ဇာတာတွက်ပုံအပိုင်း(၂)

MOTAA – Astrology Course (Level-1) 

အောက်တွင် ဖော်ပြထားသည်မှာ- ယခင်က သင်ခန်းစာများတွင် ဖော်ပြခဲ့သော ပုံကိုပင် ပို၍ ရှင်းလင်းစေရန် ဟင်းလင်းပြင် လောင်ဂျီတွဒ်၊ လတ္တီတွဒ်များကို မြင်သာ စေရန် ဖြစ်သည်။ ပုံမှန်အားဖြင့် အာကာသ နက္ခတ္တ တွက်ချက်မှုကို ပြုလုပ်ရာတွင် ဆိုလိုသော လောင်ဂျီတွဒ်၊ လတ္တီတွဒ် ဆိုသည် မှာ- ကမ္ဘာ၏ လောင်ဂျီတွဒ်၊ လတ္တီတွဒ် မျဉ်းများ ကို အတိုင်းအတာမဲ့ ဆွဲထုတ်လိုက်သော ဟင်းလင်းပြင် လောင်ဂျီတွဒ်၊ လတ္တီတွဒ် များကို ဆိုလိုရင်းဖြစ်သည်။
ဆက်လက်၍ ဖော်ပြထားသည်မှာ- နေသွားနာရီ ၏ သဘောတရား ဆိုလိုရင်း ကို ဟင်းလင်းပြင် စက်လုံး အနေအထား နှင့် သရုပ်ဖော်ထားခြင်း ဖြစ်သည်။ ဤအပိုင်းသည် Astronomy နှင့် များစွာ ပါတ်သက် သွားသဖြင့် အသေးစိတ် ကိုမူ ဤသင်ခန်းစာတွင် မဖော်ပြတော့ပါ။
နည်းစနစ် (၁-က) လာဟီရိ ကောက်ကိန်း စနစ်ဖြင့်- နေလဂ် သွားနာရီ တွက်ချက်ခြင်း။ ဥပမာ ဇာတာ (၁) အောက်ပါ ဇာတာရှင် တစ်ဦးသည် မြန်မာနိုင်ငံ- မအူပင်မြို.၊ အရှေ.လောင်ဂျီတွဒ် ၉၅း၃၉း၀၀၊ မြောက်လတ္တီတွဒ် ၁၆း၄၄း၀၀ နေရာ ဒေသ တွင်- ၁၉၆၈-ခုနှစ်၊ ဇူလိုင်လ၊ ၂၆-ရက်၊ ညနေ ၄း၀၀း၀၀ တွင် မွေးဖွား ခဲ့သည် ဆိုပါအံ့- ၄င်းကို လာဟီရိ ကောက်ကိန်းဇယား နှင့် တွက်မည် ဆိုပါက- လာဟီရိသည် နိယာယနမူ ဖြစ်ပြီး၊ မွန်းတည့် အချိန်ကို ဖေါ်ပြသော ဇယား ဖြစ်သည်ကို ဦးစွာ သိထားရပါမည်။ ညအချိန် ဇယား ဖြစ်သော ရာဖီ ပြက္ခဒိန်ကို အသုံးပြုပါက ပို၍ လွယ်ကူသော်လည်း- တကမ္ဘာလုံး အနေအထားကို နားလည်နိုင်ရန် လည်းဖြစ်၊ မြန်မာ များနှင့် လည်း သိပ်မစိမ်းသော လာဟီရိ ဇယားကို သုံးစွဲနည်းကို ဤသင်ခန်းစာတွင် ဖေါ်ပြထားခြင်း ဖြင့် သင်တန်းသား များ အတွက် ပို၍ အကျိုးရှိပါလိမ့်မည်။



ပထမဦးစွာ- ထိုဒေသ၏ လောင်ဂျီတွဒ် တန်ဘိုးကို နာရီပုံစံသို့ ပြောင်း၍၊ အောက်တွင်ပြထားသည့် အတိုင်း Local Mean Time ဒေသ ပျမ်းမျှ စံတော်ချိန် ကိုရှာပေးပါ။

(A) ဒေသလောင်ဂျီတွဒ်(၉၅း၃၉း၀၀)= ၉၅+ ၃၉/၆၀+၀၀/၃၆၀၀ = ၉၅.၆၅ (ဒဿမ ပုံစံဖြင့်) ----(6) ၉၅.၆၅ လောင်ဂျီတွဒ် = ၉၅.၆၅ x ၂၄/၃၆၀ = ၆.၃၇၆၆ နာရီ ------(8)
(၃၆၀ ဒီဂရီစက်ဝန်း အား ၂၄ နာရီလျှင် တစ်ပါတ်- ပါတ်သဖြင့်- ၉၅.၆၅ ဒီဂရီကို နာရီ အဖြစ်ပြောင်း) မြန်မာ စံတော်ချိန် = (-) ၆း၃၀ = ၆.၅ နာရီ -------(9)
(မြန်မာနိုင်ငံသည် ဂရင်းနစ်ထက် စောသောကြောင့် ပြန်နှုတ် ပေးရခြင်း ဖြစ်သည်။)

(8) +(9) = - ၀.၁၂၃၃ နာရီ ------------------------------(10)
            = - ၀း၇း၂၄ (၇ မိနစ်၊ ၂၄ စက္ကန့်) -----------------(10)

ဇာတာရှင် မွေးသော ဒေသနှင့် မြန်မာ စံတော်ချိန်မျဉ်း ဖြတ်သန်းရာ ဒေသ၏ အချိန်ကွာခြားမှု မှာ ၇ မိနစ်၊ ၂၄ စက္ကန့် ရှိသည်ကို ဖေါ်ပြသည်။ ထို့ကြောင့် ဇာတာရှင်မွေးဖွားသော ၁၆း၀၀ နာရီသည် အမှန်အားဖြင့်၊ ထိုဒေသ အနေဖြင့်မူ- ၁၅း၅၂း၃၆ သာရှိ သေးသည်။ ဤသည်ကို Local Mean Time ဒေသ ပျမ်းမျှ စံတော်ချိန် ဟုခေါ်သည်။ ယခု အခါ- ဇာတာရှင် မွေးဖွားသော ဇူလိုင်လ- ၂၆-ရက် နေ့တွင် ဂရင်းနစ် ဒေသ အားဖြင့် ရောက်ရှိ နေသော နေလဂ် နာရီကို သိနိုင်ရန် အတွက်- လာဟီရိ လဂ်ကောက်ကိန်း ဇယားကို ကြည့်ပါ။
လာဟီရိ လဂ်ကောက်ကိန်း ဇယားတွင် ဖော်ပြသော တန်ဘိုးမှာ- နေ့တစ်နေ့၏ မွန်းတည့် အခါ အတွက် ဖော်ပြ ထားသော ဇယားဖြစ်သည်ကို သတိပြုပါ။ ထို့အပြင် ၄င်းဇယားသည် အရှေ.လောင်ဂျီတွဒ် ၈၂.၅ ဒီဂရီ ၊ အေဒီ ၁၉၀၀ နှစ်တို့ကို မူတည်၍ တွက်ထားသည်ကို လည်း သတိပြုပါ။ ထို့ကြောင့် မိမိလိုချင်သော အဖြေကို ရရန် အတွက်- တစ်ဆင့်ခြင်း ပြန်ညှိပေးရသော ညှိကိန်းများကို နောက်အဆင့်များတွင် သုံးစွဲရပါမည်။

ဇူလိုင်လ -၂၆-ရက်၊ မွန်းတည့် အချိန်တွင် တွင် နေလဂ် နာရီ တန်ဘိုးမှာ- 8:13:59 ဖြစ်၏။

လာဟီရိ လဂ်ကောက်ကိန်း စာမျက်နှာ ၅၊ ဇယား အမှတ် ၃- အရ- ဒေသ ညှိကိန်း မှာ 0:00:09 (အနှုတ် တန်ဘိုး) ဖြစ်ပြီး၊ စာမျက်နှာ ၄၊ ဇယား အမှတ် ၂ အရ- နှစ် ညှိကိန်း မှာ (+) 0:02:05 ဖြစ်၏။ (ဇယား များ ဖတ်ရာတွင်- မိနစ်၊ စက္ကန်.တန်ဘိုးကို သေချာစွာ ကြည့်ပါ။) ၄င်း ညှိုကိန်းများနှင့် အထက်တွင် ရခဲ့သော နေလဂ် နာရီ တန်ဘိုးမှာ- 8:13:59 ကို ပေါင်းလိုက်သော် -

(B) မွေးသော နေ့- မွန်းတည့်ချိန် တွင် ထိုအရပ်ရှိ နေလဂ် နာရီ ပေါင်း ကို ရလာ၏။ 8.2653 ဖြစ်ပြီး၊ နာရီ၊ မိနစ်၊ စက္ကန်.ပုံဖြင့် ဖော်ပြပါက- 8:16:13 ဖြစ်သည်။ (ဤကဲ့သို့ ညှိကိန်းများ ထည့်တွက် နေရခြင်းသည် ပထမဆုံး ရလာ သော တန်ဘိုးမှာ- မိမိလိုချင်သော ခုနှစ် နှင့် ဒေသ အတွက် မဟုတ်သောကြောင့် ဖြစ်သည်။) ----(16) ယခု ရလာသည်မှာ မွန်းတည့်ချိန် အတွက် ဖြစ်နေသဖြင့် ဇာတာရှင် မွေးဖွားသော - မွေးဒေသနာရီ Local Mean Time (LMT) သည် မွန်းတည့် ချိန်နှင့် ကွာဟ နေမှုကို ထည့်တွက်ရပါမည်။ ၁၂-နာရီမှ မွေးချိန် ကို LMT နှုတ်ပေးပါ။
ယခု အခါ - (12- 15.8767 = -3.8767) ရလာသည် မှာ အနှုတ်တန်ဘိုး ဖြစ်သည်။ အကယ်၍ မွန်းမတည့်ခင် မွေးပါက အပေါင်းတန်ဘိုးကို ရမည်။ ----------- (17)

(B) တွင် ရလာခဲ့သော တန်ဘိုး 8:16:13 တနည်းအားဖြင့် ဒဿမ ပုံစံဖြင့် 8.2653 – (-3.8767) = 12.1419 ကို ရလာပါမည်။ ၄င်းကို နာရီ၊ မိနစ်၊ စက္ကန့် ပုံဖြင့် ဖေါ်ပြပါက 12:8:31 ဖြစ်၏။ ----------- (18) နောက်အဆင့် အနေဖြင့်- ထိုကဲ့သို့ ကွာခြားနေသော နာရီသည်- နေလဂ် နာရီ အားဖြင့် ပို၍ မြန်သောကြောင့် - အစွန်းထွက် တန်ဘိုး ကို တွက်ပေးရပါသည်။ ဇယား ကြည့်လိုက- ကြည့်နိုင်သော်လည်း- အောက်ပါ အတိုင်း တွက်လျှင်လည်း ရပါသည်။ ဇယား ကြည့်မည်ဆိုပါက နာရီတွင် တစ်ခါကြည့်၊ မိနစ်တွင် တစ်ခါကြည့် ဖြစ်နေသဖြင့် ချတွက်လိုက်ခြင်းသည် ပိုကောင်းပါသည်။

(-3.8767) x (9.86/3600) = -0.0106 -----------------(19) 9.86 စက္ကန့် ဆိုသည်မှာ နေလဂ်နာရီ သည် ပုံမှန် နာရီထက် ပိုနေသော ပမာဏ ဖြစ်သည်။
(အတိအကျ အားဖြင့် 9.8295 (အထက်တွင် တွက်ခဲ့သည်ကို ပြန်ကြည့်ပါ။) ရှိသော်လည်း- အများစုက- 9.86 ဖြင့် သော်လည်းကောင်း၊ အချို.က 10 စက္ကန့် အနေဖြင့် လည်းကောင်း တွက်ကြသည်။
ထို့နောက် လာဟိရီ ဇယား အမှတ် (၃) မှ၊ ရန်ကုန် မြို.အတွက် ညှိကိန်း (-00:0:09) ကို-------------(20) ထည့်သွင်းလိုက်ပါ။

အထက် မှ (18) တွင် ရလာသော တန်ဘိုးသို့ ညှိကိန်း တန်ဘိုး များကို ထည့်ပေါင်းခြင်း ဖြင့် (18+19+20+21=22) ဖြစ်သော- 12.1326 (12: 7' 57'') ကို ရလာပါလိမ့်မည်။ ဤတန်ဘိုး သည်ကား- ဇာတာရှင်မွေးဖွားသော နေ့ရက်၊ အချိန်ကာလ တွင် မွေးဖွားရာ ဒေသ အားဖြင့် နေလဂ် နာရီ တန်ဘိုးဖြစ်သည်။ ထိုနေလဂ် နာရီ တန်ဘိုးရလာသော အခါ- လဂ် ရှာရန်အတွက် လွန်စွာလွယ်ကူသွားပြီ ဖြစ်ပါသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။