အသက်ရှည်စေသောယုဂ်များ(၂)

အသက်ရှည်စေတဲ့ယုဂ်များကိုဆက်လက်ဖေါ်ပြပါမယ်ခင်ဗျာ။
ဇာတကပါရိဇာတကျမ်းအလိုအရ
(၃၀) ၁နွေ၊ ၃င်္ဂါနဲ့ ၅တေး တို့ဟာ ၀ဂုတ္တမန၀င်းစီးပြီး ၉ တန့်မှာတည်ကာ ၀နေသည်လည်း မိမိန၀င်းတည်ပြီး လဂ်နှင့် အားကောင်းသော ၂ လာတို့ပါ ပူးပါက တစ်ကမ္ဘာတိုင်အောင်ပင်အသက်ရှည်တတ်ပါတယ်တဲ့ခင်ဗျ။
(၃၁) ၀နေနှင့် ၅တေးတို့ဟာ ၉တန့်(သို့) ၁၀တန့်မှာတည်ပြီး ၀ဂုတ္တမန၀င်းစီးကာ သောမအမြင်ခံရလျှက် လဂ်နှင့် ၁နွေပါပူးပါကလည်း အသက်ရှည်တတ်ပါတယ်။
(၃၂) ကြဋ်လဂ် ၂လာ ၅တေး ပူး၍ ၆ကြာနှင့် ၄ဟူးတို့ ကိန်းကာ ကျန်ဂြိုလ်များ ၁၁တန့်နှင့် ၃တန့်ရပ်ပါက မရေတွက်နိုင်အောင်ပင်အသက်ရှည်တတ်ပါတယ်တဲ့ခင်ဗျ။
(၃၃) တြိဂေါဏတွင် ပါပကင်းမဲ့၍ ကိန်းတွင် ပါပမရှိဘဲ ၈တန့်တွင် ပါပတစ်လုံးရှိနေပါကလည်း အလွန်အသက်ရှည်တတ်ပါတယ်တဲ့ခင်ဗျာ။

ဇာတကကတွကျမ်းအလိုအရ အသက်ရှည်စေသောယုဂ်များမှာ
(၃၄) ၂လာသည် ၅တန့်၊ ၅တေးသည် တြိဂေါဏ၊ ၃င်္ဂါသည် ၁၁တန့်တို့တွင် တည်ခြင်း။
(၃၅) ၈တန့်အိမ်ရှင်သည် ပါပဖြစ်၍ ၁၁တန့်တွင်တည်က အသက်တိုတတ်၍၊ သောမဖြစ်၍တည်က အသက်ရှည်တတ်ပါမယ်ခင်ဗျာ။
(၃၆) ၈တန့်သခင်သည် မိမိအိမ်/မိမိဘာဝတွင်ရပ်ကာ ၀နေသည် ၈တန့်မှာတည်ခြင်း။
(၃၇) ၈တန့် ၁တန့် ၁၀တန့် အိမ်ရှင်တို့ ကိန်းတြိဂေါဏနှင့် ၁၁တန့်တို့ရပ်ခြင်း။
(၃၈) ၀နေသည် ဥစ်/၃တန့်/၆တန့်/၁၀တန့်/၁၁တန့် တည်ခြင်း။
(၃၉) ၀နေသည် ၈တန့်အိမ်ရှင်ဖြစ်၍ ၅တန့်တွင်ရပ်ခြင်း။
(၄၀) ၈တန့်နှင့် ၁တန့်သခင်(လဂ်သခင်) ၈တန့်နှင့် ၁၁တန့်ရပ်ခြင်း။
(၄၁) ၆တန့်နှင့် ၁၂တန့်သခင် လဂ်တွင်ရပ်တည်ခြင်း။
(၄၂) လဂ်နှင့် ၁၀တန့်အိမ်ရှင် ကိန်းခြင်း။
(၄၃) ၁၀တန့်အိမ်ရှင် ၅တန့်တည်ခြင်း။
(၄၄) ၈တန့်အိမ်ရှင်ဥစ်မူခြင်း။
(၄၅) ၀နေနှင့် လဂ်၊ ၁၀တန့်၊ ၈တန့်အိမ်ရှင်များ ကိန်းမှတည်ခြင်း။
(၄၆) ပါပများ ၃တန့် ၁၁တန့် ၆တန့်တို့တွင်ရပ်၍ သောမများ ကိန်းတြိဂေါဏတည်ခြင်း။
(၄၇) သောမများ ၆တန့်၊ ၇တန့်၊ ၈တန့်တို့တွင်တည်၍ ပါပများ ၃တန့်၊ ၆တန့်၊ ၁၁တန့်တို့တွင်တည်ခြင်း။
(၄၈) ၈တန့်သခင် လဂ်တွင်ရပ်၍ ၆ကြာ ၅တေးတို့ကို မြင်ခြင်း။

ဇာတကလင်္ကာရကျမ်းအလိုအရ
(၄၉) ၈တန့်သခင် သောမဖြစ်၍ ၁၁တန့်တွင်ရပ်ကာ သောမများနှင့်ဆက်သွယ်ခြင်း။
(၅၀) ၈တန့်သခင် ၈တန့်ရပ်လျှင်လည်းကောင်း၊ ၀နေမှ ၈တန့်အိမ်ရှင် ၈တန့်တွင်ရပ်လျှင်သော်လည်းကောင်း အသက်ရှည်စေသော ယုဂ်များကိုပေးစွမ်းပါတယ်ခင်ဗျ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။