MOTAA အွန်လိုင်းနက္ခတ်ဗေဒင်သင်တန်း

တစ်နေ့မှာတော့ http://www.motaa.info/ ကို ကျွန်တော်ရောက်သွားခဲ့ပါတယ်။ ဆရာရဲ့ နက္ခတ်တင်ပြပုံတွေကို သဘောကျတာကြောင့် http://www.motaa.info/p/motaa-student-registration-form.html မှသည် စာရင်းပေးသွင်း တပည့်ခံခဲ့ပါတယ်။ ဆရာ့ဆီက စာစဉ်တွေဖတ်လိုက်တဲ့အခါမှာ ကျွန်တော်အရမ်း ၀မ်းမြောက်ခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်မသိသေးတာတွေ အများကြီးရှိတယ်ဆိုတာ သိလိုက်ရလို့ပါခင်ဗျ။ ကျွန်တော်စာဖတ်အရမ်းနည်းခဲ့သူတော့ မဟုတ်ပါဘူး။ ဆရာ့သင်တန်းစာစဉ်ပါ အကြောင်းအရာတွေကို တစ်စွန်းတစ်စ ဖတ်ဖူးသော်လည်း အမြင်ရှင်းရှင်း တင်ပြထားပုံကိုတော့ အရင်က တစ်ခါမှ မကြုံဖူးပါခင်ဗျ။

ဆရာ့ခွင့်ပြုချက်အရ ဒီစာစဉ်တွေက လယ်ဗယ် (၁) စာစဉ်တွေကို ဒီမှာဖေါ်ပြပေးပါ့မယ်ခင်ဗျ။ ပြင်ဆင်ဖို့စိတ်မကူးဘဲ ဒီအတိုင်းကူးပြသွားမှာဖြစ်ပါတယ်ခင်ဗျ။ (အကယ်၍ အခြေခံမရှိသူများအတွက် ရှုပ်ထွေးရာ နေရာအဖုအထစ်ရှိလာပါက မူလအဓိပ္ပါယ်မပြောင်းစေဘဲ အနည်းငယ်ထပ်ဆင့်ဖွင့်ဆိုလိုပါတယ်ခင်ဗျ။)  ဆရာတူတပည့်တွေရှိရင်လည်း ဆရာပေးတဲ့ သင်ခန်းစာတွေကို အတူဖြေရှင်းလိုပါကလည်း တိုင်ပင်ဖေါ်ရစေလိုသလို၊ ၀ါသနာပါသူများလည်း စာရင်းသွင်းဖို့ ဖိတ်ခေါ်လိုရင်းဖြစ်ပါတယ်။ သင်တန်းကြေးမယူဘဲ အခမဲ့ဒါနပြုခြင်းဖြစ်သလို၊ စာစဉ်ပါအကြောင်းအရာတွေဟာလည်း အရာရှိပါကြောင်း တင်ပြလိုခြင်းဖြစ်ပါတယ်ခင်ဗျ။

သင်တန်းသား စောင့်ထိန်းရမယ့်အချက်များနဲ့ MOTAA အဖွဲ့အကြောင်းကို အောက်ပါအတိုင်း အစပြုထားပါတယ်ခင်ဗျ။


မိုးတားအသင်းဝင်တစ်ဦး အနေဖြင့် စောင့်ထိန်းရမည့် အချက်များ

(၁) MOTAA အသင်း ၀င် တစ်ဦးသည်- MOTAA နက္ခတ္ထ ပညာကို လေ့လာပြီးနောက်- MOTAA အသင်း
အပေါ်တွင် သစ္စာ စောင့်သိရန်၊ အသင်း၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ နက္ခတ္ထ ဝေဒပညာ၏ ဂုဏ်သိက္ခာကို လည်းကောင်း နိမ့်ကျစေမည့် အပြုအမူ- လုပ်ဆောင် ခြင်းများ မပြုမူရန်။


(၂) နက္ခတ္တ ဝေဒ ပညာကို မိမိထက် တစ်နေ့၊ တစ်ရက်၊ တစ်မနက်၊ စောစီးစွာ လေ့လာ ထားသော-
ပညာရှင် တို့အပေါ်တွင် လည်းကောင်း၊ ရှေးပညာရှင် များအား လည်းကောင်း၊ မရိုမသေ မထီမဲ့မြင် မပြုမူရန်။


(၃) မိမိအား ယုံကြည်၍ လာရောက် မေးမြန်းသောသူ အပေါ်တွင် မည်သော အခါတွင်၊ မည်သည့်
အကြောင်းနှင့် မှ- ဘေး အန္တရာယ် ဖြစ်စေအောင် ပြုမူ ဆောင်ရွက်ခြင်း မပြုရန်၊


(၄) မိမိအား လာရောက်မေးမြန်း သော ကိစ္စသည် အခြား တစ်ပါးသူ တစ်ဦးဦး၏ အရှက်၊ ဂုဏ် သိက္ခာ၊
ကိုယ်ကျင့် တရား၊ အသက်အန္တရယ် တို့အနက်- တစ်ခုခု တို့ကို ထိခိုက်စေ မည့် ကိစ္စမျိုးဖြစ်ပါက ထိုကိစ္စ မျိုးကိုမည်သည့် အကြောင်း နှင့် မျှ မဟောကြားရန်။

(၅) မည်သည့် အခါတွင်မှ- မိမိအား လာရောက် မေးမြန်းသူ အနေဖြင့် ကြောက်လန်. စေမည့် ပြင်းထန်
သော ဟောဆိုချက်များကို မလိုအပ်ပဲ မဟောကြားရန်။ တစ်ဆက်တည်း မဖြစ်နိုင်သော မျှော်လင့်ချက် တို့ကိုပေး၍ လှည့်စားခြင်း မပြုရန်။


(၆) မေးမြန်းလာသူအား အမြဲတစေ လေးစားမှု ပြုပြီး- မိမိသည် အကြံပေး သည့် အနေ အထား တွင်ပင်
ရပ်တည်၍ လိုအပ် သော ဆုံးဖြတ်ချက်ကို ကာယကံ ရှင်ကိုယ်တိုင်အား ဆုံးဖြတ် ခွင့်ပေးရန်။


(၇) မိမိအား ယုံကြည်၍ မေးမြန်းလာသူ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စများကို ကာယကံ ရှင်၏ ခွင့်ပြုချက်
မရပဲ ထုတ်ဖော်ခြင်း မပြုရန်။


(၈) မိမိတတ်ကျွမ်းထား သော အဆင့်ထက် ကျော်လွန်သော အခက်အခဲ များ ပေါ်ပေါက် လာပါက- မိမိ
ထက်ပို၍ ပညာ မြင့်မားသော ဆရာများ ထံသို့ သွားရောက်ရန် ရိုးသားစွာ အကြံပြု ပေးရန်။


(၉) မိမိ၏ နက္ခတ္ထ ဝေဒ ပညာအားဖြင့် ရရှိလာသော ၀င်ငွေ အား- ဆင်းရဲ၊ နွမ်းပါးသူတို.၏ စားဝတ်
နေရေး၊ ကလေးသူငယ်များ၏ ပညာရေး အတွက် မလွဲမသွေ လှူဒါန်းရန်။
(မှတ်ချက်- ဘာသာရေး ဆိုင်ရာ- လှူဒါန်းမှုသည် မိမိ သဘောအလျောက်သာ ဖြစ်သည်။)

(MOTAA အုပ်ချုပ်မှု ကော်မီတီ)



ဤသင်ခန်းစာ ပို့ချချက်များနှင့် ပတ်သတ်၍

MOTAA သည် ငွေကြေး အကျိုးအမြတ် အနေဖြင့် လည်းကောင်း၊ တစ်ဦး တစ်ယောက်၊ တစ်သင်း တစ်ဖွဲ့
အောင်မြင် ကျော်ကြားရန် အတွက် လည်းကောင်း၊ ရည်ရွယ် ဆောင်ရွက် နေသော စီးပွားရေး၊ အဖွဲ့အစည်းတစ်ခု မဟုတ်ပါ။
ယခု သင်ခန်းစာ များသည်- နက္ခတ္တ ဝေဒ ပညာရပ်ကို လေးနက်စွာ လေ့လာလိုကြသော MOTAA
အသင်းဝင် များအတွက် ငွေကြေးတစ်စုံတစ်ရာ- ခံစားခွင့် မရယူပဲ- စေတနာ သန်.သန်.ဖြင့် ပို.ချထားသော အခမဲ့ သင်ခန်းစာ များသာ ဖြစ်ပါသည် ။
သင်ခန်းစာ ဆိုရာတွင်- ဗေဒင်ကျမ်းများကို ရှေးယခင်က သင်ကြားခဲ့သော နည်းများ အတိုင်း- အလွတ်
ကျက်မှတ် ရခြင်းများ၊ မည်သို.သော အကြောင်း ကြောင့် မည်သည့် အချက်များကို တွက် နေရသည် ကိုပင် မိမိကိုယ်တိုင် မသိနားမလည်ပဲ ပြုလုပ် နေရခြင်း အနေအထားများ ဖြစ်နိုင်သမျှ နည်းပါး နိုင်စေရန် အတွက်-ရှေးကျမ်းဂန် တို့တွင်ပင် မပါရှိသော နောက်ခံ အကြောင်းရင်း သဘော တရားများနှင့် ယှဉ်တွဲ ၍ ဖေါ်ပြ တင်ပြပေးထား ပါသည်။
ကျမ်းဂန် အစောင်စောင် တို.ကို အလွတ်အာဂုံရပြီ ဆိုလျှင်- ဗေဒင် တတ်ကျွမ်း နိုင်ပြီ ဟု ထင်မှတ် သူများ
ရှိပါလျှင်- ရှေးကျမ်း အစောင်စောင်ကို၊ သီးသန်. လေ့လာ နိုင်ပါသည်။ ဤသင်တန်း ကို တက်ရောက် လေ့လာစရာ မလိုပါ။ MOTAA သင်ခန်းစာ များတွင် ရှေးကျမ်းဆိုင်ရာ- အခန်းကဏ္ဍများကို တစ်ဆင့်ခြင်း၊ အဆင့်အလိုက်သာ သင်ကြားပေး သွားမည် ဖြစ်ပြီး- မျက်စိ စုံမှိတ် အလွတ်ကျက် မှတ်သား ရခြင်းမျိုးသည်- “ပညာ” မဟုတ်ပဲ “သညာ” သာလျှင် ဖြစ်ပါသည်။ ရှေးယခင် ကာလများတွင်က-ကျမ်းစာ၊ စာအုပ်စာတမ်း ဆိုသည်မှာ အလွန် ရှားပါး ခဲ့သည့် အပြင်- နက္ခတ္တ ပညာအား တစ်ပါးသူသို့ မပေါက်ကြားစေရန် အတွက်- မိဘ မှ သားသမီး၊ ဆရာမှ တပည့်ရင်းသို့ အမွေပေးခဲ့ကြရာ၌ ပညာရပ်ကို လက်ဆင့်ကမ်း ထိမ်းသိမ်း နိုင်ရန် အတွက် အာဂုံဆောင်ခဲ့ကြရပါသည်။ သူ့ခေတ် သူ့ကာလ အားဖြင့်- လိုအပ်ခဲ့သော အနေအထား ဖြစ်ခဲ့ သော်လည်း- ယခုခေတ်တွင်မူ- ထိုသို့ အာဂုံ ဆောင်ခြင်းဖြင့်- ထင်ရှားသော အကျိုး မရ စေနိုင်သည့် အပြင်- “သညာ” အသိမှ “ပညာ” အသိသို့ရောက်စေ ရန်ပင် - အတားအဆီး ဖြစ်နေ သဖြင့်- သင်တန်းသားများ အနေဖြင့် ဤသင်ခန်းစာများကို လေ့လာ
ရာတွင် ဖြစ်နိုင်သဖြင့် သဘောတရားကို နားမလည်ပဲ- တရားသေ မှတ်ခြင်း မျိုးကို ရှောင်ရှားကြ စေလိုပါသည်။
သင်တန်းသားများအား အထူးမှာကြားလိုသည်မှာ- ဤသင်ခန်းစာများကို မိမိကိုယ်တိုင် နားမလည်
သေးစဉ် ကာလတွင် - အခြား သူအား လက်ဆင့် မကမ်းစေလိုပါ။ သို့သော် မိမိ အနေဖြင့်- ဤသင်ခန်းစာ တို့ကိုနားလည် ကျေညက် ပြီးပါက- ပညာ ကိုလည်း လေးနက်စွာ စိတ်ဝင်စားပြီး- MOTAA စည်းကမ်း များကို လည်းလိုက်နာရန် သဘောတူသူ တို့ကို စေတနာဖြင့် လက်ဆင့်ကမ်း ဖြန့်ဝေ ပေးနိုင် ပါသည်။ သို့ရာတွင်-ဤသင်ခန်းစာ တို့ကို ငွေကြေး တန်ဘိုးဖြင့် ရောင်းချခြင်း မျိုးကို လည်းကောင်း၊ ယခု သင်ခန်းစာပါ အချက်တို့ကို အလွဲသုံးစား ပြုမူခြင်း တို.ကို လည်းကောင်း ပြင်းထန်စွာ တားမြစ်ပါသည်။

နျူမာန် (မိုးတား) email: numan@motaa.net

3 comments:

Oak Soe MMTL said...

စိတ်ဝင်စားစရာပါပဲ။ ကျွန်တော်ကတော့ MOTTA ကို ဝင်ဖို့ လုံလောက်တဲ့ နက္ခတ္တ အသိပညာတွေ မရှိသေးပါဘူး။ ဒါပေမယ့် သတ်မှတ်ထားတဲ့ စောင့်ထိန်းရမယ့် အချက်များ စတာတွေကို အတော်လေး သဘောကျပါတယ်။ တခြား ဝေဒ ဗေဒနယ်ပယ်တွေမှာလည်း အဲလိုမျိုး ရှိသင့်တယ်လို့ ယူဆမိပါတယ်ဗျာ။

ခင်မင်စွာဖြင့်

ကိုပခန်း said...

အစ်ကို
အစ်ကိုဝါသနာပါရင်ဝင်ပါ။ ညီနားမလည်ရင် ဆရာ့ကို မေးမှာပေါ့။ ညီသိသလောက်ပြန်ရှင်းပေးပါ့မယ်။ စာအုပ်တွေအများကြီးတစ်ထိုင်တည်းနဲ့ဖတ်ရသလို အရသာရှိလှပါတယ်ဗျာ။

အစစအရာရာ အဆင်ပြေပါစေဗျာ။
ကိုပခန်း

angle said...

သင်ခန်းစားတွေကို...မိုးတားမှာအသင်းဝင်ထားပြီးလေ့လာ
နေတာမေလ2011တည်းက
ခုထိ...ထင်ထားသလောက်...နားမလည်းဘူး။
ဆရာမိုးတားလည်းစင်္ကာပူနိုင်ငံမှာနေတယ်။
ဆရာပခန်းနိုင်ငံရပ်ခြားမှာ..ကျမလည်းထိုင်းမှာဆိုတော့....
အွန်းလိုင်းသင်တန်းက..ကျမလို့..ဥာဏ်နည်းသူကလိုက်မမှီဘူးဖြစ်နေတယ်။
မြန်မာပြည်...ပြန်ရောက်၇င်တော့..သင်တန်းကျောင်းတက်မှ
နက္ခတ္တပညာတွေ...တတ်တော့မယ်ထင်တယ်..ဆရာေ၇

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။