excel သုံး၍ လေ့ကျင့်ခန်းဖြေရှင်းချက်

MOTAA – Astrology Course (Level-1) 

လေ့ကျင့်ခန်း သင်ခန်းစာ (၁)။ (အဖြေရှင်းလင်းချက်- တစ်စိတ် တစ်ပိုင်း)

သင်တန်းသား အချို့ထံမှ အဖြေများ လက်ခံရရှိနေပါသည်။ ဖြေဆိုထားပြီးသူများ သာမက အဖြေ မတင်ရသေးသူများ အတွက်ပါ အထောက်အကူ ဖြစ်စေရန် တစ်စိတ် တစ်ပိုင်း ရှင်းလင်းချက်ကို ဖေါ်ပြထားပါသည်။ အောက်ပါ ရှင်းပြချက်များမှာ Excel ကို အသုံးပြုတွက် အသုံးပြုထားသောကြောင့် ကွန်ပျူတာ နှင့် အကျွမ်းတ၀င် မရှိသူများ၊ Excel ကို မကျွမ်းကျင်သူများ အနေဖြင့် နားလည်ရန် အခက်အခဲ ရှိနိုင်ပါသည်။ သို့သော် MOTAA သင်ခန်းစာတွင် Excel ကို အသုံးပြု၍ တွက်ချက်များကို ပြုလုပ်ထားခြင်းကြောင့် သင်တန်းသား များအနေဖြင့် Excel မှ Formula များကို လေ့လာထားရန် အကြံပြုပါသည်။ တစ်ဆက်တည်းမှာပင် Excel ကို အသုံးပြု၍ တွက်သူများ အနေဖြင့်လည်း ဖြစ်နိုင်သရွေ့ ၄င်းတွင် ပါဝင်သော hh:mm:ss ဆိုသည့် အချိန်ပုံစံကို အသုံးပြုခြင်းကို ရှောင်ရှားစေလိုပါသည်။

မှတ်ချက်။  ။ excel တွင် 12:00:00 ဟု သုံးလိုက်ပါက ၁၂ နာရီကို ဆိုလိုလိုက်ပြီး ၄င်းကို ဒသမ ပြန်ဖွဲ့သောအခါ 0.5 ဟု ပြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ရက် ၂၄ နာရီဟု သတ်မှတ်ပြီး ၁၂ နာရီသည် နေ့တစ်ဝက် (တနည်းအားဖြင့် 0.5) ဟု ဖေါ်ပြခြင်းဖြစ်ပါသည်။ ကိုပခန်း

ရုတ်တစ်ရက်အားဖြင့် ဤနည်းသည် အစပိုင်းတွင် လွယ်ကူမည် ဖြစ်သော်လည်း နောင်တွင် အခက်အခဲ အချို့ တွေ့လာနိုင်ပါသည်။ အောက်ပါ ရှင်းလင်းချက်တွင် တစ်ဆင့်ချင်း ရှင်းပြထားသဖြင့် ဇယားပုံစံ အဆင့်ဆင့်မြင်ရပြီး အလွန်ရှုပ်ရန်ကော ဟု လန့်မသွားစေချင်ပါ။ သဘောတရား နားလည်ပါက နောက်ပိုင်း တွက်ချက်မှုများတွင် မည်သို့ ပုံစံဖြင့် ကျစ်ကျစ်လစ်လစ် ရေးတွက်ရမည်ကို သဘောပေါက်ပါလိမ့်မည်။ မေးခွန်းအနေဖြင့် အောက်တွင် ဖေါ်ပြထားသည့် အတိုင်း လဂ်နှင့် ဂြိုဟ်တို့၏ တည်နေရာကို ရာသီ၊ ဒီဂရီ၊မိနစ် ပုံစံဖြင့် ဖေါ်ပြထားသည်။



သင်တန်းသား များအနေဖြင့် တွက်ချက်ရာတွင် မိမိတို့ အားသန်ရာ အလိုက် ကွဲပြားမှု ရှိနိုင်သော်လည်း အောက်တွင် ဖေါ်ပြထားသော အဆင့်ပုံစံများဖြင့် တွက်ချက်လျှင် နောက်လေ့ကျင့်ခန်း များအတွက်သာမက လက်တွေ့ဇာတာများ စစ်ဆေးလေ့လာရာတွင် ပို၍ လွယ်ကူပါလိမ့်မည်။

အဆင့်(၁) ဒီဂရီ၊ မိနစ် ပုံစံ ကို ကို ဒဿမ စနစ် ဒီဂရီ ပုံစံ အဖြစ်သို့ ပြောင်းပါ။
 ဥပမာ- ၁၇း၂၁ ဆိုသည်မှာ- ၁၇-ဒီဂရီ၊ ၂၁-မိနစ်၊ ၀ စက္ကန့် ကို ဆိုလိုခြင်း ဖြစ်သည်။

အောက်တွင် ရှင်းပြထားကို လေ့လာပါ။ ၁၇-ဒီဂရီ = ၁၇-ဒီဂရီ ၂၁-မိနစ် = ၂၁ / ၆၀= ၀.၃၅ ဒီဂရီ ၀ စက္ကန့် = ၀ / ၃၆၀၀= ၀ ဒီဂရီ ထို့ကြောင့်- ၁၇-ဒီဂရီ၊ ၂၁-မိနစ်၊ ၀ စက္ကန့် = ၁၇.၃၅ ဒီဂရီ ဟု ရလာပါလိမ့်မည်။ ထိုနည်းတူ- အခြားသော ဒီဂရီ၊ မိနစ် စက္ကန့် တို့ကို- ဒီဂရီ တန်ဘိုး- ဒဿမပုံစံ အဖြစ်သို့ ပြောင်းပေးပါ။


အဆင့်(၂) ၄င်းနောက်- ရာသီတစ်ခုချင်းစီ၏ စမှတ် ဒီဂရီတန်ဘိုးကို ဖြည့်သွင်းပေးပါ။ မမှတ်မိလျှင် သင်ခန်းစာ (၂) စာမျက်နှာ (၇) တွင် ပြန်ကြည့်ပါ။အောက်တွင် ပြထားသည့်အတိုင်း ဗြိစ္ဆာရာသီ၏ စမှတ်သည်၂၁၀- ဒီဂရီ ရှိသည်။ အခြားသော - ရာသီတို့၏ အစ-တန်ဘိုးများကို လည်း ဖြည့်သွင်း ပေးပါ။

ထို့နောက် စောစော ရထားသော တန်ဘိုးနှင့် ပေါင်းပေးလိုက်ခြင်းဖြင့် ရာသီ၊ ဒီဂရီ၊ မိနစ် တန်ဘိုး တို့သည် ဒဿမ စနစ်ပုံစံ ဒီဂရီ တန်ဘိုး များအဖြစ် ရလာပါမည်။ ဆိုလိုသည်မှာ အတိုင်းအတာများကို မိဿရာသီ၏ အစဖြစ်သော ၀-ဒီဂရီမှ တိုင်းတာ၍ ဖေါ်ပြလိုက်ခြင်း ဖြစ်သည်။





အဆင့်(၃) ထို့နောက် ပထမဦးစွာ ဖြစ်နိုင်သော ဂြိုဟ်ပူးနှင့် ဂြိုဟ်မြင်တို့ကို အောက်ဖေါ်ပြပါ အတိုင်း ချရေးလိုက်ပါ။ ၁-တန့်သည် အပူး ဖြစ်၍၊ သက်ဆိုင်ရာ ဂြိုဟ်မှ ၀ ဒီဂရီ အကွာအဝေး ဖြစ်၍၊ ၃-တန့်ဆိုသည်မှာ သက်ဆိုင်ရာ ဂြိုဟ်တည်နေရာမှ ၆၀-ဒီဂရီ တန်ဘိုးကို ထည့်ပေါင်းပေးခြင်း ဖြစ်သည်။ အောက်တွင် ဖေါ်ပြထားသည်ကို ကြည့်ပါ။




အကယ်၍ ပေါင်းလိုက်သော တန်ဘိုးသည် ၃၆၀-ဒီဂရီကို ကျော်လွန်သွားမည် ဆိုပါက ၄င်းကို ပြန်နှုတ်ပေးလိုက်ပါ။ အောက်တွင် ဖေါ်မြူလာ ရေးသွင်းပုံကို ပြထားသည်။ အညိုရောင် အကွက်များမှာ ထိုဂြိုဟ်တို့နှင့် မသက်ဆိုင်သော ကြောင့် ပယ်ထားခြင်း ဖြစ်သည်။


အဆင့်(၄) အဆင့်(၃) တွင် ရထားသော ကော်လံ တစ်ခုစီ တန်ဘိုးများမှ ဂြိုဟ်တို့၏ တည်နေရာ တစ်ခုချင်းကို နှုတ်ပေးပါ။ ယင်းသို့နှုတ်ရာတွင် အပေါင်း အနှုတ် တန်ဘိုး အရေးမကြီးပဲ အကွာအဝေးကို သာရအောင် နှုတ် ပေးပါ။





ဤ နေရာတွင် သတိထားရမည့် အချက်မှာ ဥပမာ အားဖြင့် ဂြိုဟ်တစ်လုံး၏ တည်နေရာသည် ၂-ဒီဂရီဖြစ်၍၊ အခြား ဂြိုဟ်တစ်လုံးသည် ၃၅၈-ဒီဂရီ တွင် တည်နေသည် ဆိုပါအံ့- ရုတ်တစ်ရက် နှုတ်လိုက်မိပါက တန်ဘိုးသည်  ၃၅၈-၂= ၃၅၆ ဒီဂရီ ဖြစ်ကာ ထိုဂြိုဟ်များ ၄-ဒီဂရီ အကွာအဝေးတွင် ပူးနေသည်ကို မမြင်ရပါ။ ထို့ကြောင့် ဖေါ်မြူလာ ပေးရာတွင် အောက်ပါ အတိုင်း သတိထားရန် လိုပါသည်။ ထို.ကြောင့် ခြားနားခြင်း တန်ဘိုးသည် ၃၃၀ ဒီဂရီထက် ပိုများလျှင်- ၃၆၀ ဒီဂရီမှ  ၄င်းခြားနားခြင်း ကိုနှုတ်ပေးပါ။ သင်တန်းသား များ အနေဖြင့် Excel ဖေါ်မြူလာ များကို သဘောပေါက်ထားပါက အလွန် အဆင်ပြေ ပါလိမ့်မည်။ အခြားသော အတန့်များမှလည်း တစ်ခုစီ ရှာ၍ အောက်ပါ အတိုင်း နှုတ်ပေးပါ။









အထက်တွင် ရရှိခဲ့သော အကွာအဝေးများ ထဲမှ- ဂြိုဟ်တစ်ခု ချင်းစီ အတွက် အငယ်ဆုံး အကွာအဝေးကို ရွေးချယ်စစ်ထုတ်လိုက်လျှင် အောက်ပါ အတိုင်း ရလာပါမည်။



ယခုအခါတွင် - လွှမ်းမိုးမှု အင်အားကို ရှာရန်အတွက်- ပေးထားသော ဂရပ်အရဖြစ်စေ၊ အောက်တွင် ဖေါ်ပြထားသော ဖေါ်မြူလာ အရ ဖြစ်စေ- ရှာပေးခြင်းဖြင့် သက်ဆိုင်ရာ  ဂြိုဟ်တစ်လုံးမှ အခြားတစ်လုံးပေါ်သို. လွှမ်းနေသော အင်အား ရလာပါလိမ့်မည်။

2 comments:

Unknown said...

Dear Sir, Would like to understand the this part of the formula.

(1/((SIN(ABS((RADIANS((90/15)*DC5)))))^2+1))-0.5)*2

What is it trying to do on cell value DC5?

Numan (MOTAA) said...

ကိုဌေး ရေ-
တကယ်တော့- ဒီဂရပ်က- Polynomial နဲ့ Sine Function တို့ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ပုံမှန် Sine ဆိုယင် ဒီပုံအတိုင်း မထွက်ပါဘူး- DC5 တန်ဘိုး ၀ မှာ ဂရပ် ရဲ. အမြင့် ဆုံးဖြစ်တဲ့- ၁၀၀% နဲ့၊ DC5 တန်ဘိုး ၁၅ ဆိုယင် ဂရပ် တန်ဘိုး ၀ အဖြစ်ရောက်အောင်- Constant တွေကို သင့်တော်အောင် ထည့်ထားပေးတာ ဖြစ်ပါတယ်။ MOTAA Yahoo Group File session မှာ အဲဒီ Excel File ကို တင်ပေးထားပါတယ်။ အဲဒီ ပုံနဲ့၊ သူ့ဘေးက ပုံမှန် Sine ဂရပ် ပုံနဲ့ ယှဉ်ပြထားတာ ဖြစ်လို့- နားလည်နိုင်လိမ့်မယ် ထင်ပါတယ်။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။