ဒသာအဟောများ/၁နွေဂြိုလ်၏ဒသာကာလ

ဇာတာဖွဲ့ပြီး ဒသာပါတွက်ကြည့်ပြီး တွဲဟောတာလေးတွေ စကြပါစို့ဗျာ

ဒီအဟောတွေက ဇာတာက ရာသီစက်ရဲ့ ဂြိုလ်ရပ်တည်ပုံရယ် ဒသာတွေရယ် ပေါင်းပြီးဟောရမှာပါ

ဥပမာ ဇာတာအတိုင်းရွေးတုတ်နိုင်ပါတယ်



  • ၁နွေ၏ဒသာကာလ
  • မိဿရာသီတွင်ရပ်သော ၁နွေ၏ဒသာ
၁နွေရဲ့ အတောက်ပဆုံးနေရာမှာရပ်နေတာကြောင့် ရဲစွမ်းသတ္တိရှိခြင်း ဘာသာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခြင်း ဖခင်၏အမွေအနှစ်ရခြင်း တိုင်းပြည်အနှံ့ကျော်ကြားခြင်း အထက်လူကြီး/မင်းနှင့် အဆင်မပြေခြင်း အစာမကြေခြင်း ဦးခေါင်းဒါဏ်ရာရခြင်းတို့ ဖြစ်ပွားတတ်ပါတယ်
  • ပြိဿရာသီတွင်ရပ်သော ၁နွေ၏ဒသာ
ဒီရာသီမှာရပ်ယင် ဆွေမျိုးအသိုင်းဝန်းနှင့်ရန်ဖြစ်ခြင်း မိသားစုနှင့်ဝေးကွာနေရခြင်း နှလုံး မျိုးပွားအင်္ဂါနှင့်ပတ်သတ်၍ ဒုက္ခတွေ့ခြင်းတို့ရှိနေစေကာမူ မိမိအား လူအများကသိ၍ ကျော်ဇောနေဦးမည်ဖြစ်သည်
  • မေထုန်ရာသီတွင်ရပ်သော ၁နွေ၏ဒသာ
သျှတ္တရကျမ်းဂန်များ အနုပညာရပ်များ သမာအာဇီဝအသက်မွေးမှုများဖြင့် ပျော်ရွှင်စွာ ဥစ္စာတိုးပွားနေမည်ဖြစ်သည်
  • ကရကဋ်ရာသီတွင်ရပ်သော ၁နွေ၏ဒသာ
ဖခင်ဆွေမျိုးနှင့်ဝေးကွာနေတတ်ခြင်း ဆန့်ကျင်ဘက်လိင်များအပေါ်စိတ်ဝင်စားမှုများနေခြင်း အပြောအဆို ထက်မြက်ပြတ်သားနေခြင်း အထက်လူကြီး၏အရေးပေးမှုကို ရရှိခြင်းတို့ဖြစ်ပေါ်မည်
  • သိဟ်ရာသီတွင်ရပ်သော ၁နွေ၏ဒသာ
စည်းစိမ်အမျိုးမျိုးရရှိခြင်း မင်းတပါးကဲ့သို့ပြည့်စုံစွာနေရသော်လည်း အထီးကျန်ဆန်နေတတ်ခြင်း ဇနီးမယားနှင့်အတူပျော်ရွှင်နေရခြင်း အနှံအပြားထင်ရှားခြင်းတို့ဖြစ်ပေါ်မည်
  • ကန်ရာသီတွင်ရပ်သော ၁နွေ၏ဒသာ
သမီးများမွေးဖွားခြင်း ဘာသာရေးလုပ်ငန်းများလုပ်ဖြစ်ခြင်း ကမ္ဘာနှင့်အ၀ှမ်းကျော်ကြားခြင်း တို့ဖြစ်ပေါ်တတ်မည်
  • တူရာသီတွင်ရပ်သော ၁နွေ၏ဒသာ
မိမိ၏ ဥစ္စာ မိသားစု မိတ်ဆွေသင်္ဂဟများ တစုံတဦးကြောင့်ပျက်စီးတတ်သည် ဇနီးမယား မိန်းမများနှင့်ပတ်သတ်၍ သောကကြုံရတတ်သည် အထက်လူကြီးများနှင့်ပတ်သတ်၍ အဆင်ပြေမည်
  • ဗြိစ္ဆာရာသီတွင်ရပ်သော ၁နွေ၏ဒသာ

မိသားစုအကြင်နာနှင့်ဝေးကွာနေတတ်သည် အင်တိုက်အားတိုက်ကြိုးစားရုန်းကန်နေရမည် အဆိပ်အတောက် အစားမှားခြင်းတို့ကြောင့် ဒုက္ခရောက်ရတတ်သည်

  • ဓနုရာသီတွင်ရပ်သော ၁နွေ၏ဒသာ

ဇနီးမယားထံမှ ပျော်ရွှင်သုခရတတ်သည် ငွေကြေးအမြောက်အမြားရှာဖွေရရှိမည် အထက်လူကြီးများ၏ကိုးစားမှုကိုရရှိမည် သျှတ္တရ ဝေဒပညာများလေ့လာဖြစ်မည်

  • မကာရရာသီတွင်ရပ်သော ၁နွေ၏ဒသာ

သူတပါး၏အလုပ်၌၀င်ရောက်လုပ်ကိုင်ရတတ်သည် ဇနီးမယား၏နားပူနားဆူလုပ်ခြင်းခံရမည် ခြေလက်အင်္ဂါများထိခိုက်ခြင်း အသားဝါရောဂါဖြစ်တတ်ခြင်းတို့ မျက်စိမျက်နှာထိမိခြင်းတို့ကြုံတတ်သည်

  • ကုံရာသီတွင်ရပ်သော ၁နွေ၏ဒသာ

သားသမီးဆုံးရှုံးခြင်း နှလုံးရောဂါရခြင်း အမုန်းပွါးခံရခြင်း စကားပြောဆို မအောင်ရာခြင်း သူတပါးပစ္စည်းသုံးနေရခြင်းတို့ ကြုံရမည်

  • မိန်ရာသီတွင်ရပ်သော ၁နွေ၏ဒသာ

ဇနီးမယားအကျိုးပေးကောင်းခြင်း ဂုဏ်သိက္ခာတက်ခြင်း စီးပွားတိုးခြင်း တို့နှင့်အတူ မကြာခဏဖျားလိုက်နာလိုက်ဖြစ်နေတတ်သည်

ဤအဟောများတွင် အသက်အရွယ်အရချင့်ချိန်ခြင်း လ နှင့် ၂ မှ လက်ဝဲရစ်ရေသော် (၈ ခုမြောက်ရာသီ၌ ၁ နွေတည်သော် မည်သည့်ရာသီတွင်ရပ်စေကာမူ ကောင်းကျိုးမရပါ)(၆ တန့်ရာသီ၌ ရပ်သော် အနာအဆာ ထိခိုက်ဒါဏ်ရာရတတ်သည်)(၁၂ တန့်၌ ရပ်သော် ဆိုးကျိုးသာရ၏)စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားရမည်။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။