စီးပွားရေးလုပ်ငန်းရွေးမယ်ဆိုရင်(၁)

စီးပွားလုပ်ငန်းရွေးမယ်ဆိုရင် အကျိုးပေးနိုင်မှာတွေကို အရင်စဉ်းစားရပါမယ်။
ဂြိုလ်တစ်လုံးနဲ့ရတဲ့ယုဂ်(ဥပမာ ၇ တန့်ရပ်သောမ)တွေနဲ့ ကိန်းနဲ့ တြိဂေါဏပေါင်းလို့ရတဲ့ ယုဂ်တွေက ရာဇယုဂ်ကိုပေးပါတယ်။
ရာဇယုဂ်ဆိုတော့ မင်းဖြစ်မယ်လို့ ဒဲ့မတွေးလိုက်ပါနဲ့ဗျာ။ ရပ်ထဲရွာထဲ သူခေါ်ရင်မလာဖြစ်လာရတဲ့ မောင်းထုသမားဟာလည်း ရာဇယုဂ်ပါပဲတဲ့။ ဒါ့ကြောင့်လည်း ၀ဂ္ဂအားတွေကို ချိန်ဆဖို့လိုတယ်ဆိုကြတာပါ။ နောက်ပိုင်းမှာ ဂြိုလ်အား ဘာဝအား ၀ဂ္ဂအားတွေကို အသေးစိတ်တင်ပြပါဦးမယ်။ လောလောဆယ် စီးပွားစသင့်တဲ့အချိန်ကိုရွေးကြပါစို့။

  • မူလဇာတာ(မွေးချိန်အရ ဖွဲ့တဲ့ဇာတာ)မှာ နိစ်မိသောဂြိုလ်များအတွက် ဂေါဇာဇာတာ(ယခုအချိန်အရ ဖွဲ့တဲ့ဇာတာ)မှာ ဥစ်န၀င်းစီးသောအချိန်၊ နိစ်မိသော်လည်း ဗျဂ္ဃဇာကျင့်ချိန် တွေမှာ လုပ်ငန်းစတင်သင့်ပါတယ်။
စသင့်တဲ့လုပ်ငန်းတွေကတော့ ၁၀ တန့်ဘာဝနဲ့
  • (၁) ဂြဟကာရက (ဂြိုလ်အားဖြင့် သဘောသဘာ၀၀ မိတ်ပြုသော) ဂြိုလ်၊
  • (၂) ဌာနကာရက (ရပ်တည်သောအတန့်သခင်ခြင်း ဆက်သွယ်သော) ဂြိုလ်၊
  • (၃) ခေတ္တကာရက (မြင်ခြင်းယှဉ်ခြင်း ကာရကပြုခြင်းဖြင့် ဆက်သွယ်သော) ဂြိုလ်၊
  • (၄) ယုဂ်သမ္ဗန္ဓ (ဆက်သွယ်နိုင်သော) ဂြိုလ် တို့

  • မိဿ-သိဟ်-ဓနု ရာသီတို့မှာတည်သော် စွမ်းရည်ထုတ်ရသောအလုပ်၊ စက်ကရိယာနှင့်ပတ်သတ်သောအလုပ်၊ ဆေးဝါးအင်းအိုင် ဂါထာမန္တယားတို့နှင့်ဆက်စပ်သော၊ ကိုယ်ပိုင်အာဏာသုံးရသောအလုပ်၊ ခွဲစိတ်ကုသရသောအလုပ်၊ စက်ကရိယာနှင့်ပတ်သတ်သောအလုပ်များ စတင်လုပ်ကိုင်သင့်ပါသည်။

  • ကြဋ်-ဗြိစ္ဆာ-မိန် ရာသီတို့မှာတည်သော် စူးစမ်းရသောအလုပ်၊ နှစ်ရှည်လများထူထောင်ရသောအလုပ်၊ ဆေးရောင်စုံလုပ်ငန်း၊ ဆေးရုံဆေးခန်းနှင့်ဆေးဝါးဖေါ်စပ်ရသောအလုပ်၊ ရေထွက်ပစ္စည်းသိုလှောင်ခြင်းနှင့်ဆက်စပ်သောအလုပ်၊ မြို့ပြအင်ဂျင်နီယာလုပ်ငန်း၊ အရောင်တင်အ၀တ်အထည် ပန်းချီပန်းပုနှင့်စပ်ဆိုင်သောအလုပ်၊ အစားအသောက်လုပ်ငန်းများ စတင်လုပ်ကိုင်သင့်သည်။

  • မေထုန်-ကန်-တူ ရာသီတို့မှာတည်သော် လေသုံးရသောလုပ်ငန်း၊ ခရီးဆက်သွယ်ရေး(ရေဒီယိုကက်ဆက်)နှင့်ဆိုင်သောလုပ်ငန်း၊ စာအုပ်စာပေနှင့်ဆက်စပ်သောလုပ်ငန်း၊ သဘင်တေးဂီတလုပ်ငန်း၊ အတုအယောင်လုပ်ငန်း၊ အရောင်တင်ဆေးဆိုးလုပ်ငန်း၊ နိဗ္ဗာန်ဆော်လုပ်ငန်း၊ ထောက်လှမ်းရေးလုပ်ငန်းတို့ စတင်လုပ်ကိုင်သင့်ပါသည်။

  • ပြိဿ-ကန်-မကာရ ရာသီများမှာတည်ပါက မိသားစုဝိုင်းဝန်းလုပ်ကိုင်ရသော လုပ်ငန်းကြီးများ၊ စွန့်စားတည်ထောင်ရသောလုပ်ငန်းကြီးများ၊ ရာသီထွက်ကုန် မြေထွက်ပစ္စည်းလုပ်ငန်းများ၊ စိုက်ပျိုးလေးဓာတ်သတ္တုလုပ်ငန်းများ၊ လက်မှုလုပ်ငန်း၊ နွားနို့ထောပတ် စည်သွပ်ဘူးစသည့်လုပ်ငန်းများ စတင်လုပ်ကိုင်သင့်ပါသည်။

  • လောလောဆယ် လုပ်ငန်းအခြေအနေမှာ ၁၀ တန့်အိမ်ရှင်ကို (ကောဇာဇာတာတွင်) သောမများညှပ်ထားခြင်း၊ မြင်ခြင်းယှဉ်ခြင်း၊ ၁၀ တန့်အိမ်တွင် သောမတည်ခြင်းမြင်ခြင်း၊ အိမ်ရှင်မြင်ခြင်းတို့မှာ လုပ်ငန်းအောင်မြင်မှုကိုပြသည်။

  • ၁၀ တန့်အိမ်ရှင်(သို့) စီးပွါးရေးကို အနက်ဖွင့်ဆိုသောဂြိုလ်တို့ (ရာသီအစပ်၊ဘာဝအစပ်တွင်တည်ကာ) သန္ဒိမိခြင်း၊ ပါပများညှပ်ခြင်း၊ ၁၀ တန့်ဘ၀အိမ်ရှင်ဒုဌာနတွင်ရပ်ခြင်း ပါပပူးယှဉ်ခြင်းတို့က လုပ်ငန်းဆုတ်ယုတ်မှုကိုပြသည်။ လုပ်ငန်းအမျိုးအစားများထပ်မံခွဲခြားနှိုင်ပုံကို ဆက်လက်တင်ပြပါမယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။