ဘာဝစက်မှ ၄ဟူးဂြိုလ်

  • ၄ဟူး ၁တန့်

ငြိမ်းချမ်းရေးကို မြတ်နိုး၍ သိမ်မွေ့မည် ရက်ရော၍ ပညာရှိမည် ဗဟုသုတများဖြင့် အနုပညာဆန်မည် နုပျိုသောအသွင်အမြဲရှိမည်

  • ၄ဟူး ၂တန့်

စကားပြောကောင်းမည် စီမံကိန်းကောင်းများချမှတ်နိုင်မည် ချစ်ရမက်ပြင်းထန်မည် တိုးတက်ဖြစ်ထွန်းမည်

  • ၄ဟူး ၃တန့်

ပရိယာယ်မာယာ အလွန်ကြွယ်ဝမည် စိတ်နှလုံးမစင်ကြယ်ပဲ စိတ်ရှုပ်ထွေးမည် ရည်မှန်းချက်ကို မရရအောင်ရယူတတ်သည်

  • ၄ဟူး ၄တန့်

ဂီတအနုပညာဗီဇရင့်သန်မည် လက်ဝတ်ရတနာ စီပွါးဥစ္စာနှင့်ပြည့်စုံမည် မိခင်၏စီပွါးမြင့်မားတတ်သည်

  • ၄ဟူး ၅တန့်

အလွန်ပညာတတ်၍ အပြောချိုမည် ပညာရှင်များက လက်ခံပေါင်းသင်းကြမည်

  • ၄ဟူး ၆တန့်

အလွန်အငြင်းသန်၍ ဆင်ခြေများမည် အများက မုန်းကြမည် နိုင်ငံရပ်ခြားတွင်နေရတတ်သည်

  • ၄ဟူး ရတန့်

မှန်သောစကားကိုသာဆိုတတ်မည် လှပချောမောမည် အိမ်ထောင်ဖက်မှ မိမိအား အရိပ်တကြည့်ကြည့်ဖြစ်နေမည် ကြံ့ခိုင်သော သားသမီးများမွေးမည်မဟုတ်ပေ

  • ၄ဟူး ၈တန့်

ကြီးပွားအောင်မြင်သော်လည်း အခြားသူများကို တိုက်ခိုက်တတ်သည် အာမခံလွယ်မှုကြောင့် ဒုက္ခရောက်တတ်သည် မိသားစုကိုထောက်ပံ့နိုင်မည် မာနလည်းကြီးမည်

  • ၄ဟူး ၉တန့်

အများအကျိုးသယ်ပိုးခြင်း လှူဒါန်းခြင်းများလုပ်ဖြစ်မည် ခက်ခဲသောအဘိဓမ္မာတရားမျိုးကို သိမြင်တတ်သလို အဟောအပြောကောင်းမည် လူအထင်ကြီးအောင်လည်းပြောတတ်လေသည်

  • ၄ဟူး ၁၀တန့်

ရယ်ရွှင်ဖွယ်ရာပြောတတ်သလို မြင့်မြတ်သောအမှုကို ပြုကာ ကြီးပွားတိုးတက်တတ်သည် ရိုးသား၍ ဘာသာတရားကို လိုက်စားလေမည်

  • ၄ဟူး ၁၁တန့်

ရှုထောင့်အမျိုးမျိုးမှ မြင်နိုင်စွမ်းရှိ၍ သွင်သင်နိုင်စွမ်းရှိမည် သားသမီးများသည် ကူးသန်းရောင်းဝယ်ရေး၌ အောင်မြင်ကြမည် ကတိသစ္စာမြဲ၏

  • ၄ဟူး ၁၂တန့်

အကြင်နာနည်းပါး၍ ကောက်ကျစ်စဉ်းလဲမည် အရာရာ၌ အစွန်းရောက်နေ၍ အခ်ျိန်ဖြုံးနေမည်

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။