ဒသာဆိုတာ/၀ိသောတ္တရီဒသာစနစ်

  • ။ဒသာဆိုတာ အချိန်ကာလကိုလိုက်၍ အကျိုးပေး တာကိုဖေါ်ပြဖို့ တွက်ချက်ထားတဲ့ ဂြိုလ်တို့ရဲ့ အားပေးချိန်ဖြစ်ပါတယ် ဒသာစနစ်များစွာဖတ်ဖူးပါတယ် ပြည့်ုပြည့်စုံစုံ ဖတ်ဖူးတာက ၀ိသောတ္တရီဒသာစနစ်နဲ့ နက္ခတ္တိကာဒသာစနစ်တို့ ဖြစ်ပါတယ်
  • ၀ိသောတ္တရီဒသာစနစ်
  • ၂လာ(၁၀နှစ်)
  • ၃င်္ဂါ(၇နှစ်)
  • ၈ဟု(၁၈နှစ်)
  • ၅တေး(၁၆နှစ်)
  • ၀နေ(၁၉နှစ်)
  • ၄ဟူး(၁ရနှစ်)
  • ၉ကိတ်(၇နှစ်)
  • ၆ကြာ(၂၀နှစ်)
စုစုပေါင်း ၁၂၀နှစ်ဖြစ်ပါတယ် တွက်ပုံက ၂လာရဲ့ ရပ်ရာကနေ တွက်ရတာပါ ဥပမာ
ဒီဇာတာလေးကိုဥပမာတွက်ရအောင်ဗျာ ၂လာက ၈ ရာသီ ၁၅ အင်သာ ၄၃ လိတ္တာ ကိုပဲယူတွက်ပါမယ် ဒီနေရာမှာ နက္ခတ်တွေပြန်လိုလာပါတယ်




စဉ်
နက္ခတ်အမည်
နက္ခတ်သခင်
ဂြိုလ်သက်
ရာသီ
အင်သာ
လိတ္တာ
မှ
ရာသီ
အင်သာ
လိတ္တာ
၁
အဿဝဏီ
၉
၇
ဝ
ဝ
ဝ
မှ
ဝ
၁၃
၂၀
၂
ဘရဏီ
၆
၂၀
ဝ
၁၃
၂၀
မှ
ဝ
၂၆
၄၀
၃
ကြတ္တိကာ
၁
၆
ဝ
၂၆
၄၀
မှ
၁
၁၀
ဝ
၎
ရောဟဏီ
၂
၁၀
၁
၁၀
ဝ
မှ
၁
၂၃
၂၀
၅
မိဂသီ
၃
၇
၁
၂၃
၂၀
မှ
၂
၆
၄၀
၆
အဒြ
၈
၁၈
၂
၆
၄၀
မှ
၂
၂၀
၂၀
၇
ပုဏ္ဏဖုဿ
၅
၁၆
၂
၂၀
၂၀
မှ
၃
၃
၂၀
၈
ဖုဿ
ဝ
၁၉
၃
၃
၂၀
မှ
၃
၁၆
၄၀
၉
အသလိဿ
၎
၁၇
၃
၁၆
၄၀
မှ
၎
ဝ
ဝ
၁၀
မာဃ
၉
၇
၎
ဝ
ဝ
မှ
၎
၁၃
၂၀
၁၁
ပြုဗ္ဗဖလဇနီ
၆
၂၀
၎
၁၃
၂၀
မှ
၎
၂၆
၄၀
၁၂
ဥတ္တရဖလဇနီ
၁
၆
၎
၂၆
၄၀
မှ
၅
၁၀
ဝ
၁၃
ဟသဒ
၂
၁၀
၅
၁၀
ဝ
မှ
၅
၂၃
၂၀
၁၄
စိတြ
၃
၇
၅
၂၃
၂၀
မှ
၆
၆
၄၀
၁၅
သွာတိ
၈
၁၈
၆
၆
၄၀
မှ
၆
၂၀
ဝ
၁၆
ဝိသာခါ
၅
၁၆
၆
၂၀
၂၀
မှ
၇
၃
၂၀
၁၇
အနုရာဓ
ဝ
၁၉
၇
၃
၂၀
မှ
၇
၁၆
၄၀
၁၈
ဇေဌ
၎
၁၇
၇
၁၆
၄၀
မှ
၈
ဝ
ဝ
၁၉
မူလ
၉
၇
၈
ဝ
ဝ
မှ
၈
၁၃
၂၀
၂၀
ပြုဗ္ဗာသဌ်
၆
၂၀
၈
၁၃
၂၀
မှ
၈
၂၆
၄၀
၂၁
ဥတ္တရာသဌ်
၁
၆
၈
၂၆
၄၀
မှ
၉
၁၀
ဝ
၂၂
သရ၀ဏ်
၂
၁၀
၉
၁၀
ဝ
မှ
၉
၂၃
၂၀
၂၃
ဓနသိဒ္ဓိ
၃
၇
၉
၂၃
၂၀
မှ
၁၀
၆
၄၀
၂၄
သတ္တဘိသျှ
၈
၁၈
၁၀
၆
၄၀
မှ
၁၀
၂၀
၂၀
၂၅
ပြုဗ္ဗာဘဒြပုဒ်
၅
၁၆
၁၀
၂၀
၂၀
မှ
၁၁
၃
၂၀
၂၆
ဥတ္တရာဘဒြပုဒ်
ဝ
၁၉
၁၁
၃
၂၀
မှ
၁၁
၁၆
၄၀
၂၇
ရေ၀တီ
၎
၁၇
၁၁
၁၆
၄၀
မှ
ဝ
ဝ
ဝ
၂လာက ၈ ရာသီ ၁၅ အင်သာ ၄၃ လိတ္တာဆိုတော့
၂၀
ပြုဗ္ဗာသဌ်
၆
၂၀
၈
၁၃
၂၀
မှ
၈
၂၆
၄၀
ဒီထဲမှာရှိတော့ ၂တနင်္လာဂြိုလ်ဟာ ပြုဗ္ဗာသဌ်နက္ခတ်ဧရိယာမှာရှိပါတယ်
စိုးမိုးဂြိုလ်က ၆ကြာဖြစ်ပြီး ဂြိုလ်သက်က ၂၀ နှစ်ပါ
ဒီမှာထပ်တွက်ရမှာက အဲဒီ ၂၀နှစ်ဟာ ၈ရာသီ ၁၃အင်သာ ၂၀လိတ္တာကနေ ၈ရာသီ ၂၆အင်သာ ၄၀လိတ္တာထိ ဆိုလိုတော့ ဒီ ၂ လာက ဘယ်လောက် ရောက်နေပြီလဲတွက်ရမှာ ဖြစ်ပါတယ်
၂လာရောက်နေတဲ့ နေရာ ၈ ရာသီ ၁၅အင်သာ ၄၃လိတ္တာ ထဲကနေ
ပြုဗ္ဗါသဌ်နက္ခတ်အစဖြစ်တဲ့ ၈ ရာသီ ၁၃အင်သာ ၂၀လိတ္တာ ကိုနှုတ်ယင်
ဝင်လာတဲ့ ၂လာရဲ့ ၀ ရာသီ ၂အင်သာ ၂၃လိတ္တာ ကိုရပါတယ်
လိတ္တာဖွဲ့ယင် ၂ အင်သာ= ၂x၆၀=၁၂၀ လိတ္တာ
၂ အင်သာ ၂၃ လိတ္တာ= ၁၂၀+၂၃= ၁၄၃ လိတ္တာ(နက္ခတ် ဧရိယာထဲသို့ ၂ လာဝင်လာသော လိတ္တာ)

နက္ခတ်တခုရဲ့အကျယ်က ၀ ရာသီ ၁၃အင်သာ၂ ၀လိတ္တာ
၁၃အင်သာ=၁၃x၆၀=၇၈၀ လိတ္တာ
ဒါကြောင့် ၁၃ အင်သာ ၂၀လိတ္တာ= ၈၀၀ လိတ္တာ

နက္ခတ်စိုးမိုးဂြိုလ်က ၆ကြာဆိုတော့ ၂၀ နှစ် အချိုးချယင်
၈၀၀ လိတ္တာ= ၂၀ နှစ် ၁၄၃ လိတ္တာ=?=(၁၄၃/၈၀၀)x၂၀ နှစ်=၃.၅၇၅ နှစ်=၃ နှစ် (၀.၅၇၅x၁၂=) ၆.၉ လ=၃ နှစ် ၆ လ (၀.၉x၃၀=) ၂၇ ရက်

ဒါ့ကြောင့် ၂ လာဟာ ပြုဗ္ဗာသဌ် နက္ခတ်ရဲ့ အနှစ် ၂၀ ထဲကို ၀င်လာတာ ၃ နှစ် ၆ လ ၂၇ ရက်ရှိပါပြီခင်ဗျာ

  • ဒီနက္ခတ်ထဲမှာ ကျန်သေးတဲ့ ရက်ကတော့ (၂၀ နှစ် - ၃ နှစ် ၆ လ ၂၇ ရက်=) ၁၆ နှစ် ၅ လ ၃ ရက်ခန့်ဖြစ်ပါတယ်
ဒါကို ဒသာနှစ်ကြွင်းလို့ခေါ်ပါတယ် same horo software မှာ “ ဒသာနှစ်ကြွင်း ၁၆ နှစ် ၅ လ ၁ ရက် ၆ကြာ” ပြထားပါတယ်
သူက အသေးစိတ် ၀ိလိတ္တာတွေယူတွက်တာရယ် ကျွန်တော်က တလရက် ၃၀နဲ့ ယျေဘုယျယူတာရယ်ကြောင့် ၁ ရက်ကွာသွားပါတယ် ဒီ “ ဒသာနှစ်ကြွင်း ၁၆ နှစ် ၅ လ ၁ ရက် ၆ကြာ”ဆိုတာတွက်လို့ရယင် samehoro က ဘယ်ဘက်က အချိန်ပြဇယားကလည်းတွက်ရပါပြီ လွယ်ပါတယ်ဗျာ ဂြိုလ်တွေကလည်း ဇယားထဲကလို စဉ်ထားတယ်ဗျာ

  • မွေးနေ့ ၁၉၈၄ ၁လ ၃ရက်မှာ ၆ကြာအတွက်လက်ကျန် ၁၆ နှစ် ၅ လ ၁ရက်ပေါင်းတော့ ၂၀၀၀ ၆လ ၄ရက်ကိုရပါရော နောက်တော့ ၁ နွေရဲ့ ၆ နှစ် ၂ လာရဲ့ ၁၀ နှစ်တွေထပ်ပေါင်းတော့ ဘယ်ဘက်ခြမ်းက ဇယားရပါရောဗျာ အဲဒီ ဇယားကို ဒသာဇယားလို့ခေါ်ပါတယ်

  • အလယ်ကဇယားကို ဆက်လေ့လာပါစို့ ၂၀၀၆ ၆လပိုင်း ၄ ရက်ကနေ ၂၀၁၆ ၆လပိုင်း ၄ရက် ထိ (၂လာဂြိုလ်ရဲ့ ဒသာကို) ထပ်မံခွဲစိတ်ထားတာဖြစ်ပါတယ် သူ့ကို အန္တရဒသာဇယားလို့ခေါ်ပါတယ် တွက်ပုံက မူလက ၂လာရဲ့ ဂြိုလ်သက် ၁၀ နှစ်ကို ထပ်ပိုင်းပြီး အားလုံးပြန်ပေါင်းယင် ၁၀ နှစ်ပြန်ရရမယ် အချိုးကျလည်းဖြစ်ရပါမယ်
၁၀ နှစ် x(၁၀/၁၂၀)=၁၀ လ (၂x၂)
၁၀ နှစ် x( ၇/၁၂၀)=၇ လ (၂x၃)
၁၀ နှစ် x(၁၈/၁၂၀)=၁နှစ် ၆ လ (၂x၈)
၁၀ နှစ် x(၁၆/၁၂၀)=၁နှစ် ၄ လ (၂x၅)
၁၀ နှစ် x(၁၉/၁၂၀)=၁နှစ် ၇ လ (၂x၀)
၁၀ နှစ် x(၁၇/၁၂၀)=၁နှစ် ၅ လ (၂x၄)
၁၀ နှစ် x( ၇/၁၂၀)=၇ လ (၂x၉)
၁၀ နှစ် x(၂၀/၁၂၀)=၁နှစ် ၈ လ (၂x၆)
၁၀ နှစ် x( ၆/၁၂၀)=၆ လ (၂x၁)
စုစုပေါင်း =၁၀နှစ် ဖြစ်ပါတယ် ဥပမာ (၂x၆) က ၂လာဒသာ ၆ကြာ အန္တရဒသာကို ညွန်းပါတယ် နောက်နောင်မှာ ဒီလိုပဲဖေါ် ပြပါမယ်ခင်ဗျာ
ညာဘက်ဆုံးဇယားကို ပြတ္တန္တရဇယားလို့ခေါ်ပါတယ် (၂x၈) ကို ထပ်မံခွဲစိတ်ထားခြင်းဖြစ်ပါတယ်။ (၂x၈x၈),(၂x၈x၅),(၂x၈x၀), . . .,(၂x၈x၃)ထိဖြစ်ပါတယ်၊
အဟောများမှာ မပါမဖြစ်လို့ သူ့ကို အယင်ဖေါ်ပြတာပါ

ဒုတိယ စနစ်ဖြစ်တဲ့ နက္ခတ္တိကဒသာစနစ်ကို ဒီ link မှာဖတ်နိုင်ပါပြီ

1 comment:

TTT said...

Oh My God!! This is so complicated!! to be an astrologer, you must be master brain!!

Post a Comment

ဒီပိုစ့်နဲ့ ပက်သတ်လို့ ဆွေးနွေးချင်တာရှိရင် သိပါရစေခင်ဗျ။