၃ဂါဂြိုလ်၏ဒသာကာလ

  • မိဿရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

စိတ်ဒေါသ အလွန်ကြီးနေမည် ထက်မြက်နေသော်လည်းကြမ်းတမ်းနေတတ်သည် ခိုးသူဘေးအားကြောက်လန့်နေရတတ်သည် မိမိမျိုးနွယ်အတွက် ဦဆောင်ကာကွယ်နေရတတ်သည်

  • ပြိဿရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

ရာထူးကျခြင်း ရန်ဖြစ်ခြင်း သူတပါးဝင်ငွေအပေါ်တက်မက်လိုချင်မိမည် ဆရာသမား/ဘာသာရေးတို့၌ စော်ကားပြောဆိုမိမည်

  • မေထုန်ရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

နိုင်ငံရပ်ခြားအဝေးတနေရာတွင် ရောက်ရှိနေတတ်သည် ဆွေမျိုးရင်းများနှင့်ခိုက်ရန်ဖြစ်ရတတ်သည် စိတ်ပင်ပမ်းနေ၍ အမောအပမ်းမခံနိုင်ဖြစ်နေမည် ကာမဂုဏ်စိတ်ပြင်းနေမည်

  • ကရကဋ်ရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

ခြေလက်များထိခိုက်မိမည် လူအများအားလှည့်စားမိမည် သမာအာဇီဝလုပ်ငန်းများ အကျိုးပေးမည် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ဆက်စပ်နေတတ်သည်

  • သိဟ်ရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

အခြွေအရံနှင့်တကွ ခေါင်းဆောင်ဖြစ်တတ်သည် စိတ်အားတက်သန်လွန်းနေမည် လက်နက်မီးဘေးကြုံတတ်သည်

  • ကန်ရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

စည်းရုံးရေးကောင်းမွန်နေမည် ဇနီးမယားနှင့် ငွေကြေးများစွာပိုင်ဆိုင်ရတတ်သည် ရာထူးကြီးရတတ်သည်

  • တူရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

မျိုးပွါးအင်္ဂါအနာရမည် ဇနီးမယားကြောင့်ငွေကုန်ရတတ်သည် အောက်လက်ငယ်သားနှင့်မသင့်မြတ်ဘဲတကိုယ်ကောင်းဆန်နေတတ်သည်

  • ဗြစ္ဆာရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

ဒသနိကဗေဒ ယုတ္တိဗေဒ သဘာဝတ္တပညာများလိုက်စားရတတ်သည် မိတ်ဆွေများ၏မုန်းတီးခြင်းကို ခံရ၍ လက်နက်/မီး/အဆိပ်ဘေးကြောင့် အသက်ဆုံးရတတ်သည်

  • ဓနုရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

ရဟန်း/နတ်/မင်းတို့နှင့်ပတ်သတ်၍ ဥစ္စရမည် ဖြန်ဖြေသောလုပ်ငန်းများလုပ်ရတတ်သလို ရန်ဖြစ်အောင်လည်းတိုက်ပေးတတ်သည် သို့သော် အများကလေးစားနေမည်

  • မကာရရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်တအားကြီးနေမည် ကား/မြေ စိန်ရွှေများရရှိမည် နိမ့်ပါးသူများအားကူညီဖြစ်မည်

  • ကုံရာသီတွင်ရပ်သော ၃ဂါ၏ဒသာ

ဘာသာရေးနှင့်အလှမ်းဝေးနေရတတ်သည် မာနကြီး၍ဆင်းရဲရတတ်သည် မကောင်းသောဆုံး ဖြတ်ချက်ကို ချတတ်သည် သားသမီးဆုံးရှုံးရတတ်သည်

  • မိန်ရာသီတွင်ရပ်သော ၂လာ၏ဒသာ

ကြွေးတင်ခြင်း သားသမီးဆုံးခြင်း မတော်တဆ ဒါဏ်ရာရခြင်း နိုင်ငံရပ်ခြားသွားရခြင်းများကြုံတတ်ပါသည်

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။