အသက်ရှည်စေသောယုဂ်များ(၁)

အသက်ရှည်စေတဲ့ ယောဂအခြေအနေများကို ဆရာဦးမြကြီးရဲ့ ဖလိတဒီပကကျမ်းကနေ ကူးယူဖေါ်ပြလိုက်ပါတယ်ခင်ဗျာ။

ဘာဝတ္တရတနာကာရကျမ်းအရ
(၁) ၅တေးနှင့် လဂ်သခင်ဂြိုလ် သမ္ဗန္ဓပြုခြင်း၊
(၂) ၀နေနှင့် ၈-တန့်အိမ်ရှင်ဂြိုလ် သမ္ဗန္ဓပြုခြင်း၊
(၃) ၈တန့်တွင် ၀-နေဂြိုလ်ရပ်တည်ခြင်း တို့ဖြစ်ပေါ်က အသက်ရှည်တတ်ပါတယ်။

ဥတ္တရကာလ၀အမြိတ္တကျမ်းအရ
(၄) ၆ကြာ ၅တေး ၄ ဟူး တို့ ကိန်းတြိဂေါဏရပ်ကာ ယုဂ်ကောင်းများဖြစ်ပေါ်က အလွန်အသက်ရှည်ခြင်း၊
(၅) ၆ကြာ ၅တေး ၄ ဟူး တို့ ၂တန့် ၃တန့် ၁၁တန့်ရပ်က အလယ်အလတ်သက်တန်းရှိ၍၊
(၆) ၆ကြာ ၅တေး ၄ ဟူး တို့ ၆တန့် ၈တန့် ၁၂တန့်ရပ်က အသက်တိုတတ်ပါတယ်

ဇာတကဒေသမဂ္ဂကျမ်းအရ
(၇) လဂ်မှ ၁တန့်နှင့် ၄ တန့်အတွင်း ဂြိုလ်(၄)လုံးနှင့်အထက်တည်က ဒီဃအာယု အသက်ရှည်ပါမယ်။
လဂ်မှ ၅တန့်နှင့် ၈ တန့်အတွင်း ဂြိုလ်(၄)လုံးနှင့်အထက်တည်က မဇ္ဈိမာယု အသက်အလယ်အလတ် ရှည်ပါမယ်။
လဂ်မှ ၉တန့်နှင့် ၁၂ တန့်အတွင်း ဂြိုလ်(၄)လုံးနှင့်အထက်တည်က အပ္ပါယု အသက်တိုပါမယ်။
(၈) လဂ်သို့မဟုတ် ၂လာ၏သခင်သည် ၁ နွေနှင့်မိတ်ဖြစ်က အသက်ရှည်မယ်။ ဥဒသိန်ဖြစ်က အလယ်အလတ်သတ်တမ်းရှိပြီး၊ ရန်ဖြစ်က အသက်တိုပါမယ်။
(၉) သောမဂြိလ်များသည် ၁၊၂၊၄၊၅၊၇၊၈၊၉၊၁၀၊၁၁ တည်၍ ပါပများသည် ၃၊၆၊၁၂ ရပ်က အလွန်အသက်ရှည်တတ်ပါတယ်။

ဟောရာသာရကျမ်းအရ
(၁၀) ၁နွေ ၃င်္ဂါ ၀နေ လဂ် တို့ပူးပြီး၊ အားနည်းသော၅တေးနဲ့ ၂လာတို့ ၅(သို့)၁၂ တန့်ရပ်က ၇၈ နှစ်အသက်ရှည်ပါမယ်။
(၁၁) လဂ်မှ၎တန့်အတွင်း ဂြိုလ်လေးလုံးနှင့်အထက်ရှိက ဥစ္စာစည်းစိမ်အပြည့်ရှိ၍အသက်ရှည်ပါမယ်။
(၁၂) ပါပများက ပါပရာသီရပ်၊ သောမများသောမရာသီရပ်ကာ လဂ်သခင်ပါအားကောင်းက အသက်ရှည်ပါမယ်။
(၁၃) ကိန်းတြိဂေါဏနှင့် ၈ တန့်တို့တွင် ပါပမရပ်ဘဲ၊ လဂ်သခင်နှင့်၅တေးတို့ ကိန်းမှာရပ်က အသက်ရှည်ပါမယ်။
(၁၄) ၄ဟူး ၅တေး ၆ကြာတို့ ၀ဂုတ္တမန၀င်းစီးလျှက် လဂ်မှာတည်ကာ ၀နေက ၉ တန့်မှာရပ်က အသက် ၁၀၀၀ ထိရှည်နိုင်ပါတယ်။
(၁၅) ၄ဟူး ၅တေး ၆ကြာ(သို့မဟုတ် ၀နေ) တို့ ၀ဂုတ္တမန၀င်းစီးကာ ၁တန့် ၄တန့် ၆တန့် ၈တန့် ၉တန့် တည်က အသက် ၂၀၀၀ ထိရှည်နိုင်ပါတယ်။
(၁၆) ဂြိုလ်အားလုံး ၅တေးန၀င်းစီးကာ ကိန်း(သို့)၉တန့်(သို့)၂တန့် ရပ်က ကပ်တစ်ကပ်စာအသက်ရှည်တတ်ပါတယ်။
(၁၇) ၁နွေ ၃င်္ဂါ ၅တေး ၆ကြာ တို့ ၀နေန၀င်းစီးပြီး အားကောင်းကာ ကိန်း(သို့)၉တန့်မှာရပ်ပြီး မိန်မှာလဂ်စန်းတည်က ကပ်တစ်ကပ်စာအသက်ရှည်ပါမယ်။
(၁၈) ပုဏ္ဏစန်းဟာ မိတ်၊မိတ်န၀င်း၊ ဥစ်၊ ဥစ်န၀င်း မှာတည်ကာ ၁၁တန့်(သို့)လဂ်မှာတည်ကာ ၀နေသည် ၉တန့်ရပ်က မရေတွက်နိုင်အောင်ပင်အသက်ရှည်တတ်ပါတယ်။

ဇာတကပါရိဇာတကကျမ်းအရ
(၁၉) လဂ်သခင်အားမဲ့၍ ၅သည်ကိန်းတြိဂေါဏရပ်ကာ ၆တန့်၈တန့်၁၂တန့်တွင်ပါပရပ်က ၃၃နှစ်မှ ၇၀ ထိအသက်ရှည်ပါမယ်။
(၂၀) ကိန်းမှာသောမရပ်ကာ လဂ်သခင်သည် ၄င်းနှင့်ဆက်သွယ်လျှင်(သို့) လဂ်သခင်ကို ၅ မြင်လျှင် အသက်ရှည်ပါမယ်။
(၂၁) လဂ်သခင်ကိန်းမှာတည်ကာ ၅တေး ၆ကြာမြင်ခံရလျှင်လည်း အသက်ရှည်ပါမယ်။
(၂၂) ဂြိုလ်သုံးလုံး ဥစ်မူကာ လဂ်တွင်မရဏ(၈တန့်)အိမ်ရှင်ရပ်ကာ ပါပတို့လဂ်မှာမနေလျှင်လည်း အသက်ရှည်ပါမယ်။
(၂၃) ဂြိုလ်သုံးလုံး ၈တန့်တွင် ဥစ်-မိတ်-ကသစ်န၀င်းစသည်စီးကာ လဂ်အိမ်ရှင်အားကောင်းကလည်း အသက်ရှည်ပါမယ်။
(၂၄) ၀နေ(သို့)၈ဟု အိမ်ရှင်သည် ဂြိုလ်တိုင်းနှင့်ဆက်သွယ်ကာ ဥစ်အိမ်မှာတည်က အသက်ရှည်ပါမယ်။
(၂၅) ပါပများ ၃ ၆ ၁၁ တန့်များရပ်ကာ သောမများကိန်းတြိဂေါဏတည်ကာ လဂ်သခင်အားရှိကလည်း အသက်ရှည်ပါမယ်။
(၂၆) သောမများ ၆ ၇ ၈ တန့်များတွင်ပူး၍ ပါပများ ၃ ၆ ၁၁ တန့်များတွင်ရပ်လျှင်လည်း အသက်ရှည်ပါမယ်။
(၂၇) ပါပများ ၆ ၁၂ တန့်တွင်ရပ်၍ လဂ်သခင်ကိန်းတည်ကလည်း အသက်ရှည်ပါမယ်။
(၂၈) ပါပများ ၈တန့်ရပ်၍ ၁၀တန့်သခင် ဥစ်တည်ကလည်း အသက်ရှည်ပါမယ်။
(၂၉) ဒွေဒဟရာသီမှာ လဂ်တည်၍ လဂ်အိမ်ရှင်မှကိန်းတွင် ပါပနှစ်လုံးတည်လျှင်လည်း အသက်ရှည်ပါမယ်။
(၃၀) ၁နွေနှင့်ဝနေသည် စရန၀င်း၊ ၅တေးနှင်း၆ကြာသည် ထိရန၀င်း၊ ကျန်ဂြိုလ်များသည် ဒွေဒဟန၀င်းတည်ကလည်း အလွန်အသက်ရှည်ပါမယ်။

ကျန်ယုဂ်များကိုဆက်လက်ဖေါ်ပြပေးပါ့မယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။