မိဘတွေရဲ့ ကျန်းမာရေး (၆)

ယခုတင်ပြမှာကတော့ ပိဏ္ဍတက္က၀ဂ္ဂစနစ်လို့ဆိုပါတယ်။ ဂြိုလ်တစ်လုံးက ပေးတဲ့ အသက်ကိုတွက်နိုင်ပါတယ်။ သက်တန်းခန့်မှန်းရာမှာလည်း သုံးတယ်လို့ဆိုပါတယ်။ ဂြိုလ်တစ်လုံးချင်းဆီကိုတွက်ပြီး ပေါင်းလိုက်ရင် ဇာတာရှင်ရဲ့ ဂြိုလ်ကပေးတဲ့သက်တမ်းကိုရပါတယ်။

တကယ်ပဲဒီအသက်အရွယ်ထိနေရမယ်လို့ ယုံတာကြီးကတော့ ပစ္စုပ္ပန်ကံကို ပယ်ရာကျပါတယ်။ သင့်တင့်လျှောက်ပတ်အောင်တွေးမယ်ဆိုရင်တော့ ရှေးကံအကျိုးကတော့ ဒီ၍ဒီမျှ အသက်ရှည်မယ်ပေါ့ဗျာ။ ထပ်တိုး ထပ်လျှော့တာတော့ ကျွန်တော်တို့ရဲ့ ပစ္စုပ္ပန်ကံဆိုပါတော့။
မူလဇာတာကပေးတာဆိုတော့ မွေးရပ်မှာနေလို့ ဒီအချိန်ပြည့်ရင်ကျမ်းမာရေးချို့တဲ့မယ့်သဘောပေါ့လေ။ တကယ်လို့များ ပြင်ချင်ဆင်ချင်တယ်ဆိုရင်တော့ ကောဇာဂြိုလ်တွေက ပြုပြင်နိုင်လေအောင် ရပ်ဝေးကို ညအိပ်ညနေ ရွှေ့ပြောင်းနေထိုင်မယ်ဆိုရင် အလွယ်ဆုံး ယတြာနည်းလေးများဖြစ်မလားလို့တွေးမိပါတယ်။ ကျွန်တော့်အတွေးသက်သက်သာဖြစ်၍ လက်မခံသင့်ကြောင်း တိုက်တွန်းပါရစေခင်ဗျာ။

ပထမတွက်ချက်ရမှာက ရာသီဂုရုကာရလို့ ခေါ်ပါတယ်။ ရာသီအလိုက် အဆင့်တိုးပေးတာပါ။ ဧကဓိပတိက ဗိန္ဓုလုံးလေးတွေကို ရပ်ရာ ရာသီအလိုက်မြှောက်ရမှာပါ။ သုညရထားတွေအတွက်တော့ မြှောက်ရသက်သာတာပေါ့ဗျာ။

မြှောက်ဖေါ်ကိန်းတွေကတော့
မိဿ(၇)၊ ပြိဿ(၁၀)၊ မေထုန်(၈)၊ ကရကဋ်(၄)၊ သိဟ်(၁၀)၊ ကန်(၅)၊ တူ(၇)၊ ဗြိစ္ဆာ(၈)၊ ဓနု(၉)၊ မကာရ(၅)၊ ကုန်(၁၁)၊ မိန်(၁၂) ဖြစ်ပါတယ်။ ဧကဓိပတိက မိဿမှာ ၁ ရှိရင် မိဿမြှောက်ဖေါ်ကိန်း ၇ နဲ့ မြှောက်လိုက်ပါ။ ဒီလိုနဲ့ ရာသီအားလုံးအတွက် မြှောက်ဖေါ်ကိန်းအသီးသီးနဲ့ မြှောက်လိုက်တဲ့အခါမှာ အမှတ်အသီးသီးရပါတယ်။ သူတို့အားလုံးပေါင်းကို ရသီဂုရုကာရပြုရာက ရတဲ့ အမှတ်(ရာသီပိဏ္ဍာ)လို့ မှတ်ထားပါမယ်။

ဒုတိယ ဂြဟဂုရုကာရကကိုဆက်သွားပါမယ်။ ရာသီစက်က ဂြိုလ်ရပ်ရာရာသီနဲ့ ဧကဓိပတိညှိတာဖြစ်ပါတယ်။ ၁နွေကစလို့ တွက်ကြည့်ပါ။ ၁ နွေဟာ မိဿမှာ ရပ်တယ်ဆိုပါတော့ ဧကဓိပတိက မိဿမှာ ရှိတဲ့ အမှတ်ကို ယူပါမယ်။ သူ့ကို ၁နွေဂြိုလ်မြှောက်ကိန်းနဲ့ မြှောက်ပါမယ်။ ဂြိုလ်အသီးသီးအတွက် မြှောက်ဖေါ်ကိန်းတွေကတော့
၁နွေ(၅)၊ ၂လာ(၅)၊ ၃င်္ဂါ(၈)၊ ၄ဟူး(၅)၊ ၅တေး(၁၀)၊ ၆ကြာ(၇)၊ ၀နေ(၅) တို့ဖြစ်ပါတယ်။
ဂြိုလ်အသီးသီးအတွက်ရလာတာတွေကို ပေါင်းလို့ ရလာတဲ့အမှတ်ဟာ ဂြဟဂုရုကာရက ရလာတဲ့အ မှတ်(ဂြဟပိဏ္ဍာ)လို့မှတ်ထားပါမယ်။

ရာသီပိဏ္ဍာနဲ့ ဂြဟပိဏ္ဍာနှစ်ခုပေါင်းကို သောဂျပိဏ္ဍာလို့ခေါ်ပါတယ်။

သောဂျပိဏ္ဍာကို ၇ နဲ့မြှောက် ရလာတာကို ၂၇ နဲ့စားပါ။ ရလဒ်ဟာ ၂၇ ထက်ပိုရင် ၂၇ နှုတ်ပါ။ ရလဒ်ဟာ ၁နွေကပေးတဲ့ အသက်ဖြစ်ပါတယ်။

အောက်မှာ နမူနာတစ်ခုတွက်ပြထားပါတယ်။

ဗိန္ဓာတက္က၀ဂ္ဂစနစ်
ရာသီဂုရုကာရက
၂x၇=၁၄ ၀x၁၀=၀ 0x၈=၈ ၁x၄=၄ ၄x၁၀=၄၀ ၁x၅=၅ ၅x၇=၃၅ ၂x၈=၁၆ 0x၉=၀ ၀x၅=၀ 0x၁၁=၀ 0x၁၂=ဝ
စုစုပေါင်း ရာသီပိဏ္ဍာ= ၁၁၄

ဂြဟဂုရုကာရက
၁(ဓနု)- ၀x၅=ဝ
၂(ဓနု)- 0x၅=ဝ
၃(တူ)- ၅x၈=၄၀
၎(ဓနု)- 0x၅=ဝ
၅(ဓနု)- ၀x၅=ဝ
၆(ဗြိစ္ဆာ)- ၂x၇=၁၄
ဝ(တူ)- ၅x၅=၂၅
စုစုပေါင်း ဂြဟပိဏ္ဍာ= ၇၉

သောဂျပိဏ္ဍာ= ၁၁၄+၇၉= ၁၉၃
(၁၃၉x၇)/၂၇= ၅၀.၁ = ၅၀ နှစ် ၁ လ
၂၇ ကျော်၍ နှုတ်သော် တနင်္ဂနွေသောဂျပိဏ္ဍာ= ၂၃ နှစ် ၁ လ။

ဒီနည်းနဲ့ပဲ ဂြိုလ်အားလုံးအတွက် သက်တမ်းတွက်ချက်နိုင်ပါပြီ။ အားလုံးပေါင်းလို့ ရတဲ့ သက်တမ်းဟာ လူတစ်ယောက်အတွက် အဌ၀ဂ္ဂက ပေးတဲ့ သက်တမ်းဖြစ်ပါတယ်။ အခြား သက်တမ်းတွက်နည်းတို့ကိုလည်း အလျှဉ်းသင့်သလိုဖေါ်ပြပေးပါ့မယ်ခင်ဗျာ။ ဆက်လက်၍ မိခင်မှသည် ဆွေးမျိုးတို့တိုင် အဌ၀ဂ္ဂအဟောများကိုသာ စုဆည်းတင်ပြပါတော့မယ်ခင်ဗျာ။

3 comments:

Oak Soe MMTL said...

လာရောက် ဖတ်ရှု အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုပခန်းခင်ဗျား။ ကျွန်တော်ကတော့ လီနော်မန် ကတ်တွေကို ပိုစိတ်ဝင်စားပါတယ်။ Astrological Lenormand ဆိုပြီး ကတ်ပြားတွေ ရှိပါတယ်။ ကိုပခန်းဆိုရင်တော့ အလွယ်တကူ လေ့လာနိုင်မယ်လို့ ထင်ပါတယ်။ ဒီလင့်ခ်မှာပါ...

http://www.lenormand.eu/meaning-lenormand-astrological.php

ခင်မင် လေးစားစွာဖြင့်
အုပ်စိုး

mmtarotlenormand said...

အစ်ကိုရေ... အစ်ကို အဟောလေးကို ဘလော့ဂ်မှာ ခုလေးတင် တင်လိုက်ပါတယ်။ ခရီးထွက်စရာရှိလို့ အကို့ကို မေးလ်နဲ့ ကြိုမပို့မိတာကို တောင်းပန်ပါတယ်။ အကြံပေး မှတ်ချက် ပြုပါဦးခင်ဗျာ...။

ခင်မင်လေးစားစွာဖြင့်
အုပ်စိုး

ကိုပခန်း said...

လာလည်တာ ကျေးဇူးပါခင်ဗျာ။
ကျွန်တော်လည်း အစ်ကိုတို့ဘလော့မှာ ကွန်မန့်ပေးခဲ့ပါတယ်ခင်ဗျ။
အစ်ကို့ဟောပြောချက်တွေကို အရမ်းနှစ်သက်မိပါတယ်ခင်ဗျာ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။