ဘာဝစက်မှ ၀နေဂြိုလ်

  • ၀နေ ၁တန့်
ဦးဆောင်သူဖြစ်တတ်သည် အနာရောဂါများတတ်သည် ရောက်ရာရာသီ၏ သဘာဝအလိုက်ဆိုးကျိုးပေးတတ်သည် (မိဿလဂ်+၀=ဦးခေါင်းကိုက်သောဝေဒနာကို ခံစားရမည်)
  • ၀နေ ၂တန့်
ပါးစပ်ခံတွင်းရောဂါများခံစားရမည် အပြောအဆိုရိုင်းတတ်သည် နိုင်ငံရပ်ခြားလှည့်လည်သွားလာတတ်ရသည်
  • ၀နေ ၃တန့်
အများ၏ထောက်ခံမှုကိုရတတ်သည် သားချင်းဆွေမျိုးများနှင့်မူမတည့်တတ်ပေ စီမံကိန်းစွဲရာတွင်နှောင့်နှေးတတ်သည် ကူသန်းရောင်းဝယ်ရေး၌ နှောင့်နှေးကြာမြောနေတတ်သည်
  • ၀နေ ၄တန့်
အင်အားနည်းပါးတတ်မည် ရန်လိုတတ်မည် မိခင်အကျိုးပေးမကောင်းတတ်ပေ ပူပန်ကြောင့်ကြငြီးငွေ့နေတတ်သည်
  • ၀နေ ၅တန့်
သားသမီးရဖို့ခဲယဉ်းတတ်သည် လျှပ်စစ်သိပ္ပံပညာများလိုက်စားမည် အနာရောဂါများမည်
  • ၀နေ ၆တန့်
ရန်မှန်သမျှအောင်နိုင်မည် ခန္ဓာကိုယ်ကြံ့ခိုင်မည် အစားအသောက်ကြီးမည် တပည့်တပန်းကောင်းများရှိမည်
  • ၀နေ ရတန့်
မိမိရော မိမိအိမ်ထောင်ဖက်ပါ ရောဂါများမည် အမျိုးသမီးများ၏ ရိုသေလေးစားခြင်းကို မရတတ်ပေ ဇနီးဖြစ်သူသည် စိတ်ဓာတ်ကျဆင်းတတ်သည်
  • ၀နေ ၈တန့်
ရောင်ရဲခြင်းမရှိ ရဲရင့်မည် ၀မ်းချုပ်တတ်သည် အသက်ရှည်တတ်သည် မျိုးပွားအင်္ဂါစုတွင်အနာရမည်
  • ၀နေ ၉တန့်
ခန္ဓာကိုယ်မသန်စွမ်းသော်လည်း ချောမောလှပတတ်သည် တယူသန်ယုံကြည်တတ်သောသဘာဝရှိမည် လေဖြတ်တတ်သည်
  • ၀နေ ၁၀တန့်
နိုင်ငံ့ခေါင်းဆောင်ဖြစ်တတ်သည် ဖခင်အမွေမရ မိမိကိုယ်ကို တဖြည်းဖြည်းပြုစုပျိုးထောင်ရမည်
  • ၀နေ ၁၁တန့်
စိတ်ဓာတ်ကြံ့ခိုင်၍ စီမံကိန်းကြီးများကိုကောင်းစွာ စီမံနိုင်ပါသည် လွန်စွာချမ်းသာကြွယ်ဝ၍ အသက်ရှည်တတ်သည်
  • ၀နေ ၁၂တန့်
အကြင်နာနည်းပါးတတ်သည် ကိုယ်လက်အင်္ဂါများချွတ်ယွင်းတတ်သည် ညစ်ပတ်ပေရေစွာနေတတ်သည် လူရင်းများကို ရန်ပြုတတ်သည်

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။