လေ့လာဖွယ်ရာသူတို့ဇာတာ(၁)

ဆရာဦးမြကြီးရဲ့ ဂြဟဒီပကကျမ်းမှ နမူနာဇာတာလေးတစ်ဆောင်ပါခင်ဗျ။
၁၉၄၂(ဇူလိုင် ၉) ကြာသာပတေးသမီး နေ့လည် ၂ နာရီ မန္တလေးမြို့ က ဇာတာလေးပါခင်ဗျ။ ကျွန်တော်ပရိုဂရမ်နဲ့ပြန်ဖွဲ့လိုက်ပါတယ်။ နည်းနည်းပဲကွာရာမှာ ဆရာဆုံးဖြတ်ခဲ့သမျှက data မလွဲပါ။
ဇာတာမှ ၇ တန့်အိမ်ရှင်က ၃ င်္ဂါဖြစ်ပါတယ်။ ဒါရဒါကာရ(အံသာအနည်းဆုံး)က ဗုဒ္ဓဟူးဖြစ်ပါတယ်။
ဆရာက ဒီလိုဆုံးဖြတ်သွားပါတယ်။

  • (က)ဘာဝသန့်စင်မှုရှိမရှိ
ဘာဝကတ္တရီမရှိပါ။ ဂြိုလ်ဆိုးတို့မနေထိုင်။ ရာဟုမြင်။ အိမ်ပိုင်ရှင်ဘာဝမှ ၄ တန့်ရပ်လို့ ဘ၀ကေန္ဒြယောဂရပါတယ်။
  • (ခ)ဘာဝအိမ်ရှင်သန့်စင်မှုရှိမရှိ
ဘာဝအိမ်ရှင် နိစ်မိသော်လည်း ဥစ်န၀င်း စီးပါလို့ နိစ္စဘင်္ဂယုဂ်ရပါတယ်။ ဘာဝအိမ်ရှင် ပါပကတ္တရီသင့်၍ စနေမြင်ပါတယ်။ စနေဟာ တူလဂ်အတွက်ကောင်း၍ အသက်ကြီးသူကိုယူပိုကောင်းပါမယ်။
  • (ဂ)ဒါရဒါကာရသခင်သန့်စင်မှုရှိမရှိ
၎ ဟူးဟာ ၉ တန့်မှာ မိမိအိမ်မှာနေ၍ ၆ တန့်အိမ်ရှင် ၅ တေးနဲ့ရန်ခံပူး၍ ရန်န၀င်းစီးကာ ပါပကတ္တရီသင့်နေပါတယ်။
အရတတ်ရ၍ အသိုမတတ်ပါ။ အစခေပြီးအဆုံးကောင်းပါတယ်။ ချစ်သူဝိုင်းသော်လည်း ယူသူရှားနေတတ်ပါတယ်တဲ့။

ဆရာဦးမြကြီးဟောပြခဲ့တာကတော့
  • ၈x၈ (၈ဟု ဒသာ ၈ဟု အန္တရအချိန်) (၂၃.၈.၆၀ မှ ၅.၅.၆၃)ကြားမှာ မှီခိုသူလူပျိုလေးနဲ့ ချစ်ပန်းတင့်ရာမှ အိမ်နီးချင်းပင်မသိအောင် သားစွန့်ခဲ့ရမယ်လို့ ဟောခဲ့ပါတယ်တဲ့။ (၂ လာကြောင့် သားစွန့်တယ်လို့ဟောပါတယ်တဲ့ခင်ဗျ။)
  • ၈x၆ (၈ဟုဒသာ ၆ဟု အန္တရအချိန်) (၁၁.၇.၇၂ မှ ၁၁.၃.၇၅)ကြား လူညာနဲ့တွေ့ကာ မင်္ဂလာအခမ်းအနားမရဘဲ၊ မြောက်နန်းဆံဘ၀ကို ရောက်မယ်လို့ ဟောခဲ့ပါတယ်တဲ့။ (၆ ကြာကြောင့်ပေးဆပ်ရတယ်လို့ ဟောပါတယ်တဲ့ခင်ဗျ။)
  • ၈x၃ (၈ဟုဒသာ ၃င်္ဂါ အန္တရအချိန်) (၅.၈.၇၇ မှ ၂၃.၈.၇၈)ကြား ကြီးသူနဲ့အိမ်ထောင်ကျမည်ဟု ဟောခဲ့တယ်ဆိုပါတယ်။(၃ င်္ဂါကြောင့် စံစားရမယ်လို့ ဟောခဲ့ပါတယ်တဲ့ခင်ဗျ။)
ဟောပြောစဉ်မှာ ပထမနှစ်ချက်ကို ၀န်ခံ၍ တတိယအချက်မှန်ပြီးမှ နောက်တစ်ခေါက်ပြန်လာပူဇော်၍ မှန်ကြောင်းထပ်ဝန်ခံသွားတယ်ဆိုပါတယ်။
လေ့လာရန်သက်သက်တင်ပြခြင်းသာဖြစ်ပါတယ်။ ကျွန်တော့်ပညာနုနုလေးနဲ့ ဘာမှ မဝေဖန်ရဲပါခင်ဗျ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။