ဟောရာဇယား

ဒဿဝဂ္ဂမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ဟောရာဝဂ္ဂပါ။

ဟောရာဇယား

အပိုင်း

အင်သာ

လိတ္တာ

ဝိလိတ္တာ

မှ

အင်သာ

လိတ္တာ

ဝိလိတ္တာ

ဂြိုလ်ရပ်ရာ အင်သာဖြင့် ဇယား(၁)မှ အပိုင်းရှာပါ။

၁၄

၅၉

၅၉

ဇယား(၂)တွင် ဂြိုလ်ရပ်ရာရာသီဖြင့်ညှိပါ။

၁၅

၃၀

အဖြေများသည် ၀ မှ ၁၁ ထိ ရာသီများဖြစ်သည်။

အပိုင်း

မိဿ(၀)

ပြိဿ(၁)

မေထုန်(၂)

ကြဋ်(၃)

သိဟ်(၄)

ကန်(၅)

တူ(၆)

ဗြိစ္ဆာ(၇)

ဓနု(၈)

မကာရ(၉)

ကုမ်(၁၀)

မိန်(၁၁)

ဒဿဝဂ္ဂဆိုတာ ရာသီစက်ကို ဂြိုလ်တွေရပ်ရာ အံသာအရ စိတ်ပိုင်းခြင်းပါ။ စိတ်ပိုင်းရာမှာ တစ်ရာသီကို တက်ဝက်ပိုင်းထားတဲ့ဝဂ္ဂကို ဟောရာဝဂ္ဂ၊ သုံးပုံတစ်ပုံပိုင်းထားတာကို တြင်းဝဂ္ဂ၊ လေးပုံတစ်ပုံပိုင်းထားတာကို စတုရီယံဝဂ္ဂ၊ ငါးပုံတစ်ပုံပိုင်းထားတာကို ပဉ္စသ၀ဂ္ဂ၊ ခြောက်ပုံတစ်ပုံပိုင်းတာကို ဆဌံသ၀ဂ္ဂ၊ ခုနှစ်ပုံတစ်ပုံပိုင်းထားတာကို သတ္တံသ၀ဂ္ဂ၊ ရှစ်ပုံတစ်ပုံပိုင်းထားတာကို အဌံသ၀ဂ္ဂ၊ ကိုးပုံတစ်ပုံပိုင်းထားတာကို န၀ံသ၀ဂ္ဂ၊ ဆယ်ပုံတစ်ပုံပိုင်းထားတာကို ဒသံသ၀ဂ္ဂ၊ ဆယ့်နှစ်ပုံပုံတစ်ပုံပိုင်းထားတာကို ဒွါဒသံသ၀ဂ္ဂဆိုပြီး ၀ဂ္ဂဆယ်မျိုးရှိပါတယ်။

ဘာ့ကြောင့်ခွဲလဲဆိုတော့
၁။ ဇာတာစစ်ရာမှာ တိကျချင်လို့ပါခင်ဗျ။
သူ့ရဲ့အသေးစိတ်မှုကို တွက်ကြည့်မယ်ဆိုရင် အမြန်ဆုံးသွားတဲ့ လဂ်ဂြိုလ်ဟာ တစ်ရာသီမှာ ၂ နာရီနေပါတယ်။ အသေးဆုံးစိတ်တဲ့ ဒွါဒသံသစက်က တစ်ရာသီကို ၁၂ စိတ်စိတ်တော့ ဒွါဒသံသစက်ဟာ ၁၀မိနစ်မွေးချိန်ကွာတာနဲ့ သူကွာပါ့မယ်။
၂။ ဇာတာဟောရာမှာ ဝေဆာချင်တာကြောင့်လည်းပါပါတယ်။
ဟောရာဝဂ္ဂ(ဟောရာစက်)ကိုတော့ ပစ္စည်းဥစ္စာရေရှည်တည်မြဲမှုကို ဆုံးဖြတ်ရာမှာ သုံးပါတယ်။ သူက ရာသီတစ်ခြမ်းစီကို ခွဲခြမ်းအုပ်ဆိုးတဲ့ ၁ နွေနဲ့ ၂ လာကို ခွဲတာပါ။ (၃)ရာသီက ကရကဋ်ပါ။ ၂ လာပိုင်ပါတယ်။ ဟောရာစက်မှာ ၁နွေ နဲ့ ၂လာပိုင်တဲ့ သိဟ်နဲ့ ကရကဋ်မှာပဲ ဂြိုလ်တွေနေပါလိမ့်မယ်ခင်ဗျ။ အပေါ်က ဇယားလေးကို အသုံးပြုပြီးလွယ်လွယ်ခွဲနိုင်ပါတယ်ခင်ဗျ။

နမူနာဇာတာတွက်ပုံ

ဂြိုလ်

ရာသီ

အင်သာ

၁၇

၁၅

၁၃

၂၁

၂၀

၂၀

လိတ္တာ

၅၅

၂၀

၃၇

၁၉

၅၈

၁၁

၃၁

၃၁

၅၉

ဝိလိတ္တာ

၁၁

၃၄

၃၅

၅၀

၄၄

၂၁

၂၉

၂၉

၅၃


နမူနာဇာတာက ၄ဟူးဂြိုလ်ကို နမူနာတွက်ပြပါ့မယ်ခင်ဗျ။ ပထမအံသာကို ကြည့်တော့ ၁၃ အံသာ ၇ လိတ္တာ ၅၀ ၀ိလိတ္တာပါ။ ပထမဇယားအရ အပိုင်း(၁)မှာပါ။ ရာသီကိုကြည့်တော့ (၈)ဓနုရာသီ ဒါ့ကြောင့် ဒုတိယဇယားက အပိုင်း(၁)နဲ့ဓနုတို့ဆုံရာ ၄ ကိုရပါတယ်။ ၄ ဆိုတာ သိဟ်ရာသီပါ။ ဒါ့ကြောင့် ၄ ဟူးဂြိုလ်ဟာ တနင်္ဂနွေဟောရာမှာတည်ရှိနေပါတယ်။ ဒီလိုနည်းနဲ့ဖွဲ့လိုက်တာ ရလာတဲ့ဟောရာဇယားက

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။