ကျွန်ုပ်၏ မေးဖြေများ(၁)

ကျွန်တော့်မှာ ဗေဒင်နဲ့ပတ်သတ်တဲ့ မေးခွန်းများစွာရှိပါတယ်။
ကျွန်တော့်အတွေးနဲ့ ဖြေထားတာတွေရှိပါတယ်။

  • မေးခွန်း(၁)။ ။ဗေဒင်ပညာကပြောတဲ့ အနာဂတ်ဟောကိန်းဟာ လူတစ်ယောက်အတွက် တိကျဖို့လိုသလား?
  • အဖြေ (၁)။ ။လူတစ်ယောက်ကို နောက်နှစ်မှာသေမယ်ဟောလိုက်တယ်ထားပါတော့။
ဗေဒင်က မှန်တယ်ဆိုပြီး ဒီလူက သေပေးရတော့မှာလား။ လုံးဝကို သေပေးရမယ်ဆိုရင်ရော ဒီလူက ပျော်နိုင်မှာလားဗျ။ တော်တော့်လူကတော့ ကြောက်လန့်စိတ်နဲ့ပဲ ဘာမှပြင်ဆင်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါဖြင့်ဗေဒင်မေးရတာ တန်သေးရဲ့လားလို့ ဟစ်ကြွေးရမလိုဖြစ်နေပါပြီ။

သေကိန်းရှိပေမယ့် ကျမ်းမာရေးကိုဂရုစိုက်နေရင် မသေနိုင်ဘူးလို့ စောဒက တက်တော့ရော ပြန်ချေပကြည့်မယ်ဗျာ “ ဘာလို့ဗေဒင်မေးသေးလဲ၊ အစတည်းက ဂရုစိုက်ရင်ပြီးတာပဲ မဟုတ်လား” လို့။
ဒါ့ကြောင့်လူတစ်ယောက် အနာဂတ်မှာဖြစ်လာမယ့်အကျိုးပေးတွေအတွက် ကြိုတင်တိကျစွာသိခြင်းဟာ အရေးမပါသလို ယုတ်တိလည်း မရှိပါဘူး။

  • မေးခွန်း(၂)။ ။ဗေဒင်ပညာကရော အနာဂတ်ကို တိကျစွာသိနိုင်သလား ?
  • အဖြေ (၂)။ ။ကျွန်တော့်အတွေ့အကြုံသေးသေးလေးအရပဲ ဖြေကြည့်ပါ့မယ်။
လူတစ်ယောက်ကို ဟောပြောရာမှာ အတိတ်အကြောင်းတွေဟောရင်မှန်တာများပြီး အနာဂတ်က မမှန်တတ်တော့ပါဘူး။ ဒါဟာဘာ့ကြောင့်လဲ စဉ်းစားပါတယ်။ အဖြေနှစ်မျိုးရပါတယ်။

တကယ်က အတိတ်မှ မှန်ရင် အနာဂတ်ဟာ မှန်ရမှာပေါ့။ ဒီပညာနဲ့ပဲဟောတာပဲလေ ဘာမမှန်စရာရှိမှာလဲ။
ဖြစ်နိုင်ခြေရှိတာက မဟောရဲတာပါ။ ဟောပြောသူဟာ အဓိကကြုံရတာက မမှန်မှာစိုးတာပါ။ ဒါ့ကြောင့် ဟောပြောသူဟာ ဆန္ဒာဂတိတွေ ဘယာကတိတွေ ကင်းမှ အမှန်ကိုမြင်မှာပါ။ ဟောရဲမှာပါ။ ဒါကလည်း လောကဓမ္မက တရားပါတယ်။ သူနဲ့မလိုက်နဲ့ဉာဏ်ကို သူ့ကို ပေးမသိပါဘူး။ ဒါ့ကြောင့် ဟောမယ့်သူဟာ စိတ်စွဲတွေ စိတ်ထင်တာတွေ သောကတွေ ခဏဖယ်ထားနိုင်မှရမှာပါ။

ဆရာဝန်တစ်ယောက်ဟာ မိမိသားသမီးနေထိုင်မကောင်းရင် တခြားဆရာဝန်ကို ကုခိုင်းရတတ်ပါတယ်လို့ကြားဖူးပါတယ်။ စိုးရိမ်စိတ်ကြောင့် ဆုံးဖြတ်ချက်မှားနိုင်လို့ပါတဲ့။ ကျွန်တော်လည်း ကိုယ့်ဇာတာကိုယ် သေချာမဖတ်ဖူးပါဘူးခင်ဗျ။ မကောင်းတာလေးတွေဆို ဖေါ့စဉ်းစားပြီး ကောင်းတာလေးတွေ့ရင် တိုးပြီးအတွေးနယ်ချဲ့မိမှာစိုးလို့ပါခင်ဗျာ။

နောက်တစ်ခုဖြစ်နိုင်ခြေရှိတာက ကြုံဖူးတဲ့ လူနှစ်မျိုးပါ။ တစ်မျိုးက အတိတ်ကံကို မကျော်နိုင်တဲ့သူပါ။ နောက်တစ်မျိုးက အတိတ်ကံကနေဖေါက်ထွက်မယ့်သူပါ။

အတိတ်ကံကို မကျော်မယ့်လူများမှာကျတော့ အတိတ်ကဟောကိန်းတွေမှာ တိကျပြီးမှန်တယ် အနာဂတ်မှာလည်း မှန်နိုင်ခြေများပါတယ်။ သူက လူပျင်းကိုဗျ။ သံသရာမှာ မျောဦးမယ့်လူမျိုးတွေပါ။ သူတို့ဇာတာမှာ ဂြိုလ်ရပ်တည်ပုံတွေက အားပျော့ပါတယ်။

အတိတ်ကံကနေဖေါက်ထွက်မယ့်သူကျတော့ အတိတ်က ဟောကိန်းတွေမှာ ထင်တာထက်ပိုပြီး ပြင်းထန်နေတတ်ပါတယ်။ ဆိုးလောက်မယ်ထင်တာတွေက အရမ်းဆိုးပြီး ကောင်းလောက်မယ်ထင်တာတွေက အရမ်းကို ကောင်းနေပါတယ်။ တချို့ဟောကွက်တွေမှာ တက်တက်စင်အောင်လွဲပါသေးတယ်။ သူတို့ အနာဂတ်ကို တိတိကျကျဟောလို့ မဖြစ်နိုင်တော့ပါဘူး။ ဥစ်တွေနိစ်တွေဟာ အကျိုးပေးပြင်းထန်သလို ဟောပြောရာမှာ ဆုံးဖြတ်ရခက်တာ ဒါ့ကြောင့်ထင်ပါတယ်။

ဒါ့ကြောင့်ဗေဒင် ပညာဟာ ဟောသူနဲ့ မေးသူအပေါ်မူတည်ပြီး တိကျသေချာမှုက ကွာသွားပါတယ်။ ပညာရပ်ချည်းသက်သက်ဝေဖန်ဖို့ မဖြစ်နိုင်ပါဘူး။

ဆရာဦးမြကြီးပြောခဲ့တဲ့ စကားလေးတစ်ခွန်းတော့ သွားသတိရပါတယ်။
နက္ခတ်ပညာရပ်ကို နိဗ္ဗာန်နားနီးမှ အကုန်သိမယ်”တဲ့။

နောက်ထပ်မေးခွန်းတွေ အဖြေတွေ ကျန်ပါသေးတယ်။ ဆက်လက်တွေးတောကြတာပေါ့ဗျာ။

7 comments:

မလေးမေ said...

ဆရာရှင့် ...
ဒါပေမယ့် .. အဟောမှန်ချင်၇င် ယတြာချေမပေးရတော့ဘူးလား ဒီအတိုင်းကြည့်နေရမှာလား .. ဒါမှမဟုတ် ဟောချက်အမှားခံပြီးတော့ .. ယတြာချေပေးရမှာလားရှင့် ..
ဒါပေမယ့် ကုသိုလ်အကောင်းစားကြီးတွေ လုပ်တဲ့ အဇာရသတ် အဖေကြီးတောင် ထောင်ကျတယ်ဆိုတော့ ...
နောက်တချက်ကတော့ ကိုယ့်ကံကြမ္မာကိုယ်ဖတ်မရဘူးဆိုတာ တော့ဖြစ်နိုင်ပါတယ်..ဘာလို့ လဲဆိုတော့ မြန်မာ့ဗေဒင်ဆရာကြီးတွေမှာတောင် ကိုယ်သေမယ့်နှစ်ကို ဟောနိုင်တာတော်တော်ရှားလို့ တဲ့
ဆက်ပါဦးဆရာ ...

saw said...

အမောင်ေ၇ အမကတော့ ဟောပြောသူရေ မေးသူရော နှစ်ဦးစလုံးမှာ ဥာဏ်ကိုစောင့်ကြည့်တတ်မှ အကျိုးရှိမှာလို့ထင်တယ်။မဟုတ်လို့ကတော့ မေးသူမှာထိခိုက်မှုကပို့ပါလိမ့်မယ်။အဲတော့ ဟောသူမှာလည်း ကိုယ့်ရဲ့နှုတ်ထွက်စကားကြောင့် သူတစ်ပါးဘေးဖြစ်ရတယ်။ကံဆိုတာကတော့ အတိတ်ကံေ၇ာ လက်ရှိကံေ၇ာက ပါလာပြီးသားပါ။ဘုရားတောင်မှ ရှောင်လွဲလို့မရတာ။ယတြာယာကတော့ အထောက်အပံ့တစ်ခုအနေနဲ့ပါ။မေးသူရဲ့ကံပေါ်မှာဘဲ မူတည်ပါတယ်။ဒါပေမဲ့ အမကတော့ ရှေးအစဉ်အလာကတည်းကရှိခဲ့တဲ့ ဗေဒင်ပညာကိုတော့ နောက်မျိုးဆက်တွေ တန်ဖိုးထားတတ်ဖို့ဘဲလိုပါတယ်။အမောင်လည်းဒီထက်မကပညာကိုဖြန့်ဝေနိုင်ပါစေလို့.....

saw said...
This comment has been removed by a blog administrator.
saw said...

အမောင်ရေ
အမအမြင်ကတော့ ဟောသူနဲ့ မေးသူသာ
ဥာဏ်ကို သတိထားနိုင်ဖို့ ဘဲလိုပါတယ်။
ဒီပညာရပ်တွေက ဘု၇ားမပွင့်ခင်ကတည်းက ရှိတာဘဲ.....လူမျိုးတစ်ခုရဲ့ ပညာရပ်အမွေအနေနဲ့တော့ ထိန်းသိမ်းရမှာဘဲ...ပြီးတော့ ယတြာယာဆိုတာကလည်း မေးသူရဲ့ ကံပေါ်မှာ မူတည်ပါတယ် ။အထောက်အပံတစ်ခု အနေနဲ့ဘဲလို့ မြင်ပါတယ် ...ဆက်လက်ဖြန့်ဝေနိုင်ပါစေလို့.....

ကိုပခန်း said...

ကိုယ့်ကံကြမ္မာကိုယ် ဖတ်မရတာတော့ မဟုတ်ပါဘူးခင်ဗျ။ ဖတ်လို့ကရပါတယ်။ မဖတ်လောက်ကြဘူးတော့ထင်ပါတယ်။ လူတစ်ယောက်က ကိုယ့်အဟောမှန်ဖို့ကို သေခြင်းနဲ့ သက်သေပြတာက အရှုံးပေးရာကျပါတယ်။ ဒီအချိန်မှာ တကယ်သေမယ် ထကယ်ထင်ရင်တော့ တကယ်သေမှာပါ။ ကြိုသိရဲ့သားနဲ့ မရှောင်လွဲနိုင်တာကြီးကိုတော့ ကျွန်တော်ဘ၀င်မကျပါခင်ဗျာ။
ယတြာအကြောင်း ဆက်တင်ပါဦးမယ်ခင်ဗျ
comment ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။

Unknown said...

ကိုပခန်းရေ...
အနာဂတ်ကို မှန်အောင်ဟောချင်ရင် ဟူးရားပညာ ကိုလည်း လေ့လာပါလို့ အကြံပေးပါရစေ။
ဆရာဦးဇာနည်(K.P)
B.E.(CIVIL)

ကိုပခန်း said...

ဟုတ်ကဲ့အစ်ကို ညီ ဟူးရားဇာတာဖက်လှည့်ချင်ပါတယ်။ အခြေခံမူလဇာတာမှာတင် တစ်နေလို့ပါဗျာ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။