နေ့ဖွားညဖွားနဲ့ လဆန်းလဆုပ်ဖွား

လဆန်းဖွားနဲ့ လဆုတ်ဖွား

မွေးရက်ကိုလိုက်လို့ လဆန်းလဆုပ်ဖွား သတ်မှတ်ရွေးချယ်ခြင်းဟာ ပုံမှန်အားဖြင့် လွယ်သလိုရှိပေမယ့် လကွယ်နဲ့ လပြည့် နဲ့ နီးသူတွေဟာ သေချာရွေးမှ သိရတာမျိုးပါ

ဥပမာ ဇာတာလေးတွေနဲ့ လေ့လာကြပါစို့

ပုံလေးပုံပြထားပါတယ် ၁၃၄၅ခု ပြာသို လဆန်း ၁ရက်ကနေ ပြာသိုလကွယ်ထိပြထားပါတယ်

  • ဇာတာကိုကြည့်ပြီး လကွယ်ခါနီးခါမှာ တထပ်တည်းမကျပဲ ၂လာက နည်းနေယင် လမကွယ်သေးလို့ လဆုပ်လို့ ခေါ်ပါမယ် ၂လာက ၁နွေထက် ကြီးသွားတာနဲ့ နောက်လကူးနေလို့ လဆန်းနေပါပြီ
  • လပြည့်ချိန်မှာ ၂လာက နည်းနေယင် လမပြည့်သေးလို့ လဆန်းလို့ ခေါ်ပါမယ် ၂လာက ၁နွေထက် ကြီးသွားတာနဲ့ လပြည့်ပြီးလို့ လဆုပ်(လပြည့်ကျော်)ဖြစ်နေပြီ

နေ့မွေးနဲ့ ညမွေး

မွေးချိန်ကိုလိုက်လို့ နေ့ဖွားညဖွား သတ်မှတ်ရွေးချယ်ခြင်းဟာ ပုံမှန်အားဖြင့် လွယ်သလိုရှိပေမယ့် နေထွက်ချိန် နေ၀င်ချိန်နဲ့ နီးသူတွေဟာ သေချာရွေးမှ သိရတာမျိုးပါ

ဥပမာ ဇာတာလေးတွေနဲ့ လေ့လာကြပါစို့

ပုံလေးပုံပြထားပါတယ် ၁၃၄၅ခု ပြာသို လဆန်း ၁ရက်ကနေ့ကနေ နောက်ရက်ထိပြထားပါတယ်

  • ဇာတာကိုကြည့်ပြီး နေထွက်ခါနီးမှာ “လ” နဲ့ ၁ နွေ တထပ်တည်းမကျပဲ လ က နည်းနေယင် နေမထွက်သေးလို့ ညမွေးလို့ ခေါ်ပါမယ် လ က ၁နွေထက် ကြီးသွားတာနဲ့ နေထွက်ပြီမို့ နေ့ဖွား
  • နေ၀င်ချိန်မှာ လ က နည်းနေယင် နေမ၀င်သေးလို့ နေ့ဖွားလို့ ခေါ်ပါမယ် လ က ၁နွေထက် ကြီးသွားတာနဲ့ နေ၀င်ပြီးလို့ ညမွေး ဖြစ်နေပြီ

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။