ချုပ်နှောင်ဖမ်းဆီးခံရနိုင်သလား

ချုပ်နှောင်ဖမ်းဆီးခံရနိုင်သလားဆိုတဲ့ မေးခွန်းမျိုးအတွက် မှတ်သားဖွယ်ယုဂ်တစ်ခု တင်ပြလိုက်ပါတယ်ခင်ဗျာ။
ဇာတာတွင်းမှာ ဂြိုလ်အချင်းချင်းဖြစ်စေ၊ အတန့်အချင်းချင်းဖြစ်စေ မြင်ယှဉ်ဆက်သွယ် သန္ဗမ္ဓပြုတာကြောင့် ပေါ်ပေါက်လာတဲ့ ထူးခြားဖြစ်စဉ်မျိုးကို ယုဂ်(ယောဂ)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

  • ဗန္ဓနယုဂ်
ဖြစ်ပွားခြင်း
၂တန့်နှင့် ၁၂ တန့်၊ ၃တန့်နှင့် ၁၁တန့်၊ ၄တန့်နှင့် ၁၀တန့်၊ ၅တန့်နှင့် ၉တန့်၊ ၆တန့်နဲ့ ၈တန့်၊ ၆တန့်နှင့် ၁၂တန့် စသည့်အတန့်တို့တွင် ဂြိုလ်လုံးရေတူခြင်း၊ ၆ တန့်သခင် ၁၀တန့်နေခြင်း၊ ၁၀တန့်သခင် ၆တန့်နေခြင်း စသောအခြေအနေများတွင် ၄င်းယုဂ်ဖြစ်ပွားသည်။

အကျိုးဆက်

အချုပ်အနှောင်အဖွဲ့ခံရခြင်းကိုဆိုလိုသည်။

ယုဂ်ပျက်စီးခြင်း
မိန်ရာသီ၌လဂ်တည်သော် ထိုယုဂ်ပျက်သည်။ နှစ်ထပ်သုံးထပ်ရက ပျက်သည်။(ဥပမာ ၂တန့်နှင့် ၁၂ တန့်တွင်လည်း ဂြိုလ်အရေအတွက်ချင်းတူ၊ ၃တန့် ၁၁တန့်မှာပါ ဂြိုလ်အရေအတွက်ချင်းတူပါက နှစ်ထပ်ကွမ်းရသည်ဆိုရမည်။)

ယတြာ
ဒသာပြိုင်စား၍ ခံရခါနီး တစ်လခန့်အလိုမှ စတင်၍ သမထ၊ ၀ိပဿနာတရားများကို လှိုင်ဂူကျောင်းများတွင် သွားကျင့်ကာ ယတြာပြုလုပ်နိုင်သည်။
မှတ်ချက်။ ။ဖြစ်ပွားသောဂြိုလ်တို့ ဒသာအန္တရဒသာများအပြင် ပါပကတ္တရီမိသော စနေဂြိုလ်ပါကူပါက အခြားဂြိုလ်ဆိုးတို့၏ ဒသာများတွင်လည်း မကြာခဏဖမ်းဆီးခံရနိုင်ပါသည်။ နမူနာဇာတာများ ဖေါ်ပြပေးပါဦးမည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။