စန်းရပ်ရာ ရာသီ၏အကျိုးများ

ရာသီစက်မှာ ၂ အက္ခရာကို ရှာပြီး စန်းရပ်ရာသီကိုရွေးရပါတယ် ဓနုမှာ ၂ရပ်ယင် စန်းရပ်ရာသီက ဓနုပေါ့ဗျာ

  • မိဿရာသီ၌ စန်းရပ်ခြင်း
စိတ်မငြိမ်အလွန်ပြောင်းလဲတတ်မည် လှည့်ပတ်သွားလာကာ စကားများမည် လမ်းလျှောက်ပုံ နွဲ့နှောင်း/နွဲ့နှောင်းကောက်ကွေ့တတ်သည် သားသမီးနည်းတတ်သည် မိသားစုတွင် အကြီးဆုံး/အရေားပါဆုံးဖြစ်တတ်သည် ဒေါသခက်ထန် ရဲစွမ်းသတ္တိရှိမည် ဆွေမျိုးများကြောင့်ဒုက္ခရောက်တတ်သည်

  • ပြိဿရာသီ၌ စန်းရပ်ခြင်း
အရာရာကို အဓိပ္ပါယ်ထိထိမိမိပြောဆိုတတ်သည် ရပ်ရှည်တတ်သည် မျက်နှာနှင့်ပေါင်လုံးထင်ရှားမည် ဘ၀အလယ်မှစ၍ အဆုံးတိုင်ပျော်ရတတ်၏ ခွင့်လွှတ်တတ်သော သဘောသဘာဝရှိ၏ အိမ်ထောင်ဖက်၏ ချစ်ခြင်းကို ခံရ၏
  • မေထုန်ရာသီ၌ စန်းရပ်တည်ခြင်း
မျက်နှာကျယ်ပြန့်၍ ကြည်လင်တောက်ပသော အသံရှိ၏ စိတ်ပြောင်းလဲတတ်၏ ကာမဂုဏ်ဆွဲဆောင်မှုညံ့၏ သားသမီးနည်းမည် လောင်းကစား ဂီတမက်၏ လေသလိပ်ထန်၍ ထင်ရာစိုင်းတတ်၏ ဆွေမျိုးများကို မုန်းတတ်လေ၏
  • ကရကဋ်ရာသီ၌ စန်းရပ်တည်ခြင်း
အလွန်ဉာဏ်ပညာထက်မြက်၏ ဆွေမျိုးများထက်သာလွန်မည် ခိုက်ရန်ဖြစ်ရာတွင် သွေးအေးတည်ငြိမ်တတ်သည် မီးဘေးသင့်တတ်သည် သားသမီးနည်းတတ်သည် အနေနီးသူနှင့်ငြိတတ်သည် တပါးသူကို ပြန်ပြောစရာအတွေ့အကြုံ များစွာရှိတတ်သည်
  • သိဟ်ရာသီ၌ စန်းရပ်တည်ခြင်း
သီလစင်၍ ချစ်ဖွယ်ကရုဏာသက်ဖွယ်ရှိ၏ ဒေါသကြီးလွယ်သော်လည်း ခဏအတွင်း၌ ပြေလွယ်၏ ခန္ဓာကိုယ်ပိန်လှီကာ ထင်ရာစိုင်းတတ်၏ ဦးခေါင်းယားယံတတ်မည် သားသမီးနည်းမယ် ရန်ကိုအနိုင်ယူသော်လည်း အများဆန္ဒကိုမူ လစ်လျူမရှုသော စိတ်ထားရှိမည်
  • ကန်ရာသီ၌ စန်းရပ်တည်ခြင်း
လှပချောမောကာ အသက်ရှည်တတ်သည် အနေအထိုင်မကျစ်လစ်တတ်ပေ သမီးများ၍ သားနည်းတတ်သည် အပြောချို၍ ရည်းစားပေါတတ်သည် အလွန်ဉာဏ်ထက်၍ စည်းစိမ်များမည် ငြိမ်သက်အေးဆေးစွာ သေဆုံးတတ်သည်
  • တူရာသီ၌ စန်းရပ်တည်ခြင်း
သီလစင်၍ စိတ်သဘောထားကြီးကာ အမြဲရွှင်ပြုံးနေတတ်သည် ထူးချွန်သောကုန်သည်ဖြစ်မည် မိသားစုတွင်အငယ်ဆုံးဖြစ်တတ်သည် ဆွေမျိုးများကိုစောင့်ရှောက်မည် ခန္ဓာကိုယ်တောင့်တင်းခြင်းမရှိပေ သားနည်းတတ်သည်
  • ဗြိစ္ဆာရာသီ၌ စန်းရပ်တည်ခြင်း
ဆင်ခြေအလွန်များသူဖြစ်၍ ဆရာမရှိဖြစ်တတ်သည် ငယ်စဉ်ကအနာများ၍ ပင်ပမ်းကြီးစွာသေဆုံးရတတ်သည် ဆွေမျိုးများနှင့်မသင့်ပေ ကဗျာဆရာ/ရှေ့နေ စသည်တို့ဖြင့်ကြီးပွားမည် အပေါင်းအသင်းမှားတတ်သည်
  • ဓနုရာသီ၌ စန်းရပ်တည်ခြင်း
မျက်လုံးနက်မှောင်မည် စာပေကျမ်းဂန်ဗဟုသုတနှင့်ပြည့်စုံမည် အကုန်အကျများမည် သားများနှင့်ဆက်ဆံရေးမပြေလည်တတ်ပေ အလွန်အသက်ရှည်တတ်သည် ပညာရှင်များက လေးစားကြမည် သီလဖြူသော်လည်း ကပ်စေးနှဲမည်
  • မကာရရာသီ၌ စန်းရပ်တည်ခြင်း
အရပ်နိမ့်တတ်သည် ဘ၀အလယ်ပိုင်းတွင် လှည့်ပတ်သွားလာနေရမည် အာရုံငါးဖြာနှင့်စပ်လျှဉ်း၍ ချွတ်ယွင်းတတ်သည် အမျိုးသမီးများကို စွဲလန်းတတ်သည် သားများကြောင့် ဒုက္ခတွေ့တတ်သည် အဆစ်မြစ်ကိုက်ခဲတတ်သည် အသက်အရွယ်ကြီးရင့်သူကိုနှစ်သက်တတ်၏
  • ကုံရာသီ၌ စန်းရပ်တည်ခြင်း
အပြောအဆိုမတတ်ဖြစ်၍ လူမုန်းခံရတတ်သည် ပျင်းရိ၍ အပျော်မက်နေမည် သားများစွာမွေးဖွားရရှိကာ မိသားစုပျော်ရွှင်နေရတတ်သည် သူတပါးဥစ္စာရရှိခြင်း ဒုစရိုက်လုပ်ငန်းတို့လုပ်ကိုင်တတ်မည်
  • မိန်ရာသီ၌ စန်းရပ်တည်ခြင်း
ရုပ်ဆင်းလှပတင့်တယ် ကျမ်းမာကြံ့ခိုင်ပါမယ် စကားပြောရာတွင်စိတ်အားထက်သန်တတ်ပါတယ် နိုင်ငံခြားတွင်နေရတတ်၏ ဇနီးအများအပြားရှိတတ်ပါတယ်

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။