ဂြိုလ်တို့၏အားဗလ

ဇာတာဆုံးဖြတ်ရာပဲဖြစ်ဖြစ် ဒသာကို ဆုံးဖြတ်ရာပဲဖြစ်ဖြစ် အားဗလတွေက အရေးကြီးပါတယ်။

  • တနင်္ဂနွေဂြိုလ်၏ အားဗလ
တနင်္ဂနွေဂြိုလ်ဟာ ဥတ္တရယဉ်၊ မိမိရာသီ(သိဟ်ရာသီ)၊ ဥစ်ရာသီ(မိဿရာသီ)၊ မိမိန၀င်း(တနင်္ဂနွေန၀င်း)၊ မိမိတြင်း၊ မိမိဟောရာ၊ တနင်္ဂနွေနေ့၊ မွန်းတည့်ချိန်၊ မိတ်န၀င်း၊ လဂ်မှ ၁၀ တန့်၊ ရာသီတစ်ခု၏အစ တို့မှာ အားကောင်း၍ ရာသီအဆုံး၊ ဆည်းဆာ၊ နေကြတ်၊ လကြတ်ချိန်တွေမှာ အင်အားကင်းမဲ့ပါတယ်တဲ့။

ရှင်းလင်းချက်။
ဥတ္တရ(သောမျှယန)နဲ့ဒက္ခိဏ(ယာမျှယန)ယာဉ်နှစ်မျိုးရှိရာမှာ တနင်္ဂနွေဟာ မကာရမှ မေထုန်တွင်းရှိချိန် ( ခန့်မှန်း ဇန်န၀ါရီမှ ဇွန်ထိကာလ) ကို ဥတ္တရယာဉ်လို့ခေါ်ပါတယ်။ နေမင်းဟာ တောင်ယဉ်စွန်းတန်းမှ မြောက်ယဉ်စွန်းတန်းဆီ သွားချိန်ပေါ့။ ကျန်တဲ့ ၆ လကို ဒက္ခိဏယာဉ်လို့ခေါ်ပါတယ်။

န၀င်းဆိုတာ ရာသီနဲ့ဘ၀တို့လို စက်တစ်မျိုးပါ။ သူ့ရဲ့ အစိတ်တစ်ခုက ၁၃ မိနစ် ၂၀ စက္ကန့်ကိုကိုယ်စားပြုပါတယ်။ စိတ်နေသဘောထားကို ဟောကိန်းထုတ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။ ဥစ်နိစ်ကို ပုံမှန်ပဲယူဆပါတယ်။ သူဟာ ရာသီလို သဘောသဘာဝနဲ့ ချိန်ထိုးထားတာမဟုတ်လို့ ဂြိုလ်မြင်သဘာဝကို သုံးလို့မရပါ။

ထပ်ဆင့်၍တင်ပြမှာတွေက တြင်း၊ ဟောရာ၊ မိတ်ရန်ဇယားမှမိတ်ရန်စက် တို့ပါ။
  • တနင်္လာဂြိုလ်၏ အားဗလ
ပြိဿရာသီ(ဥစ်ရာသီ)၊ ကရကဋ်ရာသီ(အိမ်ပိုင်)၊ ဒက္ခိဏယာဉ်၊ မိမိဟောရာ၊ ညာဥ့်အချိန်၊ မိမိန၀င်း၊ တနင်္လာနေ့၊ မိမိတြင်း၊ ပုဏ္ဏစန်း၊ ရာသီတစ်ခုရဲ့အဆုံးတို့မှာ အားရှိပါတယ်။ ရာသီဝင်ဦးစမှာ အားနည်းပါတယ်။

ရှင်းလင်းချက်။
လပြည့်ရဲ့ရှေ့နောက် ၅ရက်ခန့်ကို အားရှိတဲ့စန်း ပုဏ္ဏစန်းလို့ခေါ်ပါတယ်။ လကွယ်ရဲ့ရှေ့နောက် ၅ ရက်ခန့်ကို အားမဲ့တဲ့စန်း ခိဏစန်းလို့ခေါ်ပါတယ်။ စိတ်နှလုံးသာယာမှုနဲ့အကျိုးပေးတွေတွက်ရာမှာ သုံးတတ်ကြပါတယ်။
  • အင်္ဂါဂြိုလ်၏အားဗလ
ဂြဟယုဒ္ဓတွင်အနိုင်ရခြင်း၊ နောက်ပြန်သွားခြင်း၊ နေရောင်မလွမ်းခြင်း၊ ဒက္ခိဏယာဉ်၊ မိမိရာသီ၊ မိမိတြင်း၊ မိမိန၀င်း၊ ဥစ်ရာသီ၊ မွန်းတည့်ချိန်၊ ရာသီဝင်ဦးစအားကောင်း ရာသီအဆုံးမှာသင့်တင့်၍ ရာသီအလယ်တွင်အားနည်း၊ လဂ်မှ ၁၀ တန့်တို့မှာ အားကောင်းပါတယ်။

ရှင်းလင်းချက်။
ဂြိုလ်တွေဟာ ရာသီစက်ဝန်းကို လက်ဝဲရစ်လှည့်ရင်းက တစ်ခါတစ်ရံမှာ(ဘဲဥပုံပတ်လမ်းကြောင့်) ကမ္ဘာကကြည့်ရင် သွားတာနှေးနေတတ်ပါတယ်။ နောက်ပြန်လည်း သွားတတ်ပါတယ်။ ၀ကြသွားတယ်ခေါ်ပါတယ်။ တစ်ခါတစ်လေအသွားမြန်ပါတယ်။ သီဟဗျစ္ဆ(ခြင်္သေ့နှယ်ခုန်) ကျင့်တယ်ဆိုတာလည်းရှိပါသေးတယ်။

ဆက်လက်ဖေါ်ပြမှတွေက အားပြိုင်စစ်ပွဲ နဲ့ နေရောင်ဖုံးခြင်းပါ။
  • ဗုဒ္ဓဟူးဂြိုလ်၏အားဗလ
နေရောင်ဖုံးရာမှ လွတ်လျှင်လွတ်ခြင်း၊ နေ့ညနှစ်ပါးမရွေး၊ ဥစ်ကသစ်တြင်းန၀င်းများ၊ ၀ကြတွင်အားကောင်းသော်လည်း အတ္တမိ(နေရောင်ဖုံး)က အားလျော့၊ ရာသီအစတွင်သင့် အလယ်တွင်ကောင်းပါတယ်။ ရာသီအဆုံးမှာ အားနည်းပါတယ်။
  • ကြာသာပတေးဂြိုလ်၏အားဗလ
ဓနုမိန်ကရကဋ်ဗြိစ္ဆာရာသီများ၊ နေ့လည်မရောက်မီ၊ ဥတ္တရယာဉ်၊ ရာသီအစတွင်သင့် အလယ်တွင်ကောင်း အဆုံးတွင်လျော့၊ ၀ကြ၊ လဂ်သို့မဟုတ် ၁၀ တန့်တို့မှာကောင်းပါတယ်။
ရှင်းလင်းချက်။
နိစ်ဂြိုလ်တွေ ၀ကြသွားရင် ဥစ်ထက်တောင် အားကြီးပါတယ်။ ဥစ်ဂြိုလ်တွေဝကြသွားရင်တော့ အားသိမ်မကောင်းတော့ပါ။
  • သောကြာဂြိုလ်၏အားဗလ
၃ တန့်၊ ၆ တန့်၊ ၁၂ တန့်များ၊ ရာသီဝင်စလျော့ အလယ်တွင်းကောင်း၍ အဆုံးတွင်သင့်၊ မိမိကြင်းန၀င်းဥစ်ကသစ်များမှာ ကောင်းပါတယ်။
  • စနေဂြိုလ်၏အားဗလ
လဆုတ်ရက်များ၊ ညပိုင်း၊ ဒက္ခိဏယဉ်၊ ရာသီဝင်စလျော့ အလယ်တွင်သင့် အဆုံးတွင်အားကောင်း၊ ၇ တန့်ရာသီနှင့် မိမိတြင်းန၀င်းကသစ်ဥစ်များမှာအားကောင်းပါတယ်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။