မိဘတွေရဲ့ ကျန်းမာရေး (၄)

အရင်ပိုစ်ကအဆက်ဖြစ်တဲ့ ဗိန္ဓုဝဂ္ဂမှတစ်ဆင့် ဓာတုကြိဂေါဏစနစ်ကို ဆက်လက်တင်ပြပေးပါမယ်ခင်ဗျာ။
ဓာတ်သဘောအရ ပိုင်းဖြတ်ခြင်းဖြစ်ပါတယ်။
ယှဉ်ထိုးဆုံးဖြတ်ရမှာတွေကတော့ ဓာတ်လေးပါးပြ ရာသီအစုလိုက်ဖြစ်ပါတယ်။ ကြိဂံအချွန်းလေးတွေအရ ဆုံးဖြတ်ရတာဖြစ်ပါတယ်။ မိဿ၊ သိဟ်၊ ဓနု တို့ကတစ်တွဲ၊ ပြိဿ၊ ကန်၊ မကာရ တို့ကတစ်တွဲ၊ မေထုန်၊ တူ၊ ကုမ် တို့က တစ်တွဲ၊ ကရကဋ်၊ ဗြိစ္ဆာ၊ မိန် တို့ကတစ်တွဲ ၄ တွဲရှိပါတယ်။ မျက်စိထဲကိုအရှင်းဆုံးဖြစ်အောင်ဖေါ်ပြရမယ်ဆိုရင် အောက်ကပုံလေးကို ကြည့်နိုင်ပါတယ်ခင်ဗျာ။
ပထမသုံးခုတွဲကိုကြည့်ပြီး ဆုံးဖြတ်ကြည့်လိုက်ပါ။ နည်းစနစ်တွေကတော့
(၁) သုံးအိမ်လုံး အမှတ်မတူက အစဉ်လိုက်နှုတ်ပါ။
ဥပမာ။ ။ ၂-၃-၅ => ၀-၁-၂။ ၁-၂-၆ => ၀-၁-၅။
(၂) အမှတ်တူ နှစ်ခုရှိရင် တူတဲ့ အရေအတွက်ထဲက မတူတာ တစ်ခုကို နှုတ်ပြီး အနှုတ်ခံရသူအထဲ ပြန်ထည့်လိုက်ပါ။ နည်းတဲ့အိမ်ကတော့ သုညပါပဲ။
ဥပမာ။ ။ ၅-၄-၅ => ၁-၀-၁၊ ၃-၅-၅ => ၀-၂-၂။
(၃) ၁ နေရာဟာ သုည ဖြစ်ရင် ဘာမှ ချုံ့စရာမလိုပါ။ နဂိုအတိုင်းပြန်ထည့်ပါ့မယ်။
ဥပမာ။ ။ ၀-၄-၅ => ၀-၄-၅။
(၄) ၂ အိမ်ဟာ သုညဖြစ်ရင် သုံးအိမ်လုံးကို သုညလို့ပြင်ထည့်လိုက်ပါ။
ဥပမာ။ ။ ၀-၀-၅ => ၀-၀-၀၊ ၀-၄-၀ => ၀-၀-၀။
(၅) ၃ အိမ်လုံးအမှတ် တူပါက အားလုံး သုညပြောင်းထည့်လိုက်ပါ။
ဥပမာ။ ။ ၅-၅-၅ => ၀-၀-၀၊ ၃-၃-၃ => ၀-၀-၀။
အောက်မှာ နမူနာ တစ်ခုပြထားပါတယ်ခင်ဗျာ။
ဧကဓိပတိစနစ် ကိုဆက်လက်တင်ပြပေးပါ့မယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။