MOTAA နက္ခတ္တဝေဒ သင်ရိုးညွှန်းတမ်း

MOTAA – Astrology Course (Level-1) 
MOTAA နက္ခတ္တ ဝေဒ သင်ရိုး ညွှန်းတမ်း

သင်တန်း ပထမဆင့်

နက္ခတ်ပညာနှင့် ပါတ်သက်သော အခြေခံအချက်များ
  • နက္ခတ္တဝေဒ အပါအ၀င်၊ အခြားသော ရှေ့ပြေး ဟောပြောမှု ပညာရပ်များ
  • ကောင်းကင်မှ ဂြိုဟ်တို့သည် လူသားတို့ အပေါ် လွှမ်းမိုးနေပုံ
  • အခြေခံ ကောင်းကင်နက္ခတ် သဘောတရား
  • ကောင်းကင် အမှတ်အသား သတ်မှတ်မှု အခြေခံများ
  • ကမ္ဘာ လည်ပတ်ပုံနှင့် နေသွားလမ်းကြောင်း
  • စန္ဒရမာသ, လ (Lunar Month) ခေါ် လကို အခြေပြုသော တစ်လ
  • သူရိယမာသ, နှစ် (Sidereal Year) ခေါ် နေကို အခြေပြုသော တစ်နှစ်
  • နေကြတ်ခြင်း
  • လကြတ်ခြင်း

ဇာတာ ဆိုသည်မှာ
  • ဇာတာ ပုံစံအမျိုးမျိုး

နက္ခတ်ပညာ သင်ခန်းစာများ
  • အရှေ့တိုင်း နက္ခတ်ပညာနှင့် အနောက်တိုင်း နက္ခတ်ပညာ
  1. ပညာရပ်များ ဆက်စပ်နေမှု
  2. ပညာရပ်များ ကွာခြားမှုနှင့် တူညီနေမှုများ
  3. မည်သည့် စံနစ်က ပိုကောင်းသနည်း
  • ဂြိုဟ်တို့ အကြောင်း 
  • ရာသီတို့အကြောင်း
  • ဘာဝခေါ် အတန့် အိမ်တို့အကြောင်း
  • ဂြိုဟ်ပူး၊ ဂြိုဟ်မြင် ဆိုသည်မှာ

ဇာတာ တစ်စောင်ကို မည်သို့ဖွဲ့သနည်း
  • အခြေခံ သဘောတရား
  • သံဒိဌ ဂြိုဟ်သွားပြက္ခဒိန်ကို အသုံးပြု၍ ဇာတာဖွဲ့ပုံ
  • Software များကို အသုံးပြု၍ ဇာတာဖွဲ့ခြင်း၊ 

ဇာတာတစ်စောင်ကို လေ့လာခြင်း
  • MOTAA စနစ် အကြောင်း
  • ဂြိုဟ်တို့၏ အင်အားကို တိုင်းတာခြင်း
  • ဇာတာ တစ်စောင်အား အမြန် စစ်ဆေးခြင်း

လက်တွေ့ နမူနာ ဇာတာများကို လေ့လာခြင်း
  • ပထမအဆင့် အရည်အချင်းစစ် စာမေးပွဲ (စာမေးပွဲကြေး စင်္ကာပူငွေ ၁၅-ဒေါ်လာ) 
  • ပထမအဆင့် သင်တန်းကာလ (၆) လ

သင်တန်း ဒုတိယဆင့် 

MOTAA စနစ် ကိုအသုံးပြု စစ်ဆေးခြင်း အသေးစိတ် အဆင့်ဆင့်
  • မူလဇာတာနှင့် ကောဇာ ဇာတာတို့ကို ယှဉ်တွဲ စစ်ဆေးခြင်း။ 

MOTAA စနစ်တွင် အသုံးပြုသော ဒဿာစနစ် အကြောင်း
  • ဒဿာ အမျိုးအစား များ
  • ဒဿာ တွက်ချက်ခြင်း
  • ဒဿာ ဟောပြောခြင်း

MOTAA စနစ် တွင် အသုံးပြု သော ၀ဂ္ဂစက်ခေါ် Divisional Chart များအကြောင်း
  • ၀ဂ္ဂစက် အမျိုးအစား များ
  • ၀ဂ္ဂစက် တွက်ချက် ဟောပြောခြင်း
ရှေးဟောင်း ကျမ်းတို့ကို လေ့လာခြင်း
လက်တွေ့ နမူနာ ဇာတာများကို လေ့လာခြင်း
  • ဒုတိယအဆင့် အရည်အချင်းစစ် စာမေးပွဲ (စာမေးပွဲကြေး စင်္ကာပူငွေ ဒေါ်လာ ၂၀) 
  • ဒုတိယအဆင့် သင်တန်းကာလ (၉) လ

MOTAA အသိအမှတ်ပြု နက္ခတ္တဆရာဖြစ်အဆင့်

MOTAA သုတေသန စာတမ်း (စာတမ်းကာလ- ၆ လ)
MOTAA ပထမဆင့် ယတြာပညာ
MOTAA ဒုတိယဆင့် (အဆင့်မြင့်) ယတြာပညာ
MOTAA နက္ခတ္တလက္ခဏာပညာ။
မင်္ဂလာအခါ ရွေးချယ်ခြင်း
ကမ္ဘာနှင့်ဆိုင်သော နက္ခတ္တပညာ (Mundane Astrology)

ဆရာဖြစ် အဆင့်- အရည်အချင်းစစ် စာမေးပွဲ။
(စာမေးပွဲကြေး၊ အသိအမှတ်ပြု လက်မှတ် အပါအ၀င်- စင်္ကာပူငွေ ဒေါ်လာ ၅၀)
  • ဆရာဖြစ် အဆင့် သင်တန်းကာလစုစုပေါင်း- (စာတမ်း ၆လ + ၉ လ) 
  • စုစုပေါင်း သင်တန်းကာလ- ပထမဆင့် နှင့် ဒုတိယဆင့် (၆+၉= ၁၅လ) ၊ ဆရာဆင့် (၆+၉= ၁၅လ) လပေါင်း (၃၀) ကြာမြင့် မည်ဖြစ်သည်။ 

ပထမသုတ် သင်တန်း စတင်သောနေ့  ဇူလိုင်လ ၂၀၁၀
ပထမသုတ် သင်တန်း စာမေးပွဲကြေးပေးသွင်းရန် နောက်ဆုံးနေ့- စက်တင်္ဘာလ-၁၅ ၂၀၁၀
ပထမသုတ် သင်တန်း စာမေးပွဲ ကျင်းပမည့်နေ့ ဒီဇင်ဘာ-၁၅ ၂၀၁၀

--------=====xXx=====---------

မှတ်ချက်။  ။ အထက်ပါ သင်ရိုးညွှန်းတမ်းမှာ အစ်ကိုတစ်ယောက်ဆီမှ တစ်ဆင့်ရလာခြင်းဖြစ်ပါတယ်။ ကျွန်တော့်ဆီကိုတော့ ရောက်မလာခဲ့ပါ။ မေးမရောက်သေးတဲ့ သင်တန်းသားတွေအတွက်ရော၊ သင်တန်းကို စိတ်ဝင်စားသူတွေအတွက်ပါ၊ ဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။

သင်တန်းစာမူနဲ့ ပတ်သတ်လို့ ဒီဂရီတွက်တာများမှာ အခက်အခဲမရှိသော်လည်း အားသက်ရောက်မှု (%) အတွက် မတိကျဘူးယူဆနေသူများအတွက် (သို့) တိတိကျကျ တွက်လိုသူများအတွက် အောက်ပါ ဂရပ်ဖ်လေးကို ရှင်းပေးလိုက်ပါတယ်ခင်ဗျာ။


ဒီ curve ကို excel မှာတော့ တန်ဖိုးတွေကို =IF(A1<>0,((1/((SIN(ABS((RADIANS((90/15)*A1)))))^2+1))-0.5)*2,1) အရတွက်မယ်လို့ ဆရာနျူမာန်က ပြောပါတယ်။ ကွာခြားချက် ဒီဂရီတန်ဖိုးကိုရဖို့ အထက်ပါ formula ကို ၁၀၀ နဲ့မြှောက်လို့ ရကြောင်းတွေ့ရပါတယ်။


ဥပမာ(၁)။   ။ excel က A1 ကွက်မှာ 10 ဆိုတဲ့ တန်ဖိုးရှိတယ်ဆိုပါတော့။ A2 မှာ သူ့အတွက် (အပေါ်က graph အတိုင်း) % ထွက်ချင်ရင် A2 မှာ =IF(A1<>0,((1/((SIN(ABS((RADIANS((90/15)*A1)))))^2+1))-0.5)*2,1)*100 လို့ ရိုက်လိုက်တာနဲ့ A2 မှာ 14.2857 (%) လို့ အဖြေပြမှာဖြစ်ပါတယ်။

ဥပမာ(၂)။   ။ excel က B1 ကွက်မှာ 5 ဆိုတဲ့ တန်ဖိုးရှိတယ်ဆိုပါတော့။ B2 မှာ သူ့အတွက် (အပေါ်က graph အတိုင်း) % ထွက်ချင်ရင် B2 မှာ =IF(B1<>0,((1/((SIN(ABS((RADIANS((90/15)*B1)))))^2+1))-0.5)*2,1)*100 လို့ရိုက်လိုက်တာနဲ့ B2 မှာ 60 (%) လို့ အဖြေပြမှာဖြစ်ပါတယ်။

မှတ်ချက်။   ။ သတ်မှတ်ချက်အနေနဲ့ ကွာခြားမှု ၁၅ ထက်များတာတွေကိုတော့ 0 (%) လို့ တန်းယူဆရပါမယ်။  0'<= ကွာခြားချက်<=15' အတိုင်းအတာအရတော့ ဒီ formula က မှန်နေမှာပါပဲခင်ဗျ။

ကွာခြားချက်များကို ထည့်တွက်ရာမှာ ၆၀ ပေါ်အခြေခံတဲ့ ဒီဂရီမိနစ်စနစ်မှသည် ၁၀ ပေါ်အခြေခံတဲ့ ဒဿမစနစ်ကိုပြောင်းဖို့လိုပါဦးမယ်ခင်ဗျ။ ၆၀ ပေါ်အခြေခံတာမို့ မိနစ်ကို ၆၀ နဲ့စားလိုက်ခြင်းသာဖြစ်ပါတယ်။

ဥပမာ(၁)။  ။ ကွာခြားချက်က ၁၀ အင်သာ ၁၅ လိတ္တာ (တနည်း) ၁၀ ဒီဂရီ ၁၅ မိနစ်ဆိုပါက ဒသမစနစ်နဲ့ပြပါက ၁၀+(၁၅/၆၀)= ၁၀.၂၅ ဒီဂရီလို့ ရမှာဖြစ်ပါတယ်။

ဥပမာ(၂)။  ။ ကွာခြားချက်က ၁၄ အင်သာ ၅၀ လိတ္တာ (တနည်း) ၁၄ ဒီဂရီ ၅၀ မိနစ်ဆိုပါက ဒဿမစနစ်နဲ့ပြပါက ၁၄+(၅၀/၆၀)= ၁၄.၈၄ ဒီဂရီလို့ ရမှာဖြစ်ပါတယ်။

အကယ်၍ ဒဿမစနစ်နဲ့ ဒီဂရီကို ၆၀ ပေါ်အခြေခံတဲ့ မိနစ်နဲ့ပြန်ပြလိုပါက ဒသမစနစ်နဲ့ပြထားလို့ ၁၀၀ နဲ့စားကာ ပြောင်းလိုတဲ့ စနစ်ဖြစ်တဲ့ ၆၀ နဲ့မြှောက်လိုက်တာဖြစ်ပါတယ်ခင်ဗျ။

ဥပမာ(၁)။  ။ ကွာခြားချက်က ၁၀.၂၅ ဒီဂရီဖြစ်ပါက ၁၀ ဒီဂရီအဖြစ် ရွေးထုတ်လိုက်ပြီး ကျန်တဲ့ ၀.၂၅ ကို (၂၅/၁၀၀)*၆၀= ၁၅ လိတ္တာ လို့ပြင်တွက်လိုက်ပါမယ်ခင်ဗျ။ ထို့ကြောင့် ၁၀.၂၅ ဒီဂရီ= ၁၀ ဒီဂရီ ၁၅ လိတ္တာဖြစ်ပါတယ်ခင်ဗျ။

ဥပမာ(၂)။  ။ ကွာခြားချက်က ၁၄.၈၄ ဒီဂရီဖြစ်ပါက ၁၄ ဒီဂရီအဖြစ် ရွေးထုတ်လိုက်ပြီး ကျန်တဲ့ ၀.၈၄ ကို (၈၄/၁၀၀)*၆၀= ၅၀ လိတ္တာ လို့ပြင်တွက်လိုက်ပါမယ်ခင်ဗျ။ ထို့ကြောင့် ၁၄.၈၄ ဒီဂရီ= ၁၄ ဒီဂရီ ၅၀ လိတ္တာ ဖြစ်ပါတယ်ခင်ဗျ။

တွက်လေ့ရှိသူ သိပြီးသားသူတွေအတွက် မပြောပလောက်ပေမယ့် ခုမှ စ,တွက်သူများအတွက် အကူအညီဖြစ်စေမည်ဟု ယုံကြည်ပါတယ်ခင်ဗျ။ ဒီဂရီမိနစ်တွေကို အချိန်နာရီတွေအဖြစ် excel မှာ ပေါင်းနှုတ်ပြရင်း cell အလိုက် တိတိပပတွက်ပြပေးကာ အကူအညီပေးသူ ဆရာတေးအေးရိပ် အား ကျေးဇူးတင်ပါကြောင်း။

ကိုပခန်း

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။