ဂြိုလ်တို့၏သမ္ဗန္ဓများ (Contact or Conjunction of Planets)

ဂြိုလ်တို့ဆက်သွယ်အားပြုပုံ (Contact or Conjunction of Planets)
သမ္ဗန္ဓ ၆ မျိုးရှိပါတယ်
၁။ ပရိဝတ္တန ယောဂ သမ္ဗန္ဓ ( Change of House ) ရာသီပိုင်လဲခြင်း
၂။ အညမညဒဿနယောဂ သမ္ဗန္ဓ ( Mutual Aspect ) ပြန်လှန်မြင်ခြင်း
၃။ သာမိဒဿန ယောဂ သမ္ဗန္ဓ ( Aspect to Planet his Own ) မိမိအိမ်တွင်းဂြိုလ်ကိုမြင်ခြင်း
၎။ ဒဿနသာမိ ယောဂ သမ္ဗန္ဓ (Aspect from his home ) အိမ်ပိုင်ကိုပြန်မြင်ခြင်း
၅။ ယောဂ သမ္ဗန္ဓ ( Conjunction ) ဂြိုလ်ပူးခြင်း
၆။ န၀င်္ဂ သမ္ဗန္ဓ ( Contact of Navams ) န၀င်းစက်၌ဆက်သွယ်ခြင်း
၆(၁)။ န၀င်္ဂကုဏ္ဍာလ ပရိဝတ္တန ယောဂ သမ္ဗန္ဓ ( Change of Navams House ) န၀င်းပိုင်ခြင်းလဲလှယ်ခြင်း ၆(၂)။ န၀င်္ဂဌာနပရိဝတ္တန ယောဂ သမ္ဗန္ဓ ( Mutual Places of Navams ) ရာသီနှင့်န၀င်းပြန်လှန်ရပ်တည်ခြင်း ၆(၃)။ န၀င်္ဂယောဂ သမ္ဗန္ဓ ( Conjunction of Navams ) န၀င်းပြိုင်စီးခြင်း




  • ၁။ ပရိဝတ္တန ယောဂ သမ္ဗန္ဓ ( Conjunction ) ရာသီပိုင်လဲခြင်း
ရာသီစက်ကိုကြည့်ပါ့မယ်ခင်ဗျာ အိမ်ပိုင်ခြင်းလဲလှယ်ရပ်တည်ခြင်းကို ဆက်သွယ်တယ်လို့သတ်မှတ်ပါတယ် အောက်ကပုံကတော့ ဂြိုလ် နှစ်စုံ ဆက်သွယ်ပုံကို ဖေါ်ပြထားပါတယ်
  • ၅တေးက အိမ်ရှင် ၁နွေကို မိတ်ပြု၍ရပ်သလို ၁နွေကလည်း အိမ်ရှင် ၅တေးကို မိတ်ပြုပြီးရပ်လို့ အကောင်းဘက်ကို ဦးတည်နေတဲ့ဆက်သွယ်မှုပါ
  • ၃င်္ဂါ နဲ့ ၀နေက အပြန်လှန်ရန်ပြုတတ်တော့ ၃ နဲ့ ၀ ဆက်သွယ်ပုံက အဆိုးဘက်ကို ဦးတည်ပါမယ်




  • ၂။ အညမညဒဿနယောဂ သမ္ဗန္ဓ ( Mutual Aspect ) ပြန်လှန်မြင်ခြင်း
  • ဂြိုလ်တစ်လုံးအပြန်အလှန်မြင်ကြတဲ့ဆက်သွယ်မှုပါ ဂြိုလ်မြင်သဘောတွေသိထားမှဖြစ်ပါမယ် အောက်မှာတော့ ဂြိုလ်နှစ်စုံ ဆက်သွယ်ကြပုံကို ဖေါ်ပြထားပါတယ်

  • ၀ က ၃ ကိုရန်ပြုနေလို့ ၃ င်္ဂါရဲ့ ကောင်းကျိုးကျေးဇူးတွေက ခံစားမှုနည်းနေပါ့မယ်
  • ၂ နဲ့ ၅ ကတော့ အင်မတန်ကောင်းမွန်တဲ့ ဆက်သွယ်မှုမျိုးပါ



  • ၃။ သာမိဒဿန ယောဂ သမ္ဗန္ဓ ( Aspect to Planet his Own ) မိမိအိမ်တွင်းဂြိုလ်ကိုမြင်ခြင်း
  • မိမိအိမ်မှာ ဂြိုလ်တစ်လုံးကို ထားပြီး မိမိက လှမ်းမြင်ခြင်းပါ အောက်က နမူနာလေးတွေကို ကြည့်နိုင်ပါတယ်

  • ဥစ်ဂြိုလ် ၅တေး၏ အမြင်ကို ခံရသော ၃ မှာ ပိုမို အကျိုးကျေးဇူးရရှိမည်


  • ၂လာဂြိုလ်မှာလည်း ဥစ်၅တေးကြောင့် အကျိုးကျေးဇူးခံစားရမည်


  • ၄။ ဒဿနသာမိ ယောဂ သမ္ဗန္ဓ (Aspect from his home ) အိမ်ပိုင်ကိုပြန်မြင်ခြင်း
  • သူများအိမ်မှာ သွားနေကာ အိမ်ရှင်မျက်နှာ ကြည့်၍ ဆက်သွယ်ကြခြင်းဖြစ်သည်


  • ၃ နှင့် ၄ မှာ ရန်ဖြစ်၍ အမြင်ခံရသော ၄ မှာများစွာ နစ်နာသည်


  • ၅ ကမိတ်အမြင်ဖြင့်မြင်ခံရ၍ ၂ လာမှာ ကောင်းကျိုးခံစားရသည်

  • ၅။ ယောဂ သမ္ဗန္ဓ ( Conjunction ) ဂြိုလ်ပူးခြင်း
  • ဂြိုလ်များပူး၍ ဆက်သွယ်အားပြုကြခြင်းဖြစ်ပါတယ် ဂြိုလ်နှစ်လုံးပူးရာမှာ ရာသီတစ်ခုတွင်းပူးတာရှိသလို ရာသီခြားသော်လည်း နီးကပ်နေ၍ ဆက်သွယ်ကြပုံများလည်းရှိပါတယ် လောလောဆယ် ရာသီတစ်ခုတွင်းက ဂြိုလ်ပူးကို အားအရစဉ်မယ်ဆိုယင်

ဂြိုလ်နှစ်လုံးဟာ မိတ်/ရန်

အံသာနီး/ဝေး

ဟောရက် တူ/မတူ

အားဗလ

မိတ်

နီး

တူ

ပထမ

ရန်

နီး

တူ

ဒုတိယ

မိတ်

ဝေး

တူ

တတိယ

မိတ်

နီး

မတူ

စတုတ္ထ

မိတ်

ဝေး

မတူ

ပဉ္စမ

ရန်

နီး

မတူ

ဆဌမ

ရန်

ဝေး

မတူ

သတ္တမ

  • ဟောရက်ဆိုတာ ရာသီတစ်ခုရဲ့ ပထမတစ်ဝက်နဲ့ ဒုတိယတစ်ဝက် ကိုခေါ်တာပါ တစ်ရာသီမှာ ဟောရက်နှစ်ခုပေါ့ဗျာ


  • ၆(၁)။ န၀င်္ဂကုဏ္ဍာလ ပရိဝတ္တန ယောဂ သမ္ဗန္ဓ ( Change of Navams House ) န၀င်းပိုင်ခြင်းလဲလှယ်ခြင်း

  • န၀င်းစက်ကိုကြည့်ပါမယ်ခင်ဗျာ န၀င်းစက်မှာ ရာသီစက်လို အိမ်ပိုင်ခြင်းနေရာလဲနေတဲ့ ဆက်သွယ်ခြင်းမျိုးဖြစ်ပါတယ်





  • ၆(၂)။ န၀င်္ဂဌာနပရိဝတ္တန ယောဂ သမ္ဗန္ဓ ( Mutual Places of Navams ) ရာသီနှင့်န၀င်းပြန်လှန်ရပ်တည်ခြင်း

  • ရာသီစက်နဲ့ န၀င်းစက် ပေါင်းကြည့်ရမှာ ဖြစ်ပါတယ် ရာသီစက်က ဂြိုလ်နှစ်လုံးန၀င်းစက်မှာ ပြန်လှန်နေရာလဲနေပုံမျိုးဖြစ်ပါတယ်






  • ၆(၃)။ န၀င်္ဂယောဂ သမ္ဗန္ဓ ( Conjunction of Navams ) န၀င်းပြိုင်စီးခြင်း

န၀င်းစက်မှာ ဂြိုလ်ပူးသလို အတူရပ်တာကိုခေါ်တာပါ


No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။