အာကာသသျှတ္တရ နှင့် အိန္ဒိယနက္ခတ္တ (၃)

ဘာ့ကြောင့် နက္ခတ်ဗေဒင်က အိန္ဒိယမှာ အမြစ်တွယ်ရတာလဲ

အေဒီ ၄၅၀ ခန့်က ပေါ်ပေါက်ခဲ့တဲ့ Aryavhata ဟာ အိန္ဒိယ အာကာသသျှတ္တရမှာ အရှည်ကြာဆုံးနာမည်ကျော်ခဲ့အစွမ်းအစရှိသူဖြစ်ခဲ့ပါတယ်။ သူဟာ နက္ခတ်ဗေဒင်ပေါ် မှီငြမ်းအလုပ်လုပ်ခြင်း မရှိခဲ့ပါ။ နေကြတ်လကြတ်တဲ့ အဖြစ်အပျက်တွေကို ရှင်းပြဖို့ ဘာစွမ်းအားဘာလျှို့ဝှက်မှုမှလည်း မရှာဖွေ မစူးစမ်းခဲ့ပါ။

မှတ်ချက်။ ။အာကာသသျှတ္တဆိုတာ နေလကြယ်ဂြိုဟ်တွေကိုလေ့လာတာဖြစ်ပြီး လူတစ်ယောက်ကံကြမ္မာနဲ့ ရောထွေးမယူဆတဲ့ ပညာဖြစ်ပါတယ်။ လပေါ်လူရောက်စေတာ အာကာသသျှတ္တရ astronomy ပညာပါ။

သူ့အလုပ်မှာဆိုရင် လမင်းက ၀င်ရောက်စွက်ဖက်လို့ နေဘယ်လိုကြပ်တယ်ဆိုတာတွေရှင်းပြပါတယ်။ ရာဟုနဲ့ကိတ် ဒဏ္ဍာရီမျိုးတောင် မထည့်ပါဘူး။ ဒါတောင်မှ ဘာလို့ အိန္ဒိယမှာ နက္ခတ်ဗေဒင် အစွဲကြီးစွဲသွားတာလဲ …

Aryabhatiya
၄၉၉ အေဒီ အချောသတ်ခဲ့တဲ့ Aryabhatiya ရဲ့ အလုပ်တွေမှာဆိုရင်
(၁) ကမ္ဘာကနေကိုပတ်တာထက်၊ တစ်နေ့တာမှာ (မိမိဝန်ရိုးပေါ်) လည်ပတ်နေတာတွေ၊
(၂) ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကနေ အရာဝတ္တုတွေလွင့်ထွက်မသွားစေတဲ့ မြေဆွဲအားသီအိုတွေ၊
(၃) ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကအရာဝတ္တုတွေရဲ့ “အပေါ်” နဲ့ “အောက်” အခေါ်အဝေါ်ပြောင်းလဲနိုင်မှုအပေါ် သတိပြုမှုတွေ၊
(၄) နေကြတ်လကြတ်ခြင်းတို့ရှင်းလင်းရာမှာ ကမ္ဘာအရိပ်လပေါ်ထင်တာ၊ လအရိပ်နေပေါ်ထင်တာစတဲ့ အချက်အသုံးပြုတာ စသည်ဖြင့်ပါဝင်ခဲ့ပါတယ်။


Aryabhat ကာလ

ဒီကာလမှာ Aryabhata နဲ့ သူ့နောက်လိုက်တွေ ဟာ ဟိန္ဒူဘုရားကျောင်းတွေတင်မကပဲ ဆန်းချီအရပ်က ဗုဒ္ဓဘာသာဘုရားကျောင်းတွေ Nalanda နဲ့ Nagarjundafhonda စတဲ့ တက္ကသိုလ်တွေတိုင် စိမ့်ဝင်နေထိုင်ကြပါတယ်။ ဒီကာလဟာ ဂျိမ်း၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ ဘာသာတရားတွေကြား သာသာရေးဆိုင်ရာတွေးတောညှိနှိုင်းမှုတွေ နားလည်မှုတွေရတာကြောင့် global ideas ဖွံ့ဖြိုးရာကာလ ဖြစ်ခဲ့ပါတယ်။


ဟိန္ဒူဝါဒ ပြန့်ပွားလာခြင်း
မကြာမီမှာပဲ အိန္ဒိယအစိတ်အပိုင်းတော်တော်များများမှာ ဟိန္ဒူအရေးပါလာပါတယ်။ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုတွေ ပိုမိုအရေးပါလာပါတယ်။ နည်းပညာသိပ္ပံများဟာလည်း တိုးရှိုးတိမ်မြုပါပျောက်ကွယ်ကုန်ပါတယ်။ အသစ်တွေးတာ တီထွင်တာတွေဆိုတာ မရှိလာတော့ပါ။
ဆက်လက်တင်ပြပေးပါမယ်ခင်ဗျာ။

အာကာသသျှတ္တရပညာရပ် တိုက်ခိုက်ခံရ

Aryabhatta ကဲ့သို့ သိပ္ပံပညာရှင်တွေဟာ အတိုက်အခိုက်ခံရပါတယ်။ Jyotrivids လို့ ခေါ်ဝေါ်ကြတဲ့ အာကာသသျှတ္တရ ပညာရှင်များဟာလည်း မကောင်းသတင်း မတရားသင်း ကြေညာခံရပါတယ်။ နောက်တော့ ဗြဟ္မဏတွေဟာ Jyotirvidya ဆိုတဲ့ အာကာသသျှတ္တရလေ့လာသူများ အဖြစ်မှသည် Daivaidnyas ဆိုတဲ့ ကြယ်တွေလေ့လာပြီး လူ့ကံကြမ္မာသိသူ၊ အနာဂတ်ကို ဟောနိုင်သူများလို့ နာမည်ပြောင်းလဲ သုံးလာကြရပါတော့တယ်။

Brahmasiddhanta က ပြောပါတယ် “တစ်ချို့လူတွေကတော့ နေကြတ်လကြတ်တာတွေဟာ နတ်ဘုရားကြောင့်မဟုတ်ဘူးလို့ထင်ကြပါတယ်။ Varahamihira , Shrishena (ခရစ်စတီးနား) Aryabhaya နဲ့ Vishnuchandra တို့ဟာ နေကြတ်လကြတ်တာဟာ နတ်ဘုရားကြောင့်ဖြစ်တာမဟုတ်၊ လအရိပ်နေအရိပ်ကြောင့်သာလို့ (အစဉ်အလာကို ဖေါက်ဖျက်) လက်ခံထားကြပါတယ်။”

မှတ်ချက်။ ။ Brahmasiddhanta နာမည်နဲ့ ရှာဖွေကြည့်တဲ့အခါ Brahmasphuta-siddhanta ဆိုတဲ့ နာမည်တွေ့ရပြီး သူကတော့ AD 628 ခန့်မှာ ပေါ်ပေါက်ခဲ့ပြီး၊ သုညနဲ့ပတ်သတ်တဲ့ အတွေးတွေ၊ (ဥပမာ သုညကို သုညနဲ့စားရင်) အနှုတ်အပေါင်းသဘာဝ၊ square root တွက်ပုံ၊ linear quadratic နဲ့ series သဘောတရားတွေ ရေးသားပြုစုခဲ့တယ်လို့သိရပါတယ်။ အသေးစိတ် ဖတ်ရှုနိုင်ရန် http://en.wikipedia.org/wiki/Brahmasphutasiddhanta

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။