ဇာတာတွက်ပုံအပိုင်း(၄)

MOTAA – Astrology Course (Level-1) 
အာယနအံသာ ဇယား လာဟီရိမူ

အောက်ပါ ဇယားသည် လာဟီရိ စနစ်အရ- တစ်နှစ်ချင်းစီ၏ ဇန်န၀ါရီ (၁) ရက်နေ့တွင် ရှိနေသော အာယနတန်ဘိုးများ ဖြစ်ပါသည်။ ဖော်ပြပါ ဇာတာတွင်- ဇာတာရှင်သည် ၁၉၆၈-တွင် မွေးဖွားသောကြောင့်
အနီးဆုံး နှစ်ကာလ မှာ ၁၉၆၀ ဖြစ်ပြီး- ထိုနှစ် ဇန်န၀ါရီ (၁) ရက်နေ့တွင် အာယန အံသာ တန်ဘိုး- 23.30 ဒီဂရီ ရှိပါသည်။ ၁၉၆၀ မှ ၁၉၆၀ ကာလ အတွင်း အပြောင်းအလဲကို အနှစ် (၂၀) ဖြင့်စားလိုက်ပါက
တစ်နှစ်လျှင် အာယန အံသာ မည်မျှ တက်သွားသည်ကို သိနိုင်ပါသည်။ ထို့ကြောင့် ၁၉၆၈ သည် ၁၉၆၀ မှ ၈-နှစ်နှင့်- ၂၃၆- ရက် ပိုနေသဖြင့် အစွန်းထွက် အာယန အံသာ တန်ဘိုးကို ရှာပြီး စောစော တန်ဘိုး 23.30 ဒီဂရီ ပေါင်းလိုက်ပါက- ဇာတာရှင် မွေးဖွားချိန်တွင် ရှိနေသော အာယန အံသာ 23.422718128655 ကို တိကျစွာ ရလာပါလိမ့်မည်။ (မှတ်ချက် Interpolation ခေါ် ၃-ချက် တွက်ခြင်း မျှသာ ဖြစ်ပါသည်။)



ဂြိုဟ်တို့၏ တည်နေရာကို ဂြိုဟ်သွား ပြက္ခဒိန် အသုံးပြု၍ ရှာဖွေခြင်း။

ယခုအခါ နောက်ဆုံး အဆင့်အနေဖြင့် ဇာတာခွင် တစ်ခုတွင် ဖြည့်သွင်း ရမည် ဖြစ်သော ဂြိုဟ်တို့၏ တည်နေရာကို ရှာကြမည် ဖြစ်ပါသည်။ ဤနေရာတွင် ဂြိုဟ်တို့၏ သွားလာပုံ တည်နေရာကို တွက်ချက်သော ဖော်မြူလာသည် အလွန်ရှုပ်ထွေးသဖြင့်- ရှင်းပြတော့မည် မဟုတ်ပဲ ကောက်ကိန်း သုံးပုံကိုသာ ဖော်ပြပါမည်။ အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း- မိမိအသုံးပြုသော ဂြိုဟ်သွား ပြက္ခဒိန် သည် မည်သည့် စနစ် (နိယာယန၊ သာယန) ကို အသုံးပြုထားသနည်း၊ မည်သည့် အရပ်ဒေသကို မူတည်၍ တွက်ချက်ထားသနည်း ကို သိထား ရပါမည်။ အိန္ဒိယမှ ထုတ်ဝေသော ဂြိုဟ်သွား ပြက္ခဒိန် များသည် အိန္ဒိယ စံတော်ချိန်ကို မူတည် ထားပါသည်။ ယခု သင်ခန်းစာမှာ (MOTAA) မိုးတား သင်တန်းသားများ အနေဖြင့် တကမ္ဘာလုံး မည်သည့် နေရာကို မဆို ဇာတာဖွဲ့ခြင်း နားလည်စေရန်အတွက်- အမေရိကန် ဂြိုဟ်သွား ပြက္ခဒိန် ကိုအသုံးပြုနည်း ကို ဖော်ပြ ထားပါသည်။

အမေရိကန် ဂြိုဟ်သွား ပြက္ခဒိန် တွင်ပင်- သာယနမူ၊ နိယာယနမူ ဟူ၍ ရှိနေသေးရာ- မိမိ အသုံးပြုသော စနစ်သည် နိယာယန ဂြိုဟ်သွား ပြက္ခဒိန် ဖြစ်နေပါက- နောက်ထပ် ပြဿနာ တစ်ခု ထပ်တက် လာ ပါသည်။ အဘယ့်ကြောင့် ဆိုသော် အမေရိကန် နှင့် အနောက်နိုင်ငံများ အနေဖြင့် အသုံးပြုသော နိယာယန အတွက် နှုတ်ထားသော အံသာ တန်ဘိုးသည် လာဟီရိ အာယန တန်ဘိုး မဟုတ်ပဲ၊ Fagan ၏ အာယန တန်ဘိုး ဖြစ်နေသောကြောင့်- ဤသို့ ကြုံတွေ့ရပါက- ၄င်းကို သာယန မူပြန်ပြောင်းပြီး မှ- မိမိတို့ လိုအပ်သော လာဟီရိ အာယန အံသာကို ပြန်နှုတ်ပေးမှာသာ အရှေ.တိုင်း နိယာယန တန်ဘိုး အမှန်ကို ရပါလိမ့်မည်။ လာဟီရိနှင့် Fagan တို့၏ ကွာခြားချက်မှာ ၁-ဒီဂရီ ခန့်သာ ဖြစ်သော်လည်း တိကျနိုင်သမျှ တိကျခြင်းသည် မမှားပါ။


ဤဂြိုဟ်သွား ပြက္ခဒိန်ကို သုံးလျှင် ဂြိုဟ်နှင့် ရာသီ တို့၏ သင်္ကေတများကို သိထားရပါမည်။ ယခင် ပြီးခဲ့သော သင်ခန်းစာတွင် ဖော်ပြပေးခဲ့သော်လည်း- သင်တန်းသား များအနေဖြင့် လွယ်ကူစေရန် ပြန်လည် ဖေါ်ပြပေးထားပါသည်။ နောက်တစ်ချက်မှာ- ဇယားတွင် ရာဟု၏ တည်နေရာကိုသာ ဖေါ်ပြထားပြီး၊ ကိတ်၏ တည်နေရာကိုမူ ၄င်းမှ ၁၈၀ ဒီဂရီ အကွာ ဖြစ်သည်ကို သိရပါမည်။
အောက်တွင် ပထမဦးဆုံး ပြထားသည်မှာ- အားလုံးကို တွက်ချက်ထားခြင်း ဖြစ်၍၊ အနီရောင် အကွက်ဖြင့် ပြထား သည်မှာ- နောက်ဆုံးရရှိလာသော ဂြိုဟ်တို့၏ တည်နေရာ တန်ဘိုး များဖြစ်ပါသည်။
စာလုံး အရွယ်အစား သေးငယ်သွားသောကြောင့် အောက်တွင် တစ်ပိုင်းစီ ခွဲ၍ ရှင်းပြထားပါသည်။ ပထမဦးစွာ ဇာတာရှင် မွေးဖွားသော အချိန်ကို ဂရင်းနစ် စံတော်ချိန်သို့ ပြောင်းပေးလိုက်ပါ။ အဘယ့်ကြောင့် ဆိုသော် မိမိတို့သုံးမည့် ဂြိုဟ်သွား ပြက္ခဒိန် သည် ဂရင်းနစ် စံတော်ချိန်မှ မူတည် တွက်ထားသောကြောင့် ဖြစ်သည်။ ၁၆+(-၆.၅) = ၉.၅ နာရီကို ရပါသည်။ အိန္ဒိယမှ အချို.သော နက္ခတ်ပညာ စသင်သူတို့ မှားယွင်း သောအမှားမှာ- ၄င်းတို့သည် အိန္ဒိယ ပန်ချန်းကို သုံးစွဲကျင့်ရှိသဖြင့် - အိန္ဒိယ စံတော်ချိန် ပြောင်းလေ့ ရှိခဲ့ရာ- သုံးစွဲသော ပြက္ခဒိန် နှင့် မတိုက်ဆိုင်သောကြောင့် မှားယွင်းတတ်ပါသည်။ (၁၉၆၈-၇-၂၆) တွက်လို၍၊ ထိုနှစ်နှင့် လတို့ ပါရှိသော စာမျက်နှာကို ရှာလိုက်ပါ။ ၂၆-ရက် နေ့တွင် မွေးသူ ဖြစ်သောကြောင့် ၂၆-ရက်၏ စစချင်း အချိန်သည် ၀းဝး၀၀ သည် ပြက္ခဒိန် မှ ၂၆-ရက်ကို ကြည့်ရ ပါမည်။ ကမ္ဘာ့စံနစ် အရ- ၂၆-ရက်နေ့ သည် ၂၅-ရက် ည သန်းခေါင်ကျော်လျှင် စပြီ ဖြစ်ပါသည်။ ဤသည်ကို မြန်မာ အချို. အနေဖြင့် အကြည့် မှားတတ်ပါသည်။

၂၆-ရက်နေ့ တွင် တည်ရှိနေသော ဂြိုဟ် တို့၏ တည်နေရာကို ပြက္ခဒိန်တွင် ဂြိုဟ် သင်္ကေတ၊ ရာသီ သင်္ကေတ တို့ဖြင့် ဖော်ပြထားရာ- ၄င်းသင်္ကေတများကို ဦးစွာ မှတ်မိသိရှိနေရပါမည်။ ပထမဦးစွာ ညာဘက်တွင် မြင်ရသော အ၀ါရောင် အကွက်များသည်- သက်ဆိုင်ဂြိုဟ်တို့၏ ရာသီ၊ အံသာ၊ လိတ္တာ၊ ၀ိလိတ္တာ တန်ဘိုးများကို ဖြည့်သွင်းထားခြင်း ဖြစ်သည်။ ၄င်းတို့ကို ဒဿမပုံစံသို့ ပြောင်းပေးရပါမည်။ ရှင်းပြထားချက်ကို ကြည့်ပါ။ မိဿရာသီ ဆိုလျှင် ၀-ဒီဂရီမှ စသည်ဖြစ်ပြီး၊ သိဟ်ရာသီ ဆိုလျှင် - ၁၂၀- ဒီဂရီ မှ စသည်ကို ပြီးခဲ့သော ပြီးခဲ့သော သင်ခန်းစာများတွင် ပြန်ကြည့်ပါ။ ရာဟု၏ နေရာကိုသာ ပြက္ခဒိန်တွင် ဖော်ပြထားသဖြင့် ကိတ်၏ နေရာအတွက်- ရာဟုမှ မျက်နှာချင်းဆိုင် ၁၈၀ ကိုပေါင်းထည့်ပေးပါ။
ထိုနည်းတူ- ၂၆-ရက် ကုန်ဆုံးပြီး- ၂၇-ရက်နေ့၏ အစ ကို ကြည့်၍ ပြက္ခဒိန်မှ တန်ဘိုးများကို ရှာပါ။ အားလုံးကို ဒဿမပုံစံသို့ ပြောင်းပေး လိုက်ပါ။ ၂၇-ရက်နေ့၏ တန်ဘိုးများမှ- ၂၆-ရက်နေ့၏ တည်နေရာ တန်ဘိုးများကို နှုတ်ပေးပါ။ ဤကွာခြားမှုသည် ၂၄-နာရီကာလ အတွင်း- ဂြိုဟ်တို့ ရွှေ.ပြောင်းသွားသော ပမာဏ ဖြစ်သည်။ ရာဟု နှင့် ကိတ်တို့ သည် နောက်ပြန်သွားကြ သောကြောင့်- အနှုတ်တန်ဘိုးရလာပါသည်။
ထို့နောက်- ပုံတွင် ရှင်းပြထားသည့် အတိုင်း- ထိုအစွန်းထွက် ကာလအတွင်း ဂြိုဟ်တို့ အနေဖြင့် ရောက်ရှိ သွားသည့် ခရီးအကွာအဝေး ရလာသည့် တန်ဘိုးကို ၂၆-ရက် တွင် ဂြိုဟ်တို့ တည်ရှိသော နေရာ တန်ဘိုးနှင့် ပေါင်းပေးလိုက်သော အခါ- မိမိတွက်ချက်သော အချိန်တွင် ရောက်ရှိနေသော ဂြိုဟ်တို့၏ တည်နေရာကို သာယန စံနစ်ပုံစံဖြင့် ရလာပါတော့သည်။
ထိုရလာသော သာယန တည်နေရာ တန်ဘိုးများမှ- အာယန အံသာကို နှုတ်ပေးလိုက်ပါက- မိမိတို့ လိုအပ်သော ဇာတာအတွက် ဂြိုဟ်တို့၏ တည်နေရာကို ရလာပါတော့သည်။ နောက်ဆုံး အနေဖြင့် - ဒဿမ ပုံစံ တန်ဘိုးမှ သက်ဆိုင်ရာ ရာသီ၊ အံသာ၊ လိတ္တာ တန်ဘိုး အဖြစ်ပြန် ပြောင်းပေးလိုက်၍ ဇာတွင် ထည့်သွင်း ရေးလိုက်လျှင်- မိမိတို့ လိုချင်သော ဇာတာ အနေအထားကို ရပါပြီ။ (သင်တန်းသားများ အနေဖြင့်- အသုံးတည့်နိုင်ရန်အတွက်- Excel ဖိုင်ကိုလည်း ပေးထားမည် ဖြစ်ရာ၊ Excel နှင့် ပါတ်သက်သော ဖေါ်မြူလာများကို မိမိဘာသာ လေ့လာ စေလိုပါသည်။ ဤသင်တန်းသည် Excel သင်တန်းပေးနေခြင်း မဟုတ်သည်ကို သတိပြုပါ။ တွက်ချက်ခြင်းကို အဆင်ပြေစေရန် အတွက် Excel ကို အသုံးပြု ရခြင်းသာ ဖြစ်ပါသည်။)
 

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။