အတ္တမိခြင်း(Visibility of Sun)

ဂြိုလ်တွေဟာ သွားလာလှည့်ပတ်ရင်းက တစ်လုံးနဲ့ တစ်လုံးနီးကပ်မှုအရ အကျိုးရလဒ်တွေဖြစ်ပွားတတ်ပါတယ်။ ဂြိုလ်နှစ်လုံးပေါင်းစပ်ခြင်းအဟောတွေလည်း တင်ပြခဲ့ပါတယ်။ ဒီတစ်ခါတင်ပြမှာက တနင်္ဂနွေဂြိုလ်နဲ့ နီးစပ်ရင်ဆိုတဲ့ ပြဿနာပါ။

တနင်္ဂနွေဟာသူနဲ့နီးသူတွေကို အရောင်အ၀ါနဲ့ဖုံးပစ်ပါတယ်။ အဖုံးခံရသူဟာ သူ့အစွမ်းရှိသလောက်တောက်ပခွင့်မရှိတော့ပါဘူး။ ဒါကို နေရောင်ဖုံးတယ်၊ အတ္တမိတယ်ခေါ်ပါတယ်။ ဒီနေရာမှာ တနင်္ဂနွေနဲ့ဗုဒ္ဓဟူးပူးရင် ဗုဒ္ဓတိကျယုဂ်ကောင်းတွေရော ကောင်းလာလားမေးစရာရှိပါတယ်။ ပိုတော့ကောင်းမလာဘူးလို့ ဆိုကြပါတယ်။ ဘာတွေပိုထူးခြားလည်းဆိုတော့ တနင်္ဂနွေနဲ့ မိတ်ကျသူတွေနဲ့ ပူးရင် နေရောင်လွမ်းသော်လည်း ကောင်းကျိုးမပျက်ပါဘူးတဲ့။ ရန်ဂြိုလ်နဲ့ပေါင်းမှ ဖြစ်တဲ့ ယုဂ်ဆိုးတွေမှာ ပိုဆိုးပါတယ်တဲ့အခါ။

ဒါဆို အကောင်းဆုံးက ဘယ်လိုဟာမျိုးဖြစ်မလည်း ဆိုတော့ တနင်္ဂနွေနဲ့ မပူးဘဲ ဆက်စပ်ဆက်သွယ်နိုင်တဲ့ ကောင်းကင်ရပ်တည်မှုတွေလည်း ရှိသေးလို့ပါခင်ဗျ။ ဒါတွေကို သမ္ဗန္ဓအခန်းမှာဖတ်နိုင်ပါတယ်။

တခြားဂြိုလ်တွေဟာလည်း တစ်ရာသီတည်းရပ်တိုင်း နေရောင်မမိပါဘူးတဲ့။ ခပ်ခွါခွါနေရင် လွတ်ပါသတဲ့။ ဂြိုလ်အသီးသီးအလိုက်အံသာ(ဒီဂရီ)လေးတွေ စဉ်ကြည့်မယ်ဆိုရင်
တနင်္ဂနွေဂြိုလ်ဟာ

  • တနင်္လာဂြိုလ်ရဲ့ ရှေ့နောက် ၁၂ အံသာအတွင်း
  • အင်္ဂါဂြိုလ်ရဲ့ ရှေ့နောက် ၁၇ အံသာအတွင်း
  • ဗုဒ္ဓဟူး(သမ)ရဲ့ ရှေ့နောက် ၁၄ အံသာအတွင်း
  • ဗုဒ္ဓဟူး(၀ါကျ)ရဲ့ ရှေ့နောက် ၁၂ အံသာအတွင်း
  • ကြာသာပတေးဂြိုလ်ရဲ့နောက် ၁၁ အံသာအတွင်း
  • သောကြာ(သမ)ရဲ့ ရှေ့နောက် ၁၀ အံသာအတွင်း
  • သောကြာ(၀ါကျ)ရဲ့ ရှေ့နောက် ၈ အံသာအတွင်း
  • စနေဂြိုလ်ရဲ့ ရှေ့နောက် ၁၅ အံသာအတွင်း တို့မှာရပ်ရင် အဲဒီဂြိုလ်တွေနေရောင်မိပါတယ်။
သမဆိုတာ ပုံမှန် သွားရိုးသွားစဉ်ဖြစ်ပြီး ၀ါကျ ဆိုတာ နက္ခတ်စက်ဝန်းထက်နှေးသွားတာကို ခေါ်တာပါ။ ဇာတာဖွဲ့ရင် နောက်ကျသွားတာကို ပူးတွဲပြပါတယ်။ ၀ကျသွားစဉ်မှာ နှေးလို့ နေရောင်လွှမ်းတာ ပိုခံရပါတယ်။

ရှေ့နောက်အံသာတွေနဲ့ပတ်သတ်ပြောနိုင်တာက နေထွက်စမှာ အရှေ့အရပ်ကိုကြည့်ပါ။ အရှေ့အရပ်မှာ သောကြာဂြိုလ်ကြီး စိမ်းစိမ်းဖန့်ဖန့်တောက်နေရင် (ခန့်မှန်းခြေအားဖြင့်) ၁၂ တန့်မှာ ၆ ကြာရပ်နေပါပြီ။ ((ပေတိပေရေနေမယ့်သူတွေ မွေးဖွားတတ်တဲ့ အချိန်ပေါ့ဗျာ။))

တကယ်လို့ ရောင်နီလာစဉ် မြင်နေရတဲ့ ဂြိုလ်တွေဟာ အတ္တမိတော့မယ့်သူတွေပါ။ တနင်္ဂနွေရဲ့ နောက်အံသာ အဲဒီဂြိုလ်ရဲ့ ရှေ့အံသာမှာ အတ္တမိတာပါ။

နေ၀င်ခါနီး အနောက်အရပ်မှာ မြင်နေရတဲ့ ဂြိုလ်တွေဟာ သူတို့ရဲ့ နောက်အံသာမှာ အတ္တမိကြမှာပါ။
ရှေ့နောက်အံသာအယူအဆက အရေးတော့မကြီးပါဘူး။ ဒါပေမယ့် ကောင်းကင်ကို ကြည့်တတ်ရင်တော့ ဟိုတုန်းက ဆရာတွေလို လက်တန်းဇာတာဖွဲ့တတ်မှာပေါ့ဗျာ။

ဇာတာမှာ လဂ်ဆိုတာ နေထွက်ရာနေရာပါ တဖြည်းဖြည်းနဲ့ ကမ္ဘာက အရှေ့ကအနောက်ကိုလည်တယ်။ ဇာတာမှာ ၁ အက္ခရာကနေ လက်ဝဲရစ်သွားပါတယ်။ ဒါ့ကြောင့် ၁ တန့်မှ ၆ တန့်ကြား ဂြိုလ်များနေ့ အခါမမြင်နိုင်ပါ။ သို့သော် လမင်းကိုတော့ လဆန်းရက်များမှာ ခေါင်းပေါ်မှာ နေ့အရာ နေမသာတုန်း မြင်တတ်ပါတယ်။ မွန်းတည့်ချိန်မှာ လလေးကို ခေါင်းပေါ်တည့်တည့်မြင်နေရရင် ဒါက လဆန်း ၇ ရက်ပေါ့ဗျာ။ ဒီလပြည့်လကွယ်သဘောကို ရေးခဲ့ပြီးသားပါခင်ဗျာ။

၇ တန့်မှ ၁၂ တန့်တွင်းဂြိုလ်များကို ညအခါမြင်ရပါလိမ့်မယ်ခင်ဗျ။ ဟိုတုန်းက ဆရာတွေက ဇာတာတစ်ခြမ်းကို ညအခါကြည့်ထားပြီး နောက်တစ်ခြမ်းကိုတော့ မှတ်သားထားကြမယ်ထင်ပါတယ်။ ဒါ့ကြောင့်ထင်ပါတယ် တနင်္လာအဟောတွေ များနေတာကို တွေ့ရပါတယ်။ တနင်္လာရဲ့ ညအခါ နက္ခတ်စီးကိုကြည့်ထားပြီး နောက်နေ့အတွက် အချိန်မှန်းပြီး စန်းယှဉ်နက္ခတ်ကို လွယ်လွယ်အချိုးချသိနိုင်တာကိုးခင်ဗျ။

လောလောဆယ် ဒဿဝဂ္ဂအတွက် ပြင်ဆင်နေပါတယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။