ဒသာနှင့်ဇာတာတို့၏ ဆက်စပ်မှု

ဒီပို့စ်လေးကတော့ ဒသာစနစ်တစ်ခုမှာ ခွဲခြမ်းစွက်ဖက်ညွှန်းဆိုသွားတဲ့ ဂြိုဟ်တစ်လုံးရဲ့ ကဏ္ဍကို မှတ်တမ်းပြုလိုလို့ ဖြစ်ပါတယ်ခင်ဗျ။

နာမည်အကြီးဆုံး ဒသာစနစ်ဖြစ်တဲ့ ၀ိသောတ္တရီဒသာစနစ်က အများသိတဲ့ သောမဂြိုဟ် ဗုဒ္ဓဟူးရဲ့ ပြတ္တန္တရဒသာမှာ မကောင်းကျိုးသာ ဖြစ်ပွားခဲ့ကြောင်းထောက်ပြလိုလို့ဖြစ်ပါတယ်။

ဒသာများကို ဝေဖန်ရာမှာ ကျွန်တော်လေ့လာမိသလောက် တစ်မျိုးမက ၀ိဝါဒကွဲပါတယ်။
(၁) ဂြိုဟ်တစ်လုံးပေါ် တစ်လုံးဆင့် အကျိုးအပြစ်ကို ကြည့်ကြပါတယ်။
(၂) ဆိုင်ရာစနစ်အရ သီးသန့်အသုံးပြုကြပါတယ်။
(၃) မူလဇာတာအရ ယှဉ်ဟောကြပါတယ်။
(၄) ကောဇာအရလည်း ယှဉ်ထိုးဆုံးဖြတ်ကြပါတယ်။

(၁) ဂြိုဟ်တစ်လုံးပေါ် တစ်လုံးဆင့် ဝေဖန်ခြင်း

ဒီစနစ်ကို ဒီလို ခေါင်းစဉ်မတပ်ထားပေမယ့် ဒီလင့်မှာ ဖေါ်ပြခဲ့ပြီးပါပြီခင်ဗျ။ http://astro.technohalo.com/2008/11/blog-post_2889.html
ဥပမာ။  ။ ဒသာ အန္တရဒသာတို့ ဖေါ်ပြရာတွင် ဒသာxအန္တရဒသာ ပုံစဖြင့်ဖေါ်ပြလေ့ရှိသည်။
၃x၅=မိသားစုမှာအရောက်၍ မိသားစုက၀ိုင်းချစ်နေမည် လှူဒါန်းဖြစ်မည် ပညာကြောင့်ချမ်းသာမည်။ (ဆိုလိုသည် ၃ င်္ဂါ ဒသာကာလတွင် ၅ တေး အန္တရဒသာစီးပါက အထက်ပါအကျိုးများဖြစ်ပွားမည်ဟု ဆိုလိုပါသည်။)
၅x၃=ဦးခေါင်း မျက်စိ အစာအိမ်များဒုက္ခပေးမည် အစစအရာရာ အဆင်မပြေပေ။

အထက်ပါ အဟောနှစ်ခုတွင် ၃x၅ နှင့် ၅x၃ တို့ မတူကြောင်းတွေ့ရမည်။ ၄င်းတွင် ဒသာအခွဲ(အငယ် အန္တရ)သည် ဒသာအကြီး(မူလဒသာထက်)ပိုအားပြင်းသည်ဟူသော အယူအဆကို သုံးထားဟန်ရှိသည်။ 

၃x၅ ဆိုသောကြောင့် လှူဒါန်းမှု ပညာစသည့် ကြာသာပတေးသဘာဝများကို အရေးထားဖေါ်ပြထားသည် ကိုတွေ့ရသည်။

၅x၃ တွင်လည်း မျက်စိ နှင့် ဒုက္ခပေးခြင်း စသည့် အင်္ဂါ၏ ပါပ သဘာဝကို အရေးထား ယူဆသည်ကို တွေ့ရပါသည်။



(၂) ဆိုင်ရာစနစ်အရ ဝေဖန်ခြင်း

ဤတွင် ဒသာစနစ်အမျိုးမျိုးမသိသဖြင့် အများသုံးသော ၀ိသောတ္တရီကိုသာ ဖေါ်ပြလိုပါသည်။ ထိုစနစ်အကြောင်းကို "၀ိသောတ္တရီဒသာစနစ်" အမည်ဖြင့် ဆရာကြီး ဒေါက်တာကံညွန့်က ရေးသားထုတ်ဝေဖူးသည်။ ၀ိသောတ္တရီစနစ်မှ ဂြိုဟ်ဆိုး ဂြိုဟ်ကောင်းသတ်မှတ်ပုံ ဂြိုဟ်နှစ်လုံးတွဲယူဆပုံများ ဖေါ်ပြထားပါသည်။
ဥပမာ။ ။ ၁ ၅ ၉ တန့်အိမ်ရှင် တြိဂေါဏသခင်ဂြိုဟ်များသည် ဂြိုဟ်ကောင်း၊ ၃ ၆ ၁၁ တန့် တြိဆဌီသခင်ဂြိုဟ်များသည် ဂြိုဟ်ဆိုး စသည်ဖြင့်ဖြစ်ပါသည်။

သတ်တတ်သော မရက ဂြိုဟ်များအကြောင်းနှင် လဂ်တစ်ခုချင်းစီအတွက် အဆိုးအကောင်းကို ဝေဖန်ထားသည်။

ဥပမာ။  ။ ကန်လဂ်အတွက် (ဇာတာတွင်မည်သို့ ရပ်တည်ပါစေ) ၃ ၅ ၂ ဂြိုဟ်တို့သည်ဆိုးသည်။ ၆ ကြာသည်ကောင်းသည်။ ၆ ကြာနှင် ၄ ဟူးတို့ ဆက်သွယ်ပါက အကျိုးကျေးဇူးကြီးမားလိမ့်မည်။ ၃ င်္ဂါ ၁ နွေ နှင့် ၀ နေ တို့သည် ဇာတာရှင်အား သတ်တတ်သော မာရက ဂြိုဟ်များဖြစ်သည်။ ၅ တေး နှင့် ၀ နေ အတွဲသည်လည်းကောင်း၊ ၅ တေးနှင့် ၀ နေအတွဲသည် လည်းကောင်း အကျိုးပေးမကောင်းသော ဆက်သွယ်မှုဖြစ်သည်။ ၄ နှင့် ၆၊ ၄ နှင့် ၀ သာ အကျိုးထိရောက်သော အတွဲ စသည်ဖြင့် အဖြေများထုတ်ပေးပါသည်။

မှတ်ချက်။   ။ နောင်တွင် လဂ်အားလုံးအတွက်နှင့် ထိုစာအုပ်မှ မှတ်စုများ ဘလော့တွင် တင်ပေးပါဦးမည်။

(၃) မူလဇာတာအရ ယှဉ်ဟောခြင်း

ဒီနည်းကတော့ ဘယ်လို ဒသာနဲ့ စိတ်ထားထား မကင်းသင့်တဲ့ နည်းဖြစ်ပါတယ်။ ဒသာကိုစိတ် ဒီအတိုင်းဟောပါက လူတိုင်းသည် အချိန်ရှေ့နောက်ကွာတာမှအပ အကျိုးပေးတူသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းခြင်းသည် မည်သို့စိတ်ပါစေ ဇာတာတစ်ဆောင်ခြင်း၏ ဂြိုဟ်နေသည် ဒသာကာလတို့ကို အဖိအဖော့လုပ်မည်ဟာဖြစ်ပါသည်။

(၄) ကောဇာအရ ဆုံးဖြတ်ခြင်း

ဘယ်ဒသာစနစ်ကိုမဆို ကောဇာဂြိုဟ်နေကို သုံးဖို့ ဒသာစာပိုဒ်၊ စာအုပ်များမှာ ထည့်သွင်းရေးသားကြပါတယ်။ ဒသာချည်းသာ သုံးပါကလည်း မူလဇာတာမှ အချက်အနည်းငယ်သာ ယူသောကြောင့် ယေဘုယျကျမည်။ ထိုသို့နည်းများကို နှစ်စဉ် ၁၂ ရာသီဖွားဟောကိန်းများအတွက် သုံးသည်။ အနောက်တိုင်းစနစ်အရ ဘယ်လ ၂၀ ရက်မှ ဘယ်လ ၂၁ စသည်ဖြင့် သာယနစနစ်အရ တနင်္ဂနွေဂြိုဟ်ပြောင်းသော ကာလကို မူတည်တွက်ကြသည်။ ဇာတာမှ တနင်္ဂနွေရပ်ရာ ရာသီကိုသာ ကောက်ယူဟောခြင်းဖြစ်သည်။

အရှေ့တိုင်းသုံး နိယာယနစနစ်ဖြင့် ၁၂ ရာသီဟောကိန်းများ မထုတ်ကြ မဖြန့်ကြသည်မှာ အရှေ့တိုင်းနက္ခတ်ဗေဒင်အတွက် ကွက်လပ်တစ်ခုဟု မြင်မိပါသည်။


ဇာတာတစ်ဆောင်ကို ဆုံးဖြတ်ရာတွင် အတန့်တို့ ရေတွက်ကြသည်။ အတန့်ရေတွက်ရာတွင် လဂ် မှ ရေတွက်ကြသလို စန်းခေါ် (တနင်္လာဂြိုဟ်)မှလည်း ရေတွက်ကြသည်။ တနင်္ဂနွေမှလည်း ရေးတွက်ကြသည်။ အားကြီးရာမှ ရေတွက်ရမည်ဟု သတ်မှတ်ကြသည်။ တနင်္ဂနွေသည် နေ့အချိန်မွေးသူများအတွက် အားရှိမည်။ မိမိပိုင်ရာသီ န၀င်းစီးက အင်အားကောင်းမည်။ တနင်္လာသည်လည်း မိမိပိုင်ရာသီစသည်တို့တွင်အားရှိမည်။ ထိုသို့အားကောင်းမကောင်းကို http://astro.technohalo.com/2009/03/blog-post_28.html တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

လဂ် စန်း တနင်္ဂနွေတို့ပူးသော ( တနည်းအားဖြင့် ၁ ၂ လ တစ်ရာသီတည်းပူးသော) ဇာတာရှင်တို့အတွက် ခေါင်းရှုပ်စရာမလိုပေ။ ဘယ်ကရေရေ အတူတူသာဖြစ်မည်။

ယေဘူယျအားဖြင့်မူ လဂ်မှသာ ရေတွက်ကြမည်ဖြစ်သောကြောင့် လစဉ် လဂ်အဟောများကို ကြိုးစားတင်ဆက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ကောဇာမှသာ ကြည့်မည်ဖြစ်သောကြောင့် ထိုအဟောတို့သည်လည်း ယေဘုယျသာဖြစ်မည်ဖြစ်သည်။

နမူနာဇာတာတစ်စောင်ဖြင့် ချဉ်းကပ်ခြင်း

ယနေ့တွေ ဆွေးနွေးခဲ့သော အဖြစ်ကလေးနှင့်ယှဉ်၍ ဤပိုစ့်ကိုရေးခြင်းဖြစ်ပါသည်။

မှတ်ချက်။  ။ ဇာတာရှင်သည် နက္ခတ်ဗေဒင်ဝါသနာပါသူဖြစ်ပြီး၊ အဖြစ်အပျက်များကို ဦးစွာချပြပြီးမှ နက္ခတ်အယူအဆများကို မေးသွားခြင်းဖြစ်ပါသည်။ ထိုအထဲမှ မှတ်သားဖွယ် တစ်ခုကို အမှတ်တရ မှတ်တမ်းတင်လိုခြင်းဖြစ်ပါသည်။

အောက်ပါအချက်အလက်များကို ယူသုံးသွားပါမယ်ခင်ဗျ။

http://astro.technohalo.com/2008/11/blog-post_12.html မှ အောက်ပါ ဇယားလေးကို ယူသုံးပါမည်။ ရာသီများ (သို့) အတန့်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းနှိုင်းယှဉ်ပုံ ဖြစ်ပါသည်။

 http://astro.technohalo.com/2010/07/blog-post_29.html တွင် ဆရာနျူမာန်စာပိုဒ်ကလေးအား ယူသုံးပါမည်။

သို့သော်လည်း အောက်ပါဂြိုဟ်တို့သည် ၄င်းတို့၏ အင်အားတည်ရှိမှု အနေအထား၊ အခြားဂြိုဟ်များ၏ လွှမ်းမိုး အပေါ်မူတည်၍ ရန်ဖန်ရန်ခါ ဆိုသလို ဂြိုဟ်ဆိုး အဖြစ် ပြုမူတတ်သော ဂြိုဟ်များ ဖြစ်သည်။
• တနင်္လာဂြိုဟ် (The Moon) လ-မင်း၊ စန္ဒရ၊ စန်း
• ဗုဒ္ဓဟူးဂြိုဟ် (Mercury)


ဒီလင့်လေးကအတိုင်း ဇာတာဖွဲ့ပရိုဂရမ်လေးနဲ့ ဒေါင်းလိုက်ပါတယ်။ ပရိုဂရမ်ကို http://astro.technohalo.com/2008/12/program.html မှာ ဒေါင်းလို့ရပါတယ်ခင်ဗျ။

ဒီပရိုဂရမ်မှာ ခွဲခြမ်းထားတဲ့ (အ၀ါ အစိမ်း ပန်းရောင်) ကာလများဟာ ၀ိသောတ္တရီဒသာဖြစ်ပါတယ်။ ဒီလင့်မှာ တွက်နည်းရေးခဲ့ဖူးပါတယ်။ http://astro.technohalo.com/2008/11/blog-post_18.html




ဆုံးဖြတ်မည့်ကာလသည် ယခုလောလောဆယ် 20.10.2010 ကို ပရိုဂရမ်အရစ်လျှင် အထက်ပါအတိုင်းမြင်ရမည်ဖြစ်သည်။ ၀ါစမ်းနီအရောင်တွေကတော့ မမြင်သာအောင် ကျွန်တော်ခြယ်ထားတာပါ။

16.12.2007 မှ 16.12.2023 ကြားကာလသည် ကြာသာပတေးဂြိုဟ် မဟာဒသာကာလဖြစ်သည်။ (အ၀ါရောင်)
4.2.2010 မှ 16.8.2010 ကြားကာလသည် စနေဂြိုဟ်အန္တရဒသာကာလဖြစ်သည်။ (အစိမ်းရောင်)
28.6.2010 မှ 7.11.2010 ကြားကာလသည် ဗုဒ္ဓဟူးဂြိုဟ် ပြတ္တန္တရဒသာကာလဖြစ်သည်။ (ပန်းရောင်)

တနည်းအားဖြင့် ၅x၀x၄ ဟုရေးနိုင်သည်။

ဝိသောတ္တရီဒသာနည်းအရ ကန်လဂ်အတွက် ၅ တေးသည် ဆိုးသည်။ ၀ နေသည် ဇာတာရှင်၏ အသက်ကို ရန်ရှာတတ်သော မာရကဂြိုဟ်ဖြစ်သည်။ ၄ ဟူးသည် ယောဂကာရက (ဆက်စပ်မှုကြီးများပေးတတ်သောဂြိုဟ်) ဖြစ်သည်။ ၄ ဟူးကို စစ်ရန်လိုသည်။

ဇာတာတွင် ၄ ဟူးကို ၁ နွေနှင့် ၉ ကိတ်တို့ ညှပ်နေသည်။ ၁ နွေနှင့် ၉ ကိတ်တို့သည် ပါပဂြိုဟ်များဖြစ်ကြသည်။ ထို့ကြောင့် ပါပလွှမ်းခံရသော ၄ ဟူးသည် ပါပဖြစ်သွားလေသည်။

၉ ကိတ်နှင့် ၈ ဟုကို ကောင်သော အမြင်အယှဉ်ရှိက ကောင်းကျိုးပေးသည်ဟု ယူဆမှုများ ဖတ်ဖူးပါသည်။ ထိုအယူအဆကို လက်ခံပါကလည်း ဤဇာတာတွင် ကျောင်းကျိုးမပေးကြောင်းတွေ့ရပါသည်။ အကြောင်းမှာမူ အင်္ဂါဂြိုဟ်နှင့် ရာဟုတို့သည် တစ်အံသာသာခြား၍တည်နေကြသည်။ ထို့ကြောင့် အင်္ဂါဂြိုဟ်စွမ်းနှစ်ဆလို သြဇာကြီးသည်။

ဆိုးဝါးစေသော ဂြိုဟ်နှစ်လုံးအနက် ၁ နွေသည် ဥစ်မူနေ၍ ဇာတာရှင်၏ကျော်ဇောမှု ခရီးသွားလာမှုတို့ကို ဖြစ်စေမည်။ ကျန်ရှိသော ၉ ကိတ်ကို စစ်ရန်လိုသည်။

ဇာတာတွင် ပါပဂြိုဟ် များ ၁၂ တန့်ရပ် ရပ်ကာ ၆ တန့်ကို မြင်ကြသည်။ ၅ တန့် နှလုံး ၆ တန့် အစာအိမ် ၇ ဆီးစပ် ဟုဆိုရာ ၆ တန့် သဘာဝ အစာအိမ်အပိုင်းသည် ထိခိုက်မည်ဟု မှန်းရသည်။ ၁၂ တန့် ဖ၀ါးပိုင်းတွင်လည်း ထိခိုက်နိုင်သည်။

နောက်ဆုံး ဆုံးဖြတ်သော အန္တရနှင့် ပြတ္တန္တရအရ ၀x၄ ဖြစ်သည်။ ၄င်းကို ဂြိုဟ်တွဲနည်းဖြင့် ၀x၄=အဆစ်မြစ်ယောင်၍ သလိပ်ထနေတတ်သည် သို့သော်ချမ်းသာကြွယ်ဝနေမည် မိသားစုဘ၀ပျော်ရမည်ဟု အဖြေထုတ်သည်။ (ဤအဟောမှ မကောင်းကျိုးများသဖြင့် မကောင်းတာကို ယူသင့်သည်ဟုထင်ပါသည်။)

တစ်ဖန် ၄ ဟူးသည် ဇာတာရှင်၏ ၁၀ တန့်နှင့် လဂ်အိမ်ရှင်ဖြစ်သည်။ လဂ်အရ ခန္ဓာကိုယ်ထိခိုက်သလို ၁၀ တန့်အရ အလုပ်လည်းထိခိုက်မည်။

နောက်ဆုံးအဖြေအဖြစ် ဤကာလတွင် ဇာတာရှင်သည် ကျောရိုးမျက်ရောဂါအတွက် အရိုးဆေးရုံတွင် ခွဲစိတ်ပြီး အိပ်ယာထဲမှ မေးမြန်းနေချိန်ဖြစ်သည်။ ယခုအချိန်တွင် လမ်းလျှောက်နိုင်သော်လည်း ဆရာဝန်၏ ခွင့်ပြုချက်မရသေးပေ။ ထိုရောဂါခံစားရသည်မှာ ၂၀၀၈ အတွင်းမှစပြီး ဆရာမျိုးဆုံး ဆေးပေါင်းစုံ ဆုံခဲ့ကြောင်းသိရသည်။ အလုပ်လည်းပြုတ်ကာ ကမ်းလှမ်းသည့်အလုပ်အသစ် ၂ ခုလည်း လက်ခံမရဖြစ်ခဲ့သည်ဟု သိရပါသည်။


ဗေဒင်မေးမြန်းသူ တော်တော်များများသည် မြင်ရာဟောပါ စသဖြင့် မေးမြန်းတတ်သည်။ ဇာတာစစ်ဆေးသူတစ်ယောက်အတွက်မူ ကာလတစ်ခုအခြေအနေတစ်ရပ်အတွက် ပရိုဂရမ်သုံး၍ ဇာတာတွက်ရ လွယ်ကူပါစေမူ၊ စဉ်းစားရင် အင်မတန်ခေါင်းရှုပ်ရပါသည်။ ထို့ကြောင့်လည်း နှစ်ကြိုဟောပြောသူများသည် ၁ နှစ် သို့ ၂ နှစ် အတွင်းကိုသာ တွက်ချက်ပေးကြကြောင်းကြားသိရပါသည်။


တစ်သက်စာတွက်ချက်လို့တော့ ရနိုင်ပါသည်။ တစ်ပတ်တွင်မှ ၃ ရက်လောက် ဗေဒင်စိတ်ပါဖို့မလွယ်ပါ။ ရက်တိုင်းတွင်ပင် ဇာတာစစ်ပါက (ကျွန်တော်ကပဲ လေးလို့လားတော့မသိ) ၃ စောင်လောက်ထက်ပိုမကြည့်ချင်ပါ။ ကြည့်လိုက်ပါက ဟိုဇာတာက ဂြိုဟ်ဒီဇာတာရောက်၊ ဒီကဂြိုဟ် ဟိုရောက်၊ ခေါင်းတစ်ခုလုံး ဂြိုဟ်နဲ့ပြည့်နေပါတော့သည်။


ဗေဒင်သမားများအား စာနာနိုင်ကြပါစေခင်ဗျာ။
လေးစားလျှက် 
ကိုပခန်း

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။