အသက်မွေးဝမ်းကျောင်းလုပ်ငန်း

လူတစ်ယောက်ရဲ့ အသက်မွေးမှုနဲ့ ပတ်သတ်တဲ့ အဟောတွေကို " ဟောရာသာရ နက္ခတ်ဗေဒင်ကျမ်း " မှ ကူးယူဖေါ်ပြပါ့မယ်ခင်ဗျား။

ဇာတာရှင်ရဲ့ စီးပွါးရပုံတွေကို လဂ်၊ တနင်္ဂနွေ၊ တနင်္လာ မှ အားကြီးရာ ဂြိုလ်ရဲ့၁၀ တန့်ရပ်ဂြိုလ် နှင့် ၁၀ တန့်အိမ်ရှင် န၀င်းစီးရာ န၀င်းသခင်ဂြိုလ်ကို ကြည့်ပြီး ဆုံးဖြတ်ရပါမယ်တဲ့ခင်ဗျ။
မှတ်ချက်အားကြီးရာကိုရှာဖို့ ဒီပိုစ့်မှာဖတ်ပါခင်ဗျာ။

လဂ်၊ ၁ နဲ့ ၂ မှ အားကြီးရာဂြိုလ်ရဲ့ ၁၀ တန့်မှာ

  • ၁ နွေရပ်က ဖခင်
  • ၂ လာရပ်က မိခင်
  • ၃ င်္ဂင်္ါရပ်က သားချင်းရန်သူပြိုင်ဘက်
  • ၄ ဟူးရပ်က ဆွေမျိုးမိတ်ဆွေ
  • ၅ တေးရပ်က အစ်ကိုအစ်မ ဆရာသမား၊ ညီအစ်ကို
  • ၆ ကြာရပ်က ဇနီးခင်ပွန်း
  • ၀ ရပ်က အဆင့်နိမ့်သူ လက်အောက်ငယ်သားဖခင်နှင့်စပ်ဆက်တဲ့ လုပ်ငန်း၊ အမွေတို့နဲ့ပတ်သက်မယ်။

လဂ်၊ ၁ နဲ့ ၂ မှ အားကြီးရာဂြိုလ်ရဲ့ ၁၀ တန့်သခင် သို့မဟုတ် ထိုအားကြီးရာဂြိုလ်ရဲ့ န၀င်းသခင်ဟာ ဇာတာရှင်ရဲ့ အသက်မွေးမှုကို ပြပါတယ်။
အထူးသဖြင့် န၀င်းသခင်ဟာ
  • ၁ နွေန၀င်းဖြစ်က သစ်သီးသစ်ပင်၊ ဆေးဝါး၊ ဓာတ်သတ္တု၊ ပန်းပု၊ လောင်းကစား၊ မုသား၊ လိမ်လည်မှု၊ မင်းအစိုးရ စသည်တို့နဲ့ ဆက်စပ်ပါတယ်။
(အထူးသဖြင့် ၁ နွေသည် ၂ လာမှ ၁၀ တန့်ဖြစ်က အသက်မွေးဝမ်းကျောင်း အထူးအောင်မြင်ပါ့မယ်။ နိုင်ငံရေးသမားကောင်းဖြစ်နိုင်မယ်လို့ဆိုပါတယ်။)
  • ၂ လာန၀င်းဖြစ်က ပရိတ်ဂါထာရွတ်ဖတ်ခြင်း၊ နတ်ပူဇော်ခြင်း၊ ရေထွက်ပစ္စည်း၊ အ၀တ်အထည်၊ သကြား၊ အမျိုးသမီးအသုံးအဆောင် စသည်တို့နဲ့ ဆက်စပ်ပါတယ်။
(အထူးသဖြင့် ပုဏ္စစန်းဟာ လဂ်/၁နွေမှ ၁၀ တန့်ရပ်ပါက မိခင်အမွေအနှစ်ရပြီး လက်ဝတ်ရတနာ၊ လှေသင်္ဘော ငါးလုပ်ငန်းများ အကျိုးပေးတတ်ပါတယ်။)
  • ၃ င်္ဂါန၀င်းဖြစ်က ခွဲခြမ်းစိတ်ဖြာစာပေသင်ကြားခြင်း၊ မနတြန်ရွတ်ခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ လက်နက်ကိုင်ခြင်း၊ ခွဲစိတ်ခြင်းဆေးပညာ၊ မင်းမျိုး စသည်တို့နဲ့ ဆက်စပ်ပါတယ်။
(အထူးသဖြင့် ၃ င်္ဂါဟာ လဂ်စန်းတနင်္ဂနွေမှ ၁၀ တန့်မှာရပ်က လက်နက်ရောင်းဝယ်ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်ခြင်းတို့ အကျိုးပေးတတ်ပါတယ်။)
  • ၄ ဟူးန၀င်းဖြစ်က စာပေရေးသားခြင်း၊ ပုံဆွဲခြင်း၊ လောင်းကစားခြင်း၊ က ခုံ ခြင်း၊ အလှူခံခြင်း၊ ဟောပြောခြင်းတို့နဲ့ ဆက်စပ်ပါမယ်။
(အထူးသဖြင့် ၄ ဟူးဟာ လဂ်စန်းတနင်္ဂနွေရဲ့ ၁၀ တန့်မှာ ရပ်ရင် နက္ခတ်ဗေဒပညာရှင်၊ မျက်လှည့်ဆရာ၊ သဘင်ပညာသည်၊ သိပ္ပံသုတေသနပညာရှင်တို့ဖြစ်တတ်ပါတယ်။)
  • ၅ တေးန၀င်းဖြစ်က ဘာသာရေး၊ ပညာရေး၊ ဘုရားလူကြီး၊ နက္ခတ္တ မင်းရေးမင်းရာတို့နဲ့ ဆက်စပ်ပါ့မယ်။
(အထူးသဖြင့် ၅ တေးဟာ လဂ်စန်းတနင်္ဂနွေရဲ့ ၁၀ တန့်မှာရှိက တရားဥပဒေ၊ နိုင်ငံရေး၊ ဆေးဝါး၊ နက္ခတ္တ ပညာများနဲ့ အကျိုးပေးပါ့မယ်။)
  • ၆ ကြာန၀င်းဖြစ်က ဆင်မြင်းမွေးမြူခြင်း၊ အလှအပနှင့်ဆက်စပ်သောလုပ်ငန်းများ၊ တေးသီချင်းလုပ်ငန်း များနှင်းဆက်စပ်ပါ့မယ်။
(အထူးသဖြင့် ၆ ကြာဟာ လဂ်စန်းတနင်္ဂနွေရဲ့ ၁၀ တန့်မှာရှိက နို့ထွက်ပစ္စည်းလုပ်ငန်းများ၊ အထည်အလိပ်လုပ်ငန်း၊ ရုပ်ရှင်ပြဇာတ်လုပ်ငန်း၊ ပွဲရုံလုပ်ငန်းတို့နဲ့ အကျိုးပေးပါ့မယ်။)
  • ၀ နေန၀င်းဖြစ်ပါက လက်လုပ်လက်စား၊ အစေခံ၊ အိမ်မှုကိစ္စများနှင့် ဆက်စပ်ပါ့မယ်။
(အထူးသဖြင့် ၀ နေဟာ လဂ်စန်းတနင်္ဂနွေမှ ၁၀ တန့်မှာရှိက သံသံမဏိလုပ်ငန်း၊ ကျောက်မီးသွေးဓာတ်သတ္တုလုပ်ငန်း၊ အနက်ရောင် ပစစြည်းများ၊ တရားဥပဒေလုပ်ငန်းများနှင့်အကျိုးပေးပါ့မယ်။)

  • ထို န၀င်းသခင်ဟာ အလွန်းအားကောင်းပါက ပင်ပန်းစွာကြိုးစားရခြင်းမရှိဘဲ လွယ်ကူစွာကြီးပွါးပါ့မယ်။ နိစ်အံသာမှာ ရပ်က အနည်းငယ်မျှသာကောင်းကျိုးပေးပါ့မယ်။ (နိစ်မူပြီး ဥစ်န၀င်းစီးမှု နိစ္စဘင်္ဂယုဂ်များကို ဆိုလိုဟန်မတူပါ။)

  • ၁၀ တန့်ကို မိမိအိမ်ရှင်မြင်က မိမိမွေးရာဇာတိတွင်သာ အသက်မွေးရပြီး အခြားသော ဂြိုလ်များမြင်ယှဉ်ပါက တိုင်းတပါးမှာ အသက်မွေးရတတ်ပါတယ်။ လွမ်းမိုးသမျှ ဂြိုလ်တိုင်းက အနက်ဖေါ်သွားတဲ့သဘောမျိုးပါခင်ဗျ။

  • န၀င်းသခင်ဟာ စရရာသီစရန၀င်းမှာ စီးက အခြားအရပ်မှာ နေရသည့်တိုင် ပျော်ရွှင်ချမ်းမြေ့နိုင်ပါ့မယ်။ ထိရရာသီ ထိရန၀င်းမှာ ရပ်က မိမိဇာတိတွင်သာနေရပါမယ်။ ဒွေဒဟရာသီတွေမှာ ရပ်ရင်တော့ ဒေသမရွေးလှည့်လည်လှုပ်ရှားနေရသူသာဖြစ်ပါမယ်။

  • နောက်တနည်းအားဖြင့် ၁၀ တန့်ဘာဝကို ၁၀ တန့်သခင်မြင်က မိမိဒေသမှာသာနေရပါမယ်။ ၁၀ တန့်ဘာဝဟာ ထိရရာသီဖြစ်ကလည်း မိမိဒေသမှာသာ နေရပါ့မယ်။

  • ၁၀ တန့်သခင်စီးနင်းတဲ့ န၀င်းသခင်ဟာ ၀ကြသွားပါက ငွေကြေးဥစ္စာကို နည်းမျိုးစုံနဲ့ ရှာဖွေရရှိကြပါမယ်။
  • ၂ လာမှ ၁၀ တန့်မှာ အားကောင်းတဲ့ သောမဂြိုလ်ရပ်တာကို ပါပမြင်ယှဉ်ခြင်းမရှိက ထင်ပေါ်ကျော်ကြားပါ့မယ်။

တခြားကျမ်းများမှအဆိုများကိုလည်း ဆက်လက်တင်ပြပါ့မယ်ခင်ဗျား။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။