ပိုစ့် ၁ က အဟောတွေအတွက် ၁ နွေရဲ့ အဌ၀ဂ္ဂဖွဲ့ပုံကို တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
၁ နွေရဲ့ အဌ၀ဂ္ဂကိုဖွဲ့မယ်ဆိုရင် ဒါလေးတွေ သိထားရပါမယ်။
၁ နွေမှ ၁။ ၂။ ၄။ ၇။ ၈။ ၉။ ၁၀။ ၁၁။ တန့်များကို (ကြတ်ခြေခတ်လေးတွေနဲ့) မှတ်သားလိုက်ပါ။ ( ၄င်းတို့ဟာ မိတ်ဖြစ်စေတဲ့ သဘောတွေနဲ့ စုထားတာဖြစ်ပါတယ်။) ဥပမာပုံကို အောက်မှကြည့်နိုင်ပါတယ်ခင်ဗျ။(ပုံမှာ ၁ နွေမှသည် လက်ဝဲရစ် စရေပါတယ်။)
၂ လာမှ ၃။ ၆။ ၁၀။ ၁၁။ တန့်များကို အပေါ်က နည်းတူမှတ်သားလိုက်ပါခင်ဗျ။
၃ င်္ဂါမှ ၁။ ၂။ ၄။ ၇။ ၈။ ၉။ ၁၀။ ၁၁။ တန့်များ
၎ ဟူးမှ ၃။ ၅။ ၆။ ၉။ ၁၀။ ၁၁။ ၁၂။ တန့်များ
၅ တေးမှ ၅။ ၆။ ၉။ ၁၁။ တန့်များ
၆ ကြာမှ ၆။ ၇။ ၁၂။ တန့်များ
ဝ နေမှ ၁။ ၂။ ၄။ ၇။ ၈။ ၉။ ၁၀။ ၁၁။ တန့်များ
လ မှ ၃။ ၄။ ၆။ ၁၀။ ၁၁။ ၁၂။ တန့်များ
အားလုံး ၄၈ ခုရှိပါတယ် သူတို့ဟာ တနင်္ဂနွေရဲ့ အဌ၀ဂ္ဂကိုဖေါ်ပြပေးပါတယ်။ သူ့ရဲ့ သဘောကတော့ မူလဇာတာမှာ တနင်္ဂနွေရဲ့ ရပ်တည်ပုံဟာ တခြားဂြိုလ်တွေကနေနှိုင်းယှဉ်ရင် ဘယ်လောက် အားရှိတယ် ဘယ်နေရာမှာအားရှိတယ် ဆိုတာတွေပြတာပါ။
နမူနာဇာတာရဲ့ တနင်္ဂနွေအဌ၀ဂ္ဂကိုပြရရင် အောက်ပါအတိုင်းရလာပါ့မယ်။ဝဲဖက်ကစက်ကတော့ တနင်္ဂနွေရဲ့ အဌ၀ဂ္ဂဖြစ်ပါတယ်။ စက်အလယ်က ၁ လေးကတော့ ၁ နွေရဲ့ အဌ၀ဂ္ဂကိုပြပြီး ဓနုရာသီဘက်ဆီက အ၀ိုင်းလေးနဲ့ ၁ ကတော့ မူလရာသီမှာ ၁ နွေက ဒီမှာလို့ပြတာပါ။ ဒါကိုကြည့်ပြီး ၁ နွေရာ တခြားဂြိုလ်တွေက ကြည့်ရင် အကျိုးပေးမှုက အား ၈ ခုအနက် အားတစ်ခုသာပေးပါလားလို့ သဘောပေါက်ရမှာပါ။ အပေါ်က ကြက်ခြေခတ်တွေကိုကြည့်ရင်လည်း ၁ နွေရာ သူရပ်ရာရာသီအတွက် ပထမနေရာက ပေးတဲ့ အားတစ်ခုသာ ရပါလားလို့ သဘောပေါက်ရပါမယ်။
ဇာတာကိုအကဲဖြတ်ရာမှာဖြစ်ဖြစ် ဂြိုလ်ပူးတွေကိုပဲဖြစ်ဖြစ် သမ္ဗန္ဓကိုပဲဖြစ်ဖြစ် ကြည့်ရာမှာ တနင်္ဂနွေရဲ့ အရေးပါမှုကို မှေးထင်စေတာကို တွေ့ရပါမယ်။ ဒီ အဌ၀ဂ္ဂဟာ ဂြိုလ်အားလုံးဆီက အကျိုးဆက်ကိုပါ ပေါင်းယူတာမို့ ဆုံးဖြတ်ရာမှာ အရေးပါမယ်လို့ ကျွန်တော်ယူဆမိပါတယ်ခင်ဗျာ။
ဒီအဌ၀ဂ္ဂလေးအကျိုးဆက်ကို အသေးစိတ်ဟောပြောပုံလေး ဆက်လက်တင်ပြပေးပါ့မယ်ခင်ဗျ။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
6 months ago
No comments:
Post a Comment
ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။