါ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။