အိမ်ထောင်ရေးကိုစိတ်ဖြာကြည့်ရင်(၁)

"ဗေဒလင်းရောင်းဦးကျမ်း"ရဲ့ အဆိုအရ ခွဲခြမ်းစိတ်ဖြာကြည့်ပါမယ်။
အိမ်ထောင်တစ်ခုမှာ

  • ၁။ အချစ်ရေး၊
  • ၂။ အိမ်တွင်းဆက်ဆံရေး
  • ၃။ အိမ်တွင်းထိန်းသိမ်းရေး ဆိုပြီးကွဲပါတယ်။

အချစ်ရေးမှာ မထိမ်းမြားမီနဲ့ ထိမ်းမြားပြီး ဆိုပြီးနှစ်ပိုင်းရှိတယ်။
အိမ်တွင်းဆက်ဆံရေးမှာ ဖိုမနဲ့ ဉာဏ၊
အိမ်တွင်းထိန်းသိမ်းရေးမှာ အပျော့ဆွဲနဲ့ အပြင်းဆွဲရယ်လို့ ထပ်မံပိုင်းနိုင်ပါသေးတယ်။

အချစ်ရေးရဲ့ မထိမ်းမြားမီမှာ အရေးကြီးတာတွေက
  • ၂ တန့် ပါးစပ်အပြောကောင်းတာနဲ့၊
  • ၇ တန့်ဆက်ဆံရေးကောင်းခြင်းတို့ ဖြစ်ပါတယ်။
  • ဂြိုလ်အရ ယောက်ျားလေးများအတွက် ၆ ကြာ (မာယာကောင်းခြင်း)၊
  • မိန်းကလေးများအတွက် ၃ င်္ဂါ (သတ္တိရှိခြင်း) တို့အရေးပါပါ့မယ်။

အချစ်ရေးရဲ့ ထိမ်းမြားပြီးချိန်မှာတော့
  • ၄ တန့် မေတ္တာခိုင်မြဲမှု၊
  • ၅ တန့် အမြှော်အမြင်ရှိမှု
  • ၄ဟူးဂြိုလ် အပလီအခရာ ပိုင်အောင်ပြောခြင်း ဆိုပြီး အဓိပ္ပါယ်တွေ သက်ရောက်ပါတယ်။

အိမ်တွင်းဆက်ဆံရေးမှာ ဖိုမကို ကျားအတွက်
  • ၆ ကြာ(မာယာကောင်းခြင်း)၊
  • မအတွက် ၃ င်္ဂါ(သတ္တိကောင်းခြင်း)တို့ ပေါင်းစပ်သရုပ်ဖေါ်ပါလိမ့်မယ်။
(ဒီနေရာမှာ ကျားအတွက်က သတ္တိအထူးမလိုပါဘူး၊ မာယာပဲလိုပါတယ်။
မများအတွက်က မာယာမလိုပါဘူး၊ သတ္တိလေးပဲလိုပါတယ်တဲ့။)

အိမ်တွင်းဆက်ဆံရေး ဉာဏကို
  • ဇာတာရှင်ရဲ့ ၄ တန့် ၅ တန့်နဲ့ ၅တေးဂြိုလ်တွေ၊
  • အိမ်ထောင်ဖက်ရဲ့ ၁၀ တန့် ၁၁ တန့်နဲ့ ၅ တေးဂြိုလ်တို့က ပေါင်းစပ်သရုပ်ဖေါ်ပါလိမ့်မယ်။

အိမ်တွင်းထိန်းသိမ်းရေး အပျော့ဆွဲကိုတော့ ၂ တန့် အပြောကောင်းခြင်း၊ ၁၂ တန့်သည်းခံမှု၊ ၄ ဟူးဂြိုလ်နဲ့ ၀ နေဂြိုလ်တို့ သရုပ်ဖေါ်ပါလိမ့်မယ်။

အိမ်တွင်းထိန်းသိမ်းရေး အပြင်းဆွဲကိုတော့
  • ၆ တန့် မခံချင်မှု၊
  • ၈ တန့် မျိုသိပ်မှု၊
  • ၂ လာဂြိုလ်နှင့်
  • ၃ င်္ဂါဂြိုလ်တို့ ပေါင်းစပ် သရုပ်ဖေါ်ပါလိမ့်မယ်။

ကျမ်းထဲမှာတော့ ဖုံးကွယ်အပ်တဲ့သဘာဝတွေကို အသေးစိတ် တင်ပြထားပါတယ်။ ကျမ်းထဲကအတိုင်း မကွယ်မ၀ှက်တင်ပြဖို့လည်း မရဲဘူးဗျ။ကျမ်းပြုဆရာတော်ကလည်း ပညာအလိုအရသာ ပြဆိုခြင်းဖြစ်ပါတယ်တဲ့ခင်ဗျ။ သိလိုသူများ mmastrologist@gmail.com မှာ ၄င်းအပိုင်းတွေကို မေးနှိုင်ပါတယ်ခင်ဗျ။
ဖေါ်ပြလို့ ရနိုင်တာတွေကို ဆက်လက်ဖေါ်ပြလိုက်ပါတယ်ခင်ဗျ။

  • ၁၂ တန့်သခင်ဟာ ၇ တန့်မှာ ရပ်ခြင်း၊ မြင်ခြင်း၊ ဆက်သွယ်ခြင်းရှိက မချစ်သောသူနဲ့ပေါင်းရခြင်း၊ အသည်းစွဲချစ်သူနှင့်ကွေကွင်းရခြင်း။
  • ၁၂ တန့်သခင် ဥစ်ရပါက မမျှော်လင့်ပဲ အသည်းကြွေကာ အိမ်ထောင်မပြုဘဲ နေရတတ်ပါတယ်။
  • ၈ တန့်သခင် ကသစ်မိတ်အားရှိကာ ဆက်သွယ်သော် အိမ်ထောင်ဖက်အပေါ် မကျေနပ်သော်လည်း အောင့်ကာနမ်းကသည့်အဖြစ်မျိုးကြုံရမည်။
  • ၁၂ တန့်အိမ်ရှင် ရန်အိမ်/ရန်န၀င်းဖြစ်က အိမ်ထောင်ရေးအပေါ် အလွယ်သဘောထားကာ အစွဲအလန်းမထားပဲ ဆက်ရှာဦးမည်သာ။
  • ၁၂ သခင် နိစ်/နိစ်န၀င်းစီးက အိမ်ထောင်ပြုကြံ့ကြာချင်း၊ ချစ်သူရှားပါးခြင်း၊ ရွေးချယ်လွန်းခြင်းဖြစ်၍ ဒါရဒါကာရကပါအားနည်းသော် လူပျိုကြီး အပျိုကြီး ဖြစ်မည်။
ဆက်လက်ဖေါ်ပြရန် များစွာကျန်ပါသေးသည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။