ရာဇယုဂ်များ

လူတစ်ယောက်ကြီးကျယ်မြင့်မြတ်ဖို့ အတွက် ဇာတာမှာ ယုဂ်ကောင်းတွေနဲ့ ပြဆိုလေ့ရှိပါတယ်။ ရာဇယုဂ်လို့ခေါ်ဆိုပါတယ်။ တည်ရာဌာနကောင်းမွန်တဲ့ ရာဇယုဂ်တွေအပြင် တည်ရာဌာနမကောင်းရာကနေ မကောင်းတာပျက်ပြီး ကောင်းလာတဲ့ ရာဇယုဂ်များလည်းရှိပါတယ်။ ဒုဌာနဘင်္ဂယောဂ လို့ခေါ်ကြပါတယ်။

မကောင်းကျိုးပျက်သော ရာဇယုဂ်များအနေနဲ့
၁။ ၈တန့်အိမ်ရှင် ၆တန့်ရပ်တဲ့ အရိမရဏ ဒုဌာနဘင်္ဂယောဂယုဂ်
၂။ ၆တန့်အိမ်ရှင် ၈တန့်ရပ်တဲ့ မရဏအရိ ဒုဌာနဘင်္ဂယောဂယုဂ်
၃။ ၈တန့်အိမ်ရှင် ၁၂တန့်ရပ်တဲ့ ဗျာယမရဏ ဒုဌာနဘင်္ဂယောဂယုဂ်
၎။ ၆တန့်အိမ်ရှင် ၁၂တန့်ရပ်တဲ့ ဗျာယအရိ ဒုဌာနဘင်္ဂယောဂယုဂ်
၅။ ၁၂တန့်အိမ်ရှင် ၆တန့်ရပ်တဲ့ အရိဗျာယ ဒုဌာနဘင်္ဂယောဂယုဂ်
၆။ ၁၂တန့်အိမ်ရှင် ၈တန့်ရပ်တဲ့ မရဏဗျာယ ဒုဌာနဘင်္ဂယောဂယုဂ်

အခြားဂြိုလ်များမပါဝင်ဘဲ
၇။ ၆တန့်သခင်နဲ့ ၁၂တန့်သခင်ပူးတဲ့ အရိဗျာယ သမုဟဒုဌာနဘင်္ဂယောဂရာဇယုဂ်
၈။ ၈တန့်သခင်နဲ့ ၆တန့်သခင်ပူးတဲ့ အရိမရဏ သမုဟဒုဌာနဘင်္ဂယောဂရာဇယုဂ်
၉။ ၁၂တန့်သခင်နဲ့ ၈တန့်သခင်ပူးတဲ့ ဗျာယမရဏ သမုဟဒုဌာနဘင်္ဂယောဂရာဇယုဂ်

နိစ်န၀င်းများမှ ပြန်လည်ကောင်းမွန်စေခြင်း
၁၀။ နိစ်န၀င်းစီးသော နိစ်အိမ်ရှင်သည် ကိန်တြိဂေါဏတွင်ရပ်ပြီး လဂ်သည် စရရာသီတွင်တည်ခြင်း၊ (သို့) လဂ်အိမ်ရှင် စရန၀င်းစီးခြင်း ရှိက န၀င်္ဂနိစ္စဘင်္ဂယောဂယုဂ်ရ၍ မင်းစည်းစိမ်တမျှခမ်းနားလှစေသည်ဟုဆိုပါတယ်ခင်ဗျာ။

မဟာဘဂျယုဂ်များ
၁၁။ အမျိုးသားဇာတာတွင် နေ့မွေးဖြစ်၍ ၀ိသမရာသီတွင် လဂ်စန်း ၁နွေတို့ ၁၊ ၇၊ ၁၃၊ ၁၇၊ ၂၂၊ ၂၅၊ ၂၆ နှင့် အဘိဇိနက္ခတ်များတွင်စီးက အံဖွယ်ယောက်ျားထူး ယောက်ျားမြတ်ဖြစ်ပါမယ်။
၁၂။ အမျိုးသမီးဇာတာတွင် ညမွေးဖြစ်၍ သမရာသီတွင် လဂ်စန်း ၁နွေတို့ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၉၊ ၁၁၊ ၁၂၊ ၁၄၊ ၁၅၊ ၁၆၊ ၁၈၊ ၂၀၊၂၁၊ ၂၃၊ ၂၇ နက္ခတ်များတွင်စီးက အံဖွယ်မိန်းမကောင်း မိန်းမမြတ်ဖြစ်ပါမယ်ခင်ဗျာ။

၁၃။ ၂လာမှ ၁၀တန့်တွင် သောမတစ်လုံးရှိက အမလယုဂ်ရကာ တန်ခိုးကြီးတတ်ပါတယ်။
၁၄။ ကိန်းအိမ်တွင် ပဉ္စတာရာ( အင်္ဂါ ဗုဒ္ဓဟူး ကြာသာပတေး သောကြာ စနေ)တို့ ဥစ်ကသစ်မူ၍ တည်ကလည်း မဟာဘဂျယုဂ်ကိုပေးစွမ်းပါတယ်။
၁၅။ ၂လာမှရေသော ကိန်း(၄တန့် ၇တန့် ၁၀တန့်)များတွင် ၅တေးရပ်ကလည်း ရာဇယုဂ်ကိုပေးစွမ်းပါတယ်။
၁၆။ ၅တေးနိစ်သည် အတ္တမှလွတ်လျှင်လွတ်ခြင်းဖြစ်ပြီး ကိန်းတြိဂေါဏ၌ရပ်ကာ ၂လာကိုမြင်ရလည်း ရာဇယုဂ်ကိုပေးစွမ်းပါတယ်။
၁၇။ ၅တေးနှင့် ၂လာပူးကလဲ စီးပွားပညာတိုးစေပါတယ်။

အိမ်ရှင်များကဖေါ်ဆောင်တဲ့ ရာဇယုဂ်အနေနဲ့
၁၈။ ၉တန့်အိမ်ရှင်နဲ့ ၁၀တန့်အိမ်ရှင်ပူးက သမ္ဘာရရာဇယုဂ် ရာထူးတိုးမြင့်စေပါတယ်။
၁၉။ ၉တန့်အိမ်ရှင်နဲ့ ၇တန့်အိမ်ရှင်ပူးက သမဂ္ဂမိတ္တရာဇယုဂ် ပြည်သူတို့ကကြည်ဖြူကြစေပါတယ်။
၂၀။ ၉တန့်အိမ်ရှင်နဲ့ ၄တန့်အိမ်ရှင်ပူးက ကိတ္တိရာဇယောဂ ကျော်ကြားကြွယ်ဝစေပါတယ်။
၂၁။ ၅တန့်အိမ်ရှင်နဲ့ ၁၀တန့်အိမ်ရှင်ပူးက ဂုရုရာဇယောဂ ဆရာဥာဏ်ရှိ၍ရှင်လင်းပြောပြနိုင်စေပါတယ်။
၂၂။ ၅တန့်အိမ်ရှင်နဲ့ ၇တန့်အိမ်ရှင်ပူးက ဝေဿရာဇယောဂ စီးပွားရေး ဆက်ဆံရေး နိုင်ငံရေး ကောင်းမွန်စွာစွမ်းဆောင်နိုင်စေပါတယ်။
၂၃။ ၅တန့်အိမ်ရှင်နဲ့ ၄တန့်အိမ်ရှင်ပူးက ဥာဏရာဇယုဂ် တီထွင်ဥာဏ်အားကောင်းစေပါတယ်။

အိမ်ရှင်နှစ်ခုတူရာကနေပြီး ယောဂကာရက( ယုဂ်ကိုဖြစ်စေတဲ့)အခြေနေများကတော့
၂၄။ ၉တန့်အိမ်ရှင်နဲ့ ၁၀တန့်အိမ်ရှင်တူခြင်း။
၂၅။ ၉တန့်အိမ်ရှင်နဲ့ ၄တန့်အိမ်ရှင်တူခြင်း။
၂၆။ ၅တန့်အိမ်ရှင်နဲ့ ၁၀တန့်အိမ်ရှင်တူခြင်း။
၂၇။ ၅တန့်အိမ်ရှင်နဲ့ ၄တန့်အိမ်ရှင်တူခြင်း တို့ဖြစ်ကြပါတယ်။ ထိုဘုံပါရာဂြိုလ်တို့မှာ အရပ်အတည်အနည်းငယ်ကောင်းယုံမျှဖြင့် ကြီးမားတဲ့ အကျိုးတွေပေးတတ်လို့ ယောဂကာရကလို့ ခေါ်ကြပါတယ်။

မှတ်ချက်။ ။အဘိဇိနက္ခတ်ကို နက္ခတ္ထိကဒသာတွက်ရာတွင် ရှင်းခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။ ဓနယုဂ်များကို ဆက်လက်ဖေါ်ပြပေးပါမယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။