၆ကြာဂြိုလ်၏ဒသာကာလ

  • မိဿရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

ဇနီးမယား(အမျိုးသမီးများ)ထံမှပျော်ရွှင်သုခရမည် ငွေကြေးနှင့်ပတ်သတ်၍ သိက္ခာကျတတ်သည် စိတ်လှုပ်ရှားလွယ်၍ သည်းမခံနိုင်ဖြစ်နေမည် အရှင်သခင်သဘာဝရှိမည်

  • ပြိဿရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

သျှတ္တရပညာများဖြင့် ဉာဏ်ပညာကွန့်မြူးနေမည် သားသမီးအကျိုးပေး၍ လှူဒါန်းမှုများပြုဖြစ်မည်

  • မေထုန်ရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

အလွန်စိတ်ထက်သန်နေ၍ အလုပ်မျိုးစုံလုပ်ဖြစ်မည် ရပ်ဝေးမြေခြားတွင်နေထိုင်ရတတ်သည်

  • ကရကဋ်ရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

ဇနီး၂ဦးရှိတတ်သည် လောကီစည်းစိမ်ပြည့်တတ်သည် သီလဖြူစင်နေတတ်သည်

  • သိဟ်ရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

ထင်ရှားသောအမျိုးသမီးနှင့်ပတ်သတ်၍ ဥစ္စာရတတ်သည် သားသမီးနည်းတတ်သည် ဉာဏ်ပညာထက်မြက်နေမည်

  • ကန်ရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

မိဘလက်ငုတ်လက်ရင်းလုပ်ငန်းများအကျိုးမပေးပေ ဇနီးမယားကစွန့်ခွာသွားတတ်သည် စိတ်အားထက်သန်မှုနည်းနေမည်

  • တူရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

အဆင့်မြင့်ပညာရေးလုပ်ငန်းများနှင့်ဆက်စပ်၍ ဥစ္စာရမည် စိုက်ပျိုးရေးလုပ်ငန်းများလည်းအကျိုးပေးမည်

  • ဗြိစ္ဆာရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

စကားများစွာပြောဖြစ်မည် သူတပါးကိုသာကူညီနေတတ်သည် ခိုက်ရန်ဖြစ်တတ်သည်

  • ဓနုရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

ရန်ကို ချေမှုန်း၍ အကြီးအကဲဖြစ်တတ်သည် မင်းမြောက်စားခံရမည်

  • မကာရရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

လောကဓံကိုကြံ့ကြံ့ခံနေရမည် ဇနီးမယား၏ဖြစ်တင်ခြင်းခံရတတ်သည် မိသားစုကြားပူပန်နေရမည်

  • ကုံရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

ဘာသာရေးလည်းမလုပ်ဖြစ် သူ့များချစ်ခြင်းကြား ၀င်ရောက်စွက်ဖက်ဖြစ်မည် စိတ်မထိန်းနိုင်ပဲနာမကျန်းဖြစ်မည် ကြီးကျယ်သောလုပ်ငန်းများမပြုဖြစ်ပေ

  • မိန်ရာသီတွင်ရပ်သော ၆ကြာ၏ဒသာ

မျိုးရိုးတွင်အရေးပါမည် ပညာတတ်၍၀င်ငွေရမည် စွဲဆောင်မှုကောင်းသောခန္ဓာရှိမည် များစွာလှုဒါန်းဖြစ်မည်

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။