ဇာတာတစ်စောင်ဖြစ်ပေါ်လာပုံ

  • ယေဘူယျဇာတာသဘော
အသုံးလိုမယ့်အသေးစိတ်ဇာတာများလည်းဖွဲ့တတ်ရပါမယ်ခင်ဗျတိမ်ကင်းစင်တဲ့ အကာလညအခါ ကောင်းကင်ကို လှမ်းမော့ကြည့်ရင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ ကြယ်လေးတွေကို မြင်ရပါမယ် တညလုံးပဲ မအိပ်ပဲစောင့်ကြည့်မယ်ဆို အရှေ့ကနေအနောက် လည်နေတာကို တွေ့ရပါမယ် တကယ်က ကမ္ဘာကအရှေ့ကို လည်နေတာပါ ဒီစက်ဝန်းက အမြဲရပ်နေတာဗျ ကည့်လိုက်ရင် မြင်နေတာက ၁၈၀ ဒီဂရီပါ မမြင်ရတဲ့ အခြမ်းအပြည့်အစုံကိုတော့ နောက် ၆ လ ဒီလိုအချိန်မှာ မြင်ရမယ်ဗျာ ဒီအတိုင်းကိုပဲ ဒီအချိန်မှာမြင်ချင်ရင်တော့ ၁ နှစ်ပြည့်အောင်စောင့်ပေါ့ ဒီစက်ဝန်းက နေနှစ်နဲ့ထပ်တူထပ်မျှ ကာလစာ တစ်ပတ်ပတ်တာဗျ ဒီစက်ဝန်းထဲက ကြယ်တွေထဲမှာ ကြယ်လေးတွေ အလှည့်ကျ အုပ်စုလိုက်လေးတွေ ထွန်းလက်ကြတယ်


















  • ၂၇ အုပ်စုရှိတယ် ၃၆၅ ရက်မှာ ၁၃ရက်စီလောက် အလှဲ့ကျလင်းကြတယ်၃၆၀ ဒီဂရီနဲ့ဆို ၁၃ ဒီဂရီ ၂၀ မိနစ်မျှ နေရာယူပြီး ကမ္ဘာကိုပတ်ထားပါတယ်
ပုံက ကမ္ဘာကိုပတ်ထားတဲ့ရောင်စုံ နက္ခတ်စက်ဝန်းပါ
အဲဒီ ၂၇ အုပ်စုကို နက္ခတ် ၂၇ လုံးလို့ခေါ်ပါတယ် နာမည်လေးတွေကတော့
  • အာသာဝဏီ (0’0”-13’20”)
  • ဘရဏီ (13’20”-26’40”)
  • ကြတ္တိကာ (26’40”-40’0”)
  • ရောဟဏီ (40’-53”20”)
  • မိဂသီ (53’20”-66’40”)
  • အဒြ (66’40”-80’0”)
  • ပုန္နဖုသျှ (80’0”-93’20”)
  • ဖုသျှ (93’20”-106’40”)
  • အသလိဿ (106’40”-120’0”)
မာဃ၊ ပြုဗ္ဗဖလ၊ ဥတ္တရဖလ၊ ဟသတ၊ စိတြ၊ သွာတိ၊ ၀ိသာခါ၊ အနုရာဓ၊ ဇေဓ
မူလ၊ ပြုဗ္ဗာသာဋ်၊ ဥတ္တရာသာဋ်၊ အဘိဇိ၊ သရ၀ဏ်၊ ဓနသိဒ္ဓ၊ သတ္တဘိသျှ၊ ပြုဗ္ဗာဘဒြပိုဒ်၊ ဥတ္တရဘဒြပိုဒ်၊ ရေ၀တီ
မိဿရာသီ အစ Origin ကနေ ၁၂၀ ဒီဂရီမှာ ၉ လုံးပေါ့ဗျာ နက္ခတ်အဟောတွေကို ဆိုင်ရာအခန်းမှာ တင်ပြပါ့မယ်

ဒီတခါ နက္ခတ်စက်ဝန်းကနေ ရာသီစက်ဝန်းကိုပြောင်းကြစို့
နက္ခတ်တွေက origin မှာစသလို ရာသီဥတုကလည်း origin ကပဲစတာ ရာသီတစ်ခုက ၃၀ဒီဂရီကျယ်တယ်
ဆွဲယင် ညာဘက်က အတိုင်းပဲ ဆွဲတယ် ၃၀ဒီဂရီကျယ်တဲ့ အပိုင်း ၁၂စိတ်ရှိတယ် origin ဟာ နက္ခတ်စက်ဝန်းက origin နဲ့တထပ်တည်းရှိတယ်ဆိုတာ သိထားရမှာ










  • ရာသီဥတုကို နေကဖန်တီးပါတယ် နေဟာ အရှေ့ကအနောက်ကို တနေ့တာ ရွေ့နေတာ သိသာပေမယ့် တနှစ်တာမှာ ခရီးထွက်နေတာကိုတော့ သေချာလေ့လာမှ သိနှိင်ပါမယ် ဘယ်လိုသိနိုင်လဲဆိုတော့ နေ့ ၁၂ နာရီက ကြည့်မရဘူး ည ၁၂ နာရီကို ကြည့်ရတယ် ည ၁၂ နာရီရဲ့ကောင်းကင် တည့်တည့်ဟာ နေရဲ့ ဆန့်ကျင်ရာအရပ်ပေါ့ ဒီ ၁၂ နာရီရဲ့ တည်နေရာဟာ နောက်နှစ် ဒီလို အချိန်မှာမှ ထပ်တူကျလို့ နေက နက္ခတ်စက်ဝန်းကို ၁ နှစ် ၁ ခါ ဖြတ်တယ်လို့ သိရတာ


  • နေဟာ အဲလို အရှေ့ကအနောက် ဖြတ်ယင်း တောင်မြောက်ယိမ်းသေးတယ် (ဒါက ၂၃.၅ ဒီဂရီစောင်းတဲ့ ကမ္ဘာရဲ့အပြစ်) နက္ခတ်စက်ဝန်းကို origin ကစ လို့ 90’ စာဖြတ်ချိန်မှာ origin အီကွေတာကနေ မြောက်ယဉ်စွန်းတမ်းဆီ ရွေ့နေတယ် ပုံလေးနဲ့ဆိုယင် ဒီလိုပေါ့ အနီရောင်က သင်္ကြန်ကနေ နောက် ၃ လ အတွင်း အီကွေတာကနေ မြောက်ယဉ်စွန်းတန်းဆီ သွားချိန် နောက် ၃ လ ပန်းရောင်က မြောက်ယဉ်စွန်းတန်းကနေ အီကွေတာဆီပြန်ချိန် နောက် ၃ လ အ၀ါရောင်က အီကွေတာကနေ တောင်ယဉ်စွန်းတန်းဆီ သွားချိန် နောက် ၃ လ ဒီအရောင်က တောင်ယဉ်စွန်းတန်းကနေ အီကွေတာဆီပြန်ချိန် ဆိုပြီးလေးမျိုးခွဲနိုင်တယ်


















  • D နဲ့ A နှစ်ခုပေါင်းကာလကို သောမျှယန(ဥတ္တရယဉ်)B နဲ့ C နှစ်ခုပေါင်းကာလကို ယာမျှယန(ဒက္ခဏယာဉ်)လို့ခေါ်ပါတယ် ဗေဒင်မှာ ၀ ကနေ စ ရေလေ့ရှိပါတယ် ရာသီနံပတ်ကိုလိုက်လို့ ရတုတွေ ခွဲကြစို့ ၁၁ နဲ့ ၀ က ၀သန္တရတု
  • ၁ နဲ့ ၂ က ဂိမှရတု
  • ၃ နဲ့ ၄ က ၀ါသရတု
  • ၅ နဲ့ ၆ က သာရဒရတု
  • ရ နဲ့ ၈ က ဟေမန္တရတု
  • ၉ နဲ့ ၁၀ က သိသိရရတု ဆိုပြီးရတုခြောက်ပါး ရှိပါတယ်
ဝ ကနေ ၁၁ ကို ရာသီလို့ ခေါ်ပါတယ်အစဉ်လိုက်လေးဆိုရရင်မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန် ရာသီတွေပါ

နက္ခတ်ဗေဒင်မှာတော့ နေလည်းဂြိုလ်စာရင်းဝင်တယ်ဗျ
  • ဂြိုလ်တွေကိုမှ မျက်စေ့နဲ့မြင်နိုင်တဲ့ မုချဓါရဂြိုလ် Exactly Planet နဲ့ မျက်စေ့နဲ့မမြင်နိုင်တဲ့ သာမညဓါရဂြိုလ် Artificial Planet ဆိုပြီး ခွဲထားပါတယ်
  • ၂လာMoon(စန္ဒရော) ၄ဟူးMercury(ဗုဒ္ဓ) ၆ကြာVenus(သောကြ) ၁နွေSun(သူရဇ္ဇ) ၃ဂါMars(ဘောမ) ၅တေးJupiter(ဂုရု) ၀နေSaturn(သောရီ) တို့က မုချဓါရဂြိုလ် Exactly Planet တွေဖြစ်ပါတယ် သာမညဓါရဂြိုလ်
  • Artificial Planet တွေက ၃၀ ၀န်းကျင်လောက်ရှိပါတယ် အဲဒီထဲက လဂ်ဂြိုလ်များ ရာဟုနဲ့ကိတ် တို့က ဟောကွက်ထုတ်ရာမှာ အသုံးဝင်လို့ ထည့်သွင်းဆွေးနွေးပါမယ် ခင်ဗျ ဂြိုလ်တို့ရဲ့
သဘာဝတွေကို ဆက်လက်တင်ပြပါဦးမယ်






ဂြိုလ်တွေက နက္ခတ်စက်ဝန်းကို ဖြတ်သန်းရာမှာ ပုံမှန်(နောက်ပြန်သွားခြင်း နှေးခြင်းမရှိက)
၂လာက ၂၉ရက်ခွဲ ၄ဟူးက ၁နှစ် ၆ကြာက ၁နှစ် ၁နွေက ၁နှစ် ၃ဂါက ၂နှစ်၅တေးက ၁၂နှစ်ဝနေက ၃၀နှစ် နီးပါးသွားပါတယ် ရာဟုနဲ့ကိတ်က နှစ်၃၀နီးပါးသွားပါတယ် ရာဟုနဲ့ကိတ်က သမသတ်ကျလို့ တစ်ခုသိယင် နောက်တစ်ခုပါ သိပါတယ်ဂြိုလ်တွေက အသွားနှေးယင် ပိုမိုလင်းလက်လာတတ်ပါတယ် အသွားမြန်ယင် မှေးမှိန်နေတတ်ပါတယ်တဲ့ ဂြိုလ်တွေဟာ ရာသီခွင်ကို လက်ဝဲရစ်ပတ်ပါတယ်
ရောက်ရာနေရာကိုလိုက်ပြီး ပိုလင်းတတ်သလို အမှိန်ဆုံးအချိန်တွေလည်းရှိပါတယ် ဒါတွေကို အားဗလခန်းမှာ ဆက်လက်ဆွေးနွေးပါမယ် ခင်ဗျာ

ဘာဝစက်

မွေးဖွားချိန်မှာ အရှေ့အရပ် အနောက်အရပ် မွန်းတည့်အရပ် အောက်အရပ် စတဲ့ လေးမျက်နှာဟာ ဘယ်မှာရှိတယ် ဆိုတာ သိဖို့ ဖွဲ့ထားတဲ့ဇယားပါ

လဂ်ဂြိုလ်က ၄မျိုးရှိပါတယ်
ဒေသတစ်ခုကနေ အချိန်တစ်ခုမှာရှိနေတဲ့ အရပ်လေးမျက်နှာကို ညွှန်းတာပါ

  • နေထွက်ရာအရပ်ကို နေထွက်လဂ် ဥဒယလဂ္ဂန Ascendant
  • မွန်းတည့်ရာအထက်အရပ်ကို မွန်းတည့်လဂ် မဓျလဂ္ဂဏMedium Coeli
  • နေ၀င်ရာအနောက်အရပ်ကို နေ၀င်လဂ် အတ္တလဂ္ဂဏDescendant
  • သန်းခေါင်အရပ် အောက်ဘက်ကို သန်းခေါင်လဂ် ပါတလဂ္ဂဏImam Coeli
ဆိုပြီး ၄ခုရှိပါတယ် နေထွက်လဂ်နဲ့နေ၀င်လဂ် မွန်းတည့်လဂ်နဲ့သန်းခေါင်လဂ် တို့ဟာ မျက်နှာချင်းဆိုင်နေပေမယ့် နေရာတိုင်းအတွက် ထောင့်မှန်မကျပါ အီကွေတာနဲ့ ဝေးလာလေလေ စောင်းလာလေ့ရှိပါတယ် ဒီလဂ် လေးမျိုးက ဟောကွက် ထုတ်ရာမှာ လိုလို့ ရှာရတာဖြစ်ပါတယ်
  • အီကွေတာပေါ်မှာ ဆိုယင် နေနဲ့တန်းလို့ မွန်းတည့်လဂ်က နေထွက်ရာအရှေ့နဲ့ ထောင့်မှန်ကျပါတယ် မြောက်ဖက်ပိုင်းဒေသရောက်လာတာနဲ့ တဖြေးဖြေးမွန်းတည့်ရာ အရပ်ကအီကွေတာဘက်ယိုင်လာရာက အရှေ့ဘက်မျဉ်းနဲ့မွန်းတည့်မျဉ်းကြား ထောင့်ကပို ကျဉ်းလာပါတယ်
  • ဒီပုံလေးတွေက (၃.၁.၁၉၈၄ နေ့ မနက် ၆:၃၀ လောင်ဂျီကျု ၉၆'၁၂") လတ္တီကျု ၀ ဒီဂရီ၊ ၂၁ ဒီဂရီ နဲ့ ၄၃ ဒီဂရီတွေကို ယှဉ်ပြထားတာ ဖြစ်ပါတယ် ပေါ်မှာဖြစ်ပါတယ် ညာဘက်က ပုံက ဇာတာမှာ သူကိုပြမယ့် ဇယားဖြစ်ပါတယ် ပြည့်စုံတဲ့


ဘာဝစက်က ဒီလိုလေးပါ နေထွက်လဂ်တခုပဲဖော်ပြလေ့ရှိပြီး (တ)နု လို့ရေးပါတယ်










ဇာတာတစ်စောင်အစမ်းဖွဲ့ကြစို့ဗျာ

ကျွန်တော့်ဇာတာလေးပဲစမ်းကြစို့ဗျာ နေ့က ၃.၁.၁၉၈၄ မနက် ၆နာရီခွဲ ဒေသက မြောက်လတ္တီကျု ၂၁’ ၄၂” အရှေ့လောင်ဂျီကျု ၉၅’ ၅”ဗျာ သုံးမှာက သံဒိဌပြက္ခဒိန်ဗျာ

အဲဒီပြက္ခဒိန်ကျွန်တော်ဝယ်ဖူးတဲ့နေရာတွေက မန္တလေးက ထွန်းဦးစာပေ နဂါးစာပေ နဲ့ ဘုရားကြီး အရှေ့ဘက်စောင်းတန်း ရန်ကုန်က ဇောတိကစာအုပ်တိုက် ထားဝယ်က ဖိုးသာထူးဆိုင်တွေမှာ ၀ယ်ဖူးပါတယ်


ဒါက samehoro က ကူးတာပါ အပြင်စာအုပ်မှာ တီထိနဲ့နက္ခတ်ပါ ဒီမျက်နှာမှာတွဲပါတယ် ကျွန်တော်သိသလောက် အကြမ်းဖျဉ်းပဲရေးပါမယ် ဒီဇယားမှာ ဂြိုလ် ၈ လုံးပါတယ် ပြထားတဲ့ ဂဏန်းတွေက အဲဒီညသန်းခေါင်အချိန်မှာ မန္တလေးကကြည့်ယင် သူတို့ရပ်တဲ့ဒေသကိုပြောထားတာပါ

၂ရက်နေ့ညသန်းခေါင်မှာ ၁-နွေက ၈-ရာသီ ၁၉-အင်သာ(ဒီဂရီ) ၄၃-လိတ္တာ(မိနစ်) မှာရပ်နေတယ် ဆိုတာပါ ၃ရက်နေ့ညမှာတော့ ၁နွေက ၈-ရာသီ ၂၀-အင်သာ ၅၀-လိတ္တာကို ရောက်သွားပြီ သိထားဖို့

ယူနစ်က ရာသီက ၀ ကနေ ၁၁ထိ ၁၂ ခုရှိတယ်၁ ရာသီမှာ ၃၀ အင်သာရှိတယ်၁အင်သာမှာ ၆၀ လိတ္တာရှိပါတယ်

မနက် ၆ နာရီခွဲအတွက် ၁နွေရပ်နေရာကို သိချင်တယ်ဆိုပါတော့ ၃ရက်နေ့ထဲက ၂ရက်နေ့တည်နေရာကို နှုတ်ပါမယ် ရတာဟာတရက်သွားတဲ့ခရီးပါ
၈ - ၂၀ - ၅၀(-) ၈ - ၁၉ - ၄၃(=) ၀- ၁ - ၇
၁နွေဟာ တရက်မှာ ရာသီစက်ဝန်းကို ၁အင်သာ ၇လိတ္တာ(၆၇လိတ္တာ) သွားပါတယ် မနက် ၆နာရီခွဲဟာ ၂၄ နာရီနဲ့ အချိုးချယင် ၆.၅/၂၄=၀.၂၇၀၈၃ ရပါတယ်

၆၇ လိတ္တာ*၀.၂၇=၁၈.၁ လိတ္တာရပါတယ် ဒါကို ၂ ရက်နေ့ည သန်းခေါင် လိတ္တာမှာပေါင်းယင် ၃ ရက်နေ့ မနက် ၆ခွဲက ရပ်ရာ point ကိုရပါတယ်
ဒါကြောင့်အဲင်္ဒီအချိန်မှာ ၁နွေဟာ(၈'၁၈") ဓနုရာသီ ၁၈အင်သာမှာရပ်နေပါတယ် ဒီလိုနည်းနဲ့ ဂြိုလ် ၈ လုံးရပ်ရာကို ရှာရပါတယ်
၁ နွေနဲ့ ၂လာနဲ့ ရာဟု ကိတ်က လွဲယင် ကျန်တဲ့ဂြိုလ်တွေဟာ အသွားနှေးတာ နောက်ပြန်သွားတာတွေရှိနိုင်ပါတယ် ပြက္ခဒိန်မှာပြထားတဲ့ ရာသီအင်သာတွေဟာ တရက်ထက် တရက် လျော့သွားယင် ဒါက နောက်ပြန်သွားတာပါ
(တကယ်တော့ဘယ်ဂြိုလ်မှ နောက်ပြန်မသွားပါဘူး နိုင်းတဲ့နက္ခတ် စက်ဝန်းကလည်း မပြောင်းဘူး ပြောင်းတာက ကမ္ဘာပါ) နောက်ပြန် သွားတဲ့ဂြိုလ်အတွက် ပြောင်းပြန်နှုတ်ရပါတယ် ရာဟုကတော့ အမြဲပြောင်းပြန်နှုတ်ရပါတယ် သူကကမ္ဘာနေလတို့ရဲ့ တန်းရာမျဉ်းတို့ရဲ့ဆုံချက် point လေးကိုယ်စားပြုလို့ပါ ကိတ်ဂြိုလ်က ရာဟုနဲ့ အမြဲသမသတ်ပါ ဒီဖွဲ့သမျှဟာ မန္တလေးဒေသကိုသာ ကိုယ်စားပြုပါတယ်ဆိုတာ မမေ့ပါနဲ့ဗျာ

ဒီအားနည်းချက်တွေကို samehoro software နဲ့ တခြားအနောက်တိုင်း software တွေက ကူရှင်းပေးပါတယ်
မြန်မြန်လေးဖွဲ့ချင်ယင် ဒီlinkမှာ စက္ကန့်ပိုင်းအတွင်းဇာတာတစ်စောင်ရလာပါမယ်
programနဲ့ဇာတာဖွဲတာကို ဒီlink မှာဖတ်နိုင်ပါပြီ
ဒါတွေကဟောရာမှာယူသုံးပါမယ်































အပေါ်က ဇယားကြီးကို ဒသာဇယားလို့ခေါ်ပါတယ် ဒသာတွက်ပုံကိုဒီ link မှာ ဖတ်နိုင်ပါတယ်

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။