ဇာတာတစ်စောင်အကဲဖြတ်ခြင်း(၂)

ဒီမှာတော့ ကာလတွေနဲ့ ဆက်စပ်တဲ့ အဟောတွေကို တင်ပြပါ့မယ်ခင်ဗျာ။ မူလဇာတာဖွဲ့စဉ်က ရာသီစက်နဲ့ အတူ အောက်ပါ ဇယားသုံးခုကိုလည်း ယူသုံးပါ့မယ်ခင်ဗျာ။
အဟောတွေကို ဆက်လက်တင်ပြပါ့မယ်ခင်ဗျာ။

ရာသီစက်မှာ တနင်္ဂနွေဟာ ဓနုရာသီမှာ ရပ်ပါတယ်။ အကျိုးဆက်ကတော့
  • ဓနုရာသီတွင်ရပ်သော ၁နွေ၏ဒသာ
ဇနီးမယားထံမှ ပျော်ရွှင်သုခရတတ်သည်။ ငွေကြေးအမြောက်အမြားရှာဖွေရရှိမည်။ အထက်လူကြီးများ၏ကိုးစားမှုကိုရရှိမည်။ သျှတ္တရ ဝေဒပညာများလေ့လာဖြစ်မည်။
မိန်းကလေးတစ်ဦးအတွက် အိမ်ထောင်ရေးသာယာမယ်လို့ ဟောလို့ရပါတယ်ခင်ဗျာ။ ဓနုမှာ ဂြိုလ်လေးလုံးပူးနေပါတယ်။ ၁ ၂ ၄ ၀ ဆိုပြီးရှိပါတယ်။ သူတို့ကို ခွဲခြမ်းစိတ်ဖြာမှရပါ့မယ် ခင်ဗျာ။ ပထမ အိမ်ရှင်နဲ့တည့် မတည့်ကြည့်ပါ့မယ်ခင်ဗျာ။ မိတ်ရန်ဇယားမှာပါ။
အိမ်ရှင်က ၅ တေးပါ။


မိတ်ပြုသူ

မိတ်ပြုခံရသူ


ရန်ပြုသူ

ရန်ပြုခံရသူ



၂-၃-၅


၆-ဝ



၁-၎


-



၁-၂-၅




၁-၆




၁-၂-၃


၆-၎



၎-ဝ


၁-၂



၎-၆


၁-၂-၃



၆-ဝ


၁-၂-၃



၁-၂-၃


၆-ဝ


အိမ်ရှင် ၅ တေးက ကြိုဆိုတာက ၁ နွေနဲ့ ၂ လာပါ။
အိမ်ရှင်ကို ပြန်လည်ခင်မင်တာက ၁ နွေပါ။ ၁ နဲ့ ၅ ကို ပြန်လှန်မိတ်လို့ခေါ်ပါတယ်။
၂ လာကတော့အိမ်ရှင်ကို ပြန်မခင်ပါဘူးခင်ဗျ။ သဘောကတော့ ၂ လာက ပေးတဲ့ ကောင်းကျိုးကို ၅ တေးမရပါ။ ၅ တေးကသာ ၂ လာကိုကူပါတယ်။ ဒီသဘောတွေက နောက်ပိုင်းမှာ အရမ်းအရေးကြီးလာမှာပါ။

အိမ်ရှင်က ပျူငှာစွာလက်မခံတာက ၀ နေကိုပါ။ ၀ နေကတော့ အိမ်ရှင်အပေါ် ဘာမှ သဘောမထားပါ။
အိမ်ရှင်နဲ့ ၄ တို့ဟာ အပြန်အလှန် ဥဒသိန်ပါ။

ပထမအနေနဲ့ ရပ်တည်ပုံအရ ၁ နွေရပ်တည်ပုံက အကောင်းဆုံးပါ။ ပြီးရင် ၂ လာကောင်းပါတယ်။ ၄ ဟူးက ဆုံးဖြတ်ဆရာမလိုပါ။ ၀ နေကတော့ ဆိုးပါတယ်။ အဆိုးဆုံးအခြေအနေမရှိပါ။

သူတို့ ၄ လုံးကို ပြန်ဆုံးဖြတ်ပါ့မယ်ခင်ဗျာ။
၁-၂ မိတ် ၁-၀ ရန် ၁-၄ ဥဒသိန်
၂-၁ မိတ် ၂-၄ မိတ် ၂လာမှာရန်မရှိပါ။
၎-၁ မိတ် ၄-၂ရန် ၄-၀ ဥဒသိန်
ဝ-၄ မိတ် ၀-၁ရန် ၀-၂ ရန်။

၁-၂ ပြန်လှန်မိတ် ၁-၄ မိတ် ၁-၀ ပြန်လှန်ရန် ဆိုပြီး အကျိုးဆက်ကို ရလာပါတယ်။ ဒါလေးကို မှတ်ထားပြီး ၁ နွေဒသာဖက်ကို လှည့်ကြစို့ဗျာ။
ပထမမဇယားမှာ ၁ နွေရဲ့ ဒသာကာလကို ၆.၁.၂၀၀၀ ရက်နေ့မှ ၆.၁.၂၀၀၆ ထိ ၆ နှစ်တာကို ညွှန်းပါတယ်။
ဒီ ၆ နှစ်မှာမှ ထပ်ခွဲချင်ရင် program က Other ကနေ Dather Division ကို သွားပါ။ အောက်က ဇယားလေးအတိုင်းဖြည့်လိုက်ပါ။

ဇာတာရှင်ကို တနင်္ဂနွေဂြိုလ်ရဲ့ အကျိုးစက်တွေပေးမယ့် အရွယ်က အကြမ်းဖျဉ်းအားဖြင့် ၆.၁.၂၀၀၀ မှ ၆.၁.၂၀၀၆ တွေပါ။ တနင်္ဂနွေနဲ့အခြားဂြိုလ်လေးတွေတွဲတဲ့ အဟောသဘာဝလေးကို ဒီ link ကိုကြည့်ပါခင်ဗျ။

ဒသာxအန္တရဒသာ

၁x၂=မိတ်ဆွေ၊ငွေကြေး၊ဥစ္စာ အဆင်ပြေ၍ ပျော်ရွှင်ရနိုင်သော်လည်း ရေဘေး အရေးပြားရောဂါ၊ အဆုတ်ရောဂါနှင့် ၀မ်းကိုက်ရောဂါများရတတ်သည်
၁x၃=ရွှေငွေဥစ္စာတိုးပွားမည် ထင်ပေါ်ကျော်ဇောမည် သည်းခြေထန်ခြင်း အစာမကြေခြင်းများလည်း ဖြစ်တတ်ပါသည်
၁x၄=မတော်တဆ ခဏခဏဖြစ်ခြင်း အရေးပြားယားယံခြင်းတို့ဖြစ်တတ်၍ စိတ်အားထက်သန်ကာ ကျော်ကြားနေဦးမည်

၁x၅=ဘာသာရေးစိတ်ပြင်းပြ၍ ပညာရှာလိုစိတ်များတဖွားဖွားပေါ်မည် ထင်ပေါ်ချမ်းသာမည်။

၁x၆=ယုတ်မာသူကြောင့်စိတ်ညစ်ရတတ်သည် မိတ်ဆွေများနှင့်သဘောထားကွဲလွဲမည် စီးပွါးကျတတ်သည်

၁x၀=ယုတ်မာသူကြောင့်စိတ်ညစ်ရတတ်သည်။ မိတ်ဆွေများနှင့်သဘောထားကွဲလွဲမည်။ စီးပွါးကျတတ်သည်
ဒသာဆိုတာ နက္ခတ်ဗေဒင်ရဲ့ အဆင့်မြင့်နေရာမှာ ရှိပါတယ်။

ဒသာကို ဇာတာရှင်ရဲ့
  • ဇာတာပိုင်း စိုးမိုးမှုအားအင်များ
  • ဇာတာရှင်ရဲ့အသက်အရွယ်
  • တွက်လိုတဲ့ အချိန်ရဲ့ ကောင်းကို ဂြိုလ်ရပ်ဆိုပြီး ဒီ အား ၃ မျိုးနဲ့ ချိန်ညှိပြောရမှာဖြစ်တယ်လို့ ကျမ်းပြုဆရာတို့ဆိုပါတယ်။
မူလဇာတာနဲ့ လက်ရှိကောင်းကင်ဂြိုလ်ရပ်တို့ ညှိပြောရတာက တော်တော်လေးခက်ပါတယ်။ ဇာတာပိုင်းလွှမ်းမိုးမှုအားတွေကလည်း ရေးပြီးသမျှက ဘာမှမထိရောက်သေးပါဘူးခင်ဗျ။

လောလောဆယ်တော့ ဒီ ၆ နှစ်ကို ပိုင်းပြပါ့မယ်ခင်ဗျ။ ဒီ ၆ နှစ်တာကာလကို သာမန်လေးရိုးရိုးပိုင်းပြ အဖြေထုတ်ပေမယ့် ဒီကာလတွင်းမှာ ဇာတာရှင်ရဲ့ စီးပွါးရေး၊ ကျမ်းမာရေး နဲ့ လူမှုရေးကိစ္စထူးခြားမှုတွေကိုလည်း နက္ခတ်ဗေဒင်က ဖေါ်ပြနိုင်ပါသေးတယ်ခင်ဗျ။

နောက်ပိုင်းမှာ ဇာတာတစ်စောင်ကို စီးပွါးရေးအမြင်အရ ကျမ်းမာရေး အမြင်အရကို ( ဥပမာ ဒီ ၆ နှစ်တွင်းမှာ ဇာတာရှင်ကို ) ကဏ္ဍမျိုးစုံက ခြုံငုံသုံးသတ်ပြပါ့မယ်ခင်ဗျ။ ဒါတွေပြောနိုင်ဖို့ ကျွန်တော် ပိုစ့်တွေရေးရပါဦးမယ်ခင်ဗျ။

လောလောဆယ် အကြမ်းဖျဉ်းဆိုမှ အကြမ်းဖျဉ်းပါ။ ကဲဗျာ စကြပါစို့။

  • တနင်္ဂနွေဒသာ ၆ နှစ်တာကို ပိုင်းဖြတ်ခြင်း
  • ၁။ ရာသီတွင်းက တနင်္ဂနွေ
အထက်လူကြီးများနဲ့ အဆင်ပြေမယ်။ စီးပွါးရေးကောင်းမယ်။ မိသားစုအဆင်ပြေသာယာမယ်။ တိမ်မြုပ်နေသော (ဝေဒသျှတ္တရကဲ့သို့သော) ပညာများကို လေ့လာဖြစ်မယ်။
  • ၂။ ဘာဝတွင်းက တနင်္ဂနွေ
အသည်းရောဂါနှင့် နှလုံးရောဂါများခံစားရတတ်သည်။
ကလေးသဘာဝဖြူစင်မှုနဲ့ စွန့်လွှတ်သော ကူညီတတ်သော သူတော်စင်သဘာဝကို ဆောင်ပါတယ်။
  • ၃။ တနင်္ဂနွေနှင့် သမ္ဗန္ဓများ
၁-၂ ပြန်လှန်မိတ် ၁-၄ မိတ် ၁-၀ ပြန်လှန်ရန် ဂြိုလ်ပူးသဘာဝကို ဒီမှာဖတ်ကြည့်ပါခင်ဗျ။

၁+၂=(စန္ဒာသူရိယယုဂ်) စက်ကိရိယာနှင့်ပတ်သတ်၍ ကျွမ်းကျင်မှုရှိမည်။ ကူသန်းရောင်းဝယ်ရေးကျွမ်းမည်။ ပန်းပုကျွမ်းကျင်မည်။
၁+၄=(သူရိယဗုဓယုဂ်) ဉာဏ်ပြောင်မြောက်တတ်သည်။ ပညာရေးကောင်းမည် ကျော်ဇောတတ်သည်။
၁+၀=(သူရိယာသောရီယုဂ်) အလုပ်ကြမ်းလုပ်ရတတ်သည်။ သူတပါးအကျိုးဆောင်ရွက်ရတတ်သည်။
  • ၄။ တနင်္ဂနွေ၏ အန္တရ ဒသာများ (၀ိသောတ္တရီဒသာအရ ပြန်စဉ်လိုက်ပါတယ်ခင်ဗျာ)
၁x၁=(ပေါင်းစပ်အကျိုးအတွက် အဖြေမရှိပါခင်ဗျာ။)
၁x၂=မိတ်ဆွေ၊ငွေကြေး၊ဥစ္စာ အဆင်ပြေ၍ ပျော်ရွှင်ရနိုင်သော်လည်း ရေဘေး အရေးပြားရောဂါ၊ အဆုတ်ရောဂါနှင့် ၀မ်းကိုက်ရောဂါများရတတ်သည်
၁x၃=ရွှေငွေဥစ္စာတိုးပွားမည် ထင်ပေါ်ကျော်ဇောမည်။ သည်းခြေထန်ခြင်း အစာမကြေခြင်းများလည်း ဖြစ်တတ်ပါသည်

၁x၈=(၁x၅)=
ဘာသာရေးစိတ်ပြင်းပြ၍ ပညာရှာလိုစိတ်များတဖွားဖွားပေါ်မည်။ ထင်ပေါ်ချမ်းသာမည်။
၁x၅=ဘာသာရေးစိတ်ပြင်းပြ၍ ပညာရှာလိုစိတ်များတဖွားဖွားပေါ်မည်။ ထင်ပေါ်ချမ်းသာမည်။
၁x၀=ယုတ်မာသူကြောင့်စိတ်ညစ်ရတတ်သည်။ မိတ်ဆွေများနှင့်သဘောထားကွဲလွဲမည်။ စီးပွါးကျတတ်သည်

၁x၄=မတော်တဆ ခဏခဏဖြစ်ခြင်း၊ အရေးပြားယားယံခြင်းတို့ဖြစ်တတ်သည်။ စိတ်အားထက်သန်ကာ ကျော်ကြားနေမည်
၁x၉=(၁x၃)=
ရွှေငွေဥစ္စာတိုးပွားမည် ထင်ပေါ်ကျော်ဇောမည်။ သည်းခြေထန်ခြင်း အစာမကြေခြင်းများလည်း ဖြစ်တတ်ပါသည်
၁x၆=အငြင်းသန်၍ ဆင်ခြေများမည်။ လည်ချောင်းမျက်စိရောဂါရတတ်သည်။ လွတ်လပ်လို၍ ခရီးသွားလိုနေမည်။

  • ၅။ တနင်္ဂနွေ၏ ကောဇာရပ်ပုံ
တနင်္ဂနွေဟာ တစ်ရာသီမှာ တစ်လရပ်တော့ တစ်နှစ်မှာကိုပဲ ၁၂ မျိုးကွဲနေပါတယ်။ ကောဇာအရ ပိုင်းဖို့ရာမှာ သိလိုတဲ့ ကာလ အရသာ အသေးစိတ်ပိုင်းမှဖြစ်နိုင်ပါ့မယ်ခင်ဗျာ။ လောလောဆယ်တော့ အကြမ်းဖျဉ်းကိုပဲ ထုတ်ပြလို့ရပါ့မယ်ခင်ဗျာ။
  • ၆။ တနင်္ဂနွေ၏ ကဏ္ဍ(တာဝန်ယူပုံ)
ဘာဝအဓိပ္ပါယ်ကို ဒီမှာဖတ်ပါခင်ဗျာ။
အောက်က ဇယားက ဂြိုလ်တွေယူမယ့် တာဝန်ကို ပြပါတယ်။
အဆက်အသွယ်ရှိတဲ့ အိမ်ရှင်တွေအကြောင်း ဒီမှာ ဖတ်ပါ။ အိမ်ရှင်ကို ဒီဇယားက ယူပါ့မယ်ခင်ဗျာ။
  • တနင်္ဂနွေဟာ လဂ်အိမ်ရှင် ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကျမ်းမာရေးနဲ့ ပတ်သတ်တာတွေ ထူးခြားဖြစ်ပွားပါ့မယ်။
  • တနင်္ဂနွေဟာ ၄ တန့်မှာရပ်တဲ့အတွက် စဉ်းစိမ်ဥစ္စာနဲ့ ပတ်သတ်ပါ့မယ်။ ရာသီစက်မှာ ၁၂ တန့်အိမ်ရှင် တနင်္လာနဲ့ ပူးပါတယ်။ ရသမျှ သုံးစွဲကုန်ကျခြင်းကို ပြပါတယ်။ ပိုင်ဆိုင်မှုမရေရာတဲ့ ကလေးသဘာဝကို ပြပါတယ်။ ၂ တန့်နဲ့ ၁၁ တန့်အိမ်ရှင် ဗုဒ္ဓဟူးဂြိုလ်နဲ့ပူးပါတယ်။ စုဆောင်းမှု ၀င်ငွေတို့နဲ့ ပတ်သတ်နေပါတယ်။ ၆ တန့်နဲ့ ၇ တန့်အိမ်ရှင် ၀ နေနဲ့ ပူးပါတယ်။ ရန်သူနဲ့ ချစ်သူ ရောထွေးနေတာကိုပြပါတယ်။
  • မရေရာသေးတဲ့ ကလေးဘ၀ကိုရောထွေးပြပါတယ်။ ရသမျှသုံးပြစ်မယ့်စရိုက်ပါပဲ။ ရန်သူနဲ့ ချစ်သူရောထွေးထွားတတ်တဲ့ ရိုးသားပွင့်လင်းတဲ့ စရိုက်ကို ပြပါတယ်။ ရန်သူချစ်သူထူးခြားမရှိနိုင်ပါ။


  • တနင်္ဂနွေဒသာကာလဟောပြောခြင်း
ယေဘုယျအားဖြင့် ဇာတာရှင်ဟာ ကလေးသဘာဝဖြူစင်မှုနဲ့ စွန့်လွှတ်သော ကူညီတတ်သော သူတော်စင်သဘာဝကို ဆောင်ပါတယ်။
ဒီ ၆ နှစ်တာမှာ အထက်လူကြီးများနဲ့ အဆင်ပြေမယ်။ စီးပွါးရေးကောင်းမယ်။ မိသားစုအဆင်ပြေသာယာမယ်။ တိမ်မြုပ်နေသော ဖေါ်ထုတ်တူးဖေါ်ရသော (သတ္တုတူးဖေါ်ခြင်း၊ ရှေးဟောင်း ဝေဒသျှတ္တရ) ပညာများကို လေ့လာဖြစ်မယ်။ အသည်းရောဂါနှင့် နှလုံးရောဂါများခံစားရတတ်သည်။
၁+၂=(စန္ဒာသူရိယယုဂ်) စက်ကိရိယာနှင့်ပတ်သတ်၍ ကျွမ်းကျင်မှုရှိမည်။ ကူသန်းရောင်းဝယ်ရေးကျွမ်းမည်။ ပန်းပုကျွမ်းကျင်မည်။
၁+၄=(သူရိယဗုဓယုဂ်) ဉာဏ်ပြောင်မြောက်တတ်သည်။ ပညာရေးကောင်းမည် ကျော်ဇောတတ်သည်။
၁+၀=(သူရိယာသောရီယုဂ်) သူတပါးအကျိုးဆောင်ရွက်ရတတ်သည်။ အများအကျိုဆောင်ရွက်ရာမှ ဆိုးကျိုးများပါတွဲခံစားရပါ့မယ်ခင်ဗျ။

ကာလအားဖြင့် ထူးခြားမှုများကို ဖေါ်ပြရမယ်ဆိုရင်
  • ၂၄.၄.၂၀၀၀ မှ ၂၄.၁၀.၂၀၀၀ ကြား
မိတ်ဆွေ၊ငွေကြေး၊ဥစ္စာ အဆင်ပြေ၍ ပျော်ရွှင်ရနိုင်သော်လည်း ရေဘေး အရေးပြားရောဂါ၊ အဆုတ်ရောဂါနှင့် ၀မ်းကိုက်ရောဂါများရတတ်သည်
  • ၂၄.၁၀.၂၀၀၀ မှ ၃.၃.၂၀၀၁ ကြား
ရွှေငွေဥစ္စာတိုးပွားမည် ထင်ပေါ်ကျော်ဇောမည်။ သည်းခြေထန်ခြင်း အစာမကြေခြင်းများလည်း ဖြစ်တတ်ပါသည်
  • ၃.၃.၂၀၀၁ မှ ၂၄.၁.၂၀၀၂ ကြား
ဘာသာရေးစိတ်ပြင်းပြ၍ ပညာရှာလိုစိတ်များတဖွားဖွားပေါ်မည်။ ထင်ပေါ်ချမ်းသာမည်။
  • ၂၄.၁.၂၀၀၂ မှ ၁၂.၁၁.၂၀၀၂ ကြား
ဘာသာရေးစိတ်ပြင်းပြ၍ ပညာရှာလိုစိတ်များတဖွားဖွားပေါ်မည်။ ထင်ပေါ်ချမ်းသာမည်။
  • ၁၂.၁၁.၂၀၀၂ မှ ၂၄.၁၀.၂၀၀၃ ကြား
ယုတ်မာသူကြောင့်စိတ်ညစ်ရတတ်သည်။ မိတ်ဆွေများနှင့်သဘောထားကွဲလွဲမည်။ စီးပွါးကျတတ်သည်
  • ၂၄.၁၀.၂၀၀၃ မှ ၃၀.၈.၂၀၀၄ ကြား
မတော်တဆ ခဏခဏဖြစ်ခြင်း၊ အရေးပြားယားယံခြင်းတို့ဖြစ်တတ်သည်။ စိတ်အားထက်သန်ကာ ကျော်ကြားနေမည်
  • ၃၀.၈.၂၀၀၄ မှ ၆.၁.၂၀၀၅ ကြား
ရွှေငွေဥစ္စာတိုးပွားမည် ထင်ပေါ်ကျော်ဇောမည်။ သည်းခြေထန်ခြင်း အစာမကြေခြင်းများလည်း ဖြစ်တတ်ပါသည်
  • ၆.၁.၂၀၀၅ မှ ၆.၁.၂၀၀၆ ကြား
အငြင်းသန်၍ ဆင်ခြေများမည်။ လည်ချောင်းမျက်စိရောဂါရတတ်သည်။ လွတ်လပ်လို၍ ခရီးသွားလိုနေမည်။
လောလောဆယ်တော့ ဒီလောက်ထိပဲ တနင်္ဂနွေဒသာနဲ့ ပတ်သတ် ဖေါ်ပြလို့ရပါတယ်။ အခြားကျန်နေတဲ့ ဒသာတွေကိုလည်း အလျှဉ်းသင့်သလိုတွက်ချက်ပြပါမယ်ခင်ဗျ။ အသေးစိတ်တွေသိချင်ရင်တော့ ကျွန်တော်တို့ ဆက်လက်လေ့လာကြရမှာပါ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။