မိဘတွေရဲ့ ကျန်းမာရေး (၃)

ကြုံကြိုက်တုန်းမိုလို့ ၁ နွေရဲ့ အဌ၀ဂ္ဂအဟောလေး ပူးတွဲတင်ဆက်လိုက်ပါ့မယ်ခင်ဗျာ။
နမူနာဇာတာလေးနဲ့ ယှဉ်ထိုးကြည့်ကြတာပေါ့ခင်ဗျာ။
ဒီဇာတာမှာ ၁ နွေဟာ သူရပ်ရာရာသီမှာ ဗန္ဓုတစ်လုံးသာရပါတယ်။
ဒီအလုံးရေလေးတွေက ဘာတွေပြောသလဲဆိုတော့
၁-လုံး ရောဂါအမျိုးမျိုးစွဲကပ်မယ်၊ ၀မ်းနည်းရမယ်၊ လှည့်လှည်သွားလာနေရတတ်တယ်။
၂-လုံး အထင်မှားခံရမယ်၊ အုပ်ချုပ်သူကြောင့်/အတွက်ပူရမယ်၊ ငွေဆုံးတတ်တယ်။
၃-လုံး မကြာခဏခရီးသွားရမယ်၊ ကြုံလှီနေတတ်တယ်၊ စိတ်ဝေဒနာခံစားရတတ်တယ်။
၎-လုံး ရတာနဲ့ ကုန်တာမျှလို့ သုခ ဒုက္ခမျှနေပါ့မယ်။
၅-လုံး သားသမီး အ၀တ်အစား ပညာအမျိုးမျိုးရပါမယ်၊ စိတ်ထားဖြူနေတတ်တယ်။
၆-လုံး ကျန်းမာအောင်မြင်လို့ ဆွဲဆောင်မှုတွေ ပြည့်နေပြီး ကျော်ကြားနေတတ်တယ်။
၇-လုံး ဂုဏ်ပြုခြင်းခံရမယ်၊ စည်းစိမ်ရမယ်။
၈-လုံး မြင့်မားတဲ့နိုင်ငံရေးအာဏာရတတ်မယ်၊ ကမ္ဘာနဲ့ချီကျော်ကြားတတ်ပါမယ်။

ဒီအကျိုးဆက်အားလုံးဟာ တစ်သက်လုံး တစ်နည်းအားဖြင့်တစ်နှစ်လုံးလို့ မသတ်မှတ်စေချင်ပါဘူး။ ကောဇာ ၁ နွေ ၄င်းရာသီပေါ် စီးနေမှပါခင်ဗျ၊

စီးတယ်ဆိုတာ ဘာလဲဆိုတော့ ၁ နွေကိုပြောပြပါမယ်။ လောလောဆယ် ကျွန်တော်တို့သုံးတဲ့ နိယာယနအရ သင်္ကြန်ကျချိန် ဧပြီ ၁၃ ၁၄ လောက်က စလို့ မေ ၁၃ ၁၄ ထိ မိဿရာသီမှာ ၁ နွေတည်ပါတယ်။ အဲဒီကနေ လည်လာလိုက်တာ တစ်လကို တစ်ရာသီပေါ့ခင်ဗျာ။ အပေါ်ကနမူနာဇာတာမှာတော့ ၁ နွေ ဗန္ဓုတစ်လုံးတည်းရှိရာ ဓနုရာသီ (ဒီဇင်ဘာ ၁၃/၁၄ မှသည် ဇန်န၀ါရီ ၁၃/၁၄ ခန့်တိုင် ဗန္ဓုတစ်လုံးတည်းရသောအကျိုးဖြစ်တဲ့ {ရောဂါအမျိုးမျိုးစွဲကပ်မယ်၊ ၀မ်းနည်းရမယ်၊ လှည့်လှည်သွားလာနေရတတ်တယ်။} စတာတွေကို နှစ်စဉ်ခံစားရတတ်တယ်လို့ဆိုလိုတာပါခင်ဗျ။ ဒီလတွေကရော နှစ်တိုင်းလား ဆိုတဲ့မေးခွန်းကိုတော့ ဒဿာတွေက ဖြေရှင်းပေးပါလိမ့်မယ်ခင်ဗျာ။ လောလောဆယ် ဒီလိုလေး မှတ်ထားရင်ပဲ အဆင်ပြေမယ်လို့ ယူဆပါကြောင်းခင်ဗျ။

တစ်လက်စတည်း ရာသီခွဲပုံတွေက လတိုင်းရဲ့ ၂၀/၂၁ ဘာလို့မဟုတ်တာလဲ တွေ့နေကျတွေက ၂၀/၂၁ ရယ်လို့ စောကြောနိုင်ကောင်း စောကြောနိုင်ပါတယ်ခင်ဗျ။ ဒီကွဲလွဲချက်က စနစ်နှစ်ခုကြောင့်ပါ။ နိယာယနနဲ့ သာယန ရယ်လို့ခေါ်ကြသလို အရှေ့တိုင်းသုံးနဲ့ အနောက်တိုင်းသုံးလို့လည်း ခေါ်တဲ့ စနစ်နှစ်ခုပါ။ ကျွန်တော်တင်ပေးထားတဲ့ ပရိုဂရမ်မှာလည်း လေ့လာနိုင်ပါတယ်။ နိယာယနက ဧပြီ ၁၃ ၁၄ မှာ အီကွေတာပေါ် နေရောက်လို့ နှစ်ကူးတယ်ယူတယ်။
သာယနက ကမ္ဘာ ၂၃ဒီဂရီခွဲစောင်းတာထည့်ပြီး တစ်ပတ်လောက်နောက်ဆုတ်လိုက်လို့ နှစ်ဆန်း ၁ ရက် ဧပြီ ၂၀ ၂၁ လောက်မှ နှစ်ကူးလိုက်တယ်။ ဒီလိုလေးပဲကွာတာပါဗျာ။ အဲ ဇာတာမှာတော့ အကြီးအကျယ်ကွာတယ် အဲဒီလိုပဲ ရက်တွေကိုလည်း သူ့စနစ်နဲ့ သူ ဆုံးဖြတ်လို့ရပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ရပ်ဌာနေ ထွန်းကားတဲ့ စနစ်နဲ့ပဲ သင်္ကြန်ကျချိန်မှာ နှစ်စတာကိုပဲ သုံးသင့်တယ်ထင်မိပါကြောင်းခင်ဗျား။

အဟောလေးတွေဆက်လေ့လာကြပါစို့။

၁။ ၁နွေဟာ လဂ်နဲ့ပူးပြီး နိစ်သို့ရန် တည်ကာ ဗန္ဓုကလည်း ၃ လုံးထက်နည်းပါက ကျန်းမာရေးချို့ပြီး လူနာရုပ်ပေါက်တတ်ပါတယ်။
၂။ ၁နွေဟာ ဥစ်သို့မိတ်မှာတည်ပြီး ဗန္ဓု ၅ လုံးရပါက နိုင်ငံကျော်ဆရာတော်တစ်ပါးဖြစ်တတ်ပါတယ်။
၃။ ၁နွေဟာ လဂ်သခင်ဖြစ်၍ ဗန္ဓု ၅/၆/၇ ရပါက အာဏာရှင် မင်းတစ်ပါးဖြစ်တတ်ပါတယ်။
၎။ ဗိန္ဓု ၃/၄ ရတဲ့ ၁ နွေဟာ ဥစ်မိတ်မှ မရပ်ရင်တော့ အမြဲ ချုချာတတ်ပါတယ်။
၅။ ကိန်းရတဲ့ ၁ နွေဟာ ၀နေ/၃င်္ဂါ/၄ဟူး တစ်ခုခုနဲ့ပူးပြီး ၁ နွေဟာ ဧကဓိပတိ ၂ လုံးရရင် ဇာတာရှင်မွေးပြီး ၁၀ နှစ်အကြာမှာ ၄င်းဖခင်ဟာ အာဏာရတတ်ပါတယ်။ (ဧကဓိပတိကို နောက်ပိုစ့်မှာ ရှင်းပေးပါ့မယ်ခင်ဗျာ။)
၆။ ဗန္ဓု ၅ လုံးထက်ပိုရတဲ့ ကိန်း/တြိဂေါဏမှာ ၁ နွေတည်ရင် ဖခင်ဟာ သုဿန် ပင်လယ် တောင်တန်းလို အရပ်မျိုးမှာ ကွယ်လွန်တတ်ပါတယ်။
၇။ ၁ နွေရဲ့ မိတ်ဂြိုလ်တစ်လုံးလုံးဟာ ဗိန္ဓု ၃/၄/၅ ရတဲ့ ကိန်းတြိဂေါဏမှာရပ်ရင် ဇာတာရှင် ၁၇ နှစ်မှာ ဖခင်ကွယ်လွန်တတ်တယ်။
၈။ ဗိန္ဓု ၃ လုံးရတဲ့ ၉ တန့်မှာ ၁ နွေနဲ့ ၈ ဟု ပူးရပ်ရင် ဇာတာရှင် ၅ နှစ်မှာ ဖခင်ကွယ်လွန်တတ်ပါတယ်။
၉။ ဗိန္ဓု ၃ လုံးရတဲ့ ၅ တန့်မှာ ၁ နွေနဲ့ ၂လာ ၃င်္ဂါ ၀နေတို့ပူးရင် မိဘညီကိုမောင်နှမတွေ ဆုံးရှုံးရသူဖြစ်မယ်။
၁၀။ ဗိန္ဓု ၃/၄ လုံးရတဲ့ ၃ တန့်မှာ ၁ နွေရပ်ပြီး ကိုးတန့်ကို ပါပမြင်ရင် ဇာတာရှင်အသက် ၂၀ ပြည့်ပြီတာနဲ့ ဖခင်ဆုံးတတ်ပါတယ်။
၁၁။ ဗိန္ဓု ၄လုံးရတဲ့ ၆ တန့်မှာ ၁ နွေရှိပြီး ကြာသာပတေးမြင်ရင် ဇာတာရှင် ၂၅ နှစ်ပြည့်အပြီးမှာ ဖခင်ဆုံးတတ်တယ်။
၁၂။ ဗိန္ဓု ၅ လုံးနဲ့ ၅ လုံးထက်ပိုတဲ့ ကိန်းတြိဂေါဏမှာ ၁ နွေရပ်ရင် ဇာတာရှင်ရဲ့အသက် ၃၄ နဲ့ ၃၆ ကြား ဖခင်ဆုံးတတ်တယ်။
၁၃။ ၁နွေရဲ့ သောဂျပိဏ္ဍာကို ၁နွေရဲ့ ၉ တန့်က ဗိန္ဓုသင်္ချာနဲ့မြှောက် ရလဒ်ကို ၂၇ နဲ့စား အကြွင်းကို အာသာဝဏီက စရေ၍ ရောက်ရာနက္ခတ်ပေါ် ကောဇာစနေစီးချိန် (မရကဂြိုလ်တွေရဲ့ဒဿာမှာ) ဇာတာရှင်နဲ့သွေးနီးသူတို့ သေဆုံးတတ်ပါတယ်။

ဆက်လက်ဖေါ်ပြပေးပါဦးမယ်ခင်ဗျ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။