မိဘတွေရဲ့ ကျန်းမာရေး (၁)

ရက်ပိုင်းအတွင်းမှာပဲ ၂၆ နှစ်ပြည့်ပြီးသွားလို့ မွေးနေ့ဆိုတာကြီးကို သူလိုငါလိုကြုံလိုက်ရပါရဲ့ဗျာ။ မွေးနေ့ဆိုတာနဲ့ မိဘနှစ်ပါးကို သတိရရာက ရပ်ဝေးမြေက မိဘတွေအတွက် ရည်ရွယ်ရင်း နက္ခတ်ဝါသနာပါသူများလည်း မိဘကို ဂရုစိုက်နိုင်အောင် မိဘနှစ်ပါးကို အစချီတဲ့ တနင်္ဂနွေ အဌ၀ဂ္ဂ တနင်္လာ အဌ၀ဂ္ဂ မှသည် အဌ၀ဂ္ဂများကို ဆရာဒဂုန်၏ အဌ၀ဂ္ဂစနစ်ဖြင့် ဗေဒင်ဟောပြောနည်းကျမ်းမှ ထုတ်နှုတ်တင်ပြပေးပါမယ်ခင်ဗျား။

ပထမဦးစွာ တနင်္ဂနွေ အဌ၀ဂ္ဂရဲ့ အဟောလေးကို အရင်တင်ဆက်လိုက်ပါ့မယ်ခင်ဗျာ။ ဒါမှလည်း တွက်ချင်စိတ်ဖြစ်လာနိုင်ပါတယ်ခင်ဗျ။

တနင်္ဂနွေရဲ့ အဌ၀ဂ္ဂကိုဖွဲ့ပြီး ကောဇာဂြိုလ်စီးဂြိုလ်နင်းနဲ့ယှဉ်လိုက်လို့
၁။ အဌ၀ဂ္ဂက ဗန္ဓု ၅/၆/၇/၈ ရရာ ရာသီပေါ်ကို တနင်္ဂနြွေုဖတ်စဉ်မှာ (အဲဒီလမှာပေါ့ဗျာ) ခရီးထွက်တာ လက်ထပ်တာတို့လုပ်သင့်ပါတယ်တဲ့ခင်ဗျ။ အကယ်၍ ၁/၂/၃ ရရာရာသီမှာ သွားစရင်တော့ ဟုတ်သလိုလိုနဲ့ နိဂုံးမကောင်းဖြစ်တတ်ပါတယ်တဲ့ ခင်ဗျ။ ၄ လုံးရရာသီမှာဆိုရင်တော့ အကျိုးပေး အဆိုးအကောင်းရောနေတတ်ပါတယ်တဲ့ခင်ဗျ။
(ဗန္ဓုအများဆုံးရာသီက ဖေါ်ပြတဲ့အရပ်မှာ ဘာသာရေးစတဲ့ မြင့်မြတ်တဲ့ အလုပ်တွေလုပ်ပါက အထူးတိုးတက်တတ်ပါသတဲ့ခင်ဗျာ)

၂။ တနင်္ဂနွေရဲ့ ဗိန္ဓုဝဂ္ဂ ဓါတုဝဂ္ဂနဲ့ ဧကဓိပတိဝဂ္ဂက သင်္ချာကိုပေါင်းပြီး ၁ နွေမှ ကိုးတန့်ရှိ ဗိန္ဓုသင်္ချာနဲ့မြှောက် ၂၇ နဲ့စားပါ။ အကြွင်းကို အာသာဝဏီနဲ့နက္ခတ်က စရေပြီး ရောက်ရာနက္ခတ်ပေါ်ကို စနေဂြိုလ်စီးနင်းစဉ်မှာ ဖခင်သေဆုံးတတ်ပါတယ်။

၃။ ၁နွေရဲ့ သောဂျပိဏ္ဍာကို မူလကြာသာပတေးရဲ့ ၇ တန့်ဖြစ်တဲ့ ဗိန္ဓုဝဂ္ဂက သင်္ချာနဲ့မြှောက် ၂၇ နဲ့စား အကြွင်းကို ကြာသာပတေးစီးနင်းရာ နက္ခတ်က စရေလို့ ရောက်ရာနက္ခတ်မှာ ကြာသာပတေးစီးချိန်မှာလည်း ဖခင်ကိုဆုံးရှုံးရတတ်ပြန်ပါတယ်။

၎။ ၁နွေရဲ့ သောဂျပိဏ္ဍာကို မူလ ၁နွေ ၇ တန့်က ၁ နွေဗိန္ဓုနဲ့မြှောက် ၂၇ နဲ့စား အကြွင်းနက္ခတ်ကို အာသာဝဏီကစရေလို့ ရောက်ရာနက္ခတ်ပေါ် ၁ နွေစီးချိန်မှာလည်း ဖခင်ဆုံးရှုံးရနိုင်ပါတယ်။

၅။ ၁ နွေရဲ့ သောဂျပိဏ္ဍာကို မူလ ၁နွေရဲ့ ၈ တန့်ဗိန္ဓုနဲ့ မြှောက် ၁၂ နဲ့စား အကြွင်းကို မိဿရာသီက စရေလို့ ရောက်ရာ ရာသီပေါ် ကောဇာ ၀ နေဖြတ်ချိန်မှာ ဇာတာရှင် သေဆုံးတတ်ပါတယ်။

၆။ ၁ နွေရဲ့ ဗိန္ဓု ဓါတု ဧက ကိုပေါင်း မူလ ၁နွေရဲ့ ၈ တန့်က ဗိန္ဓုနဲ့မြှောက် ၁၂ နဲ့စား အကြွင်းကို မိဿကစရေ ရောက်တဲ့ရာသီနဲ့ ၄င်းရာသီနဲ့ ကြိဂံကျရာ ရာသီတွေပေါ် ၁ နွေဖြတ်စဉ်မှာ ဇာတာရှင်သေဆုံးနိုင်ပါတယ်။

မှတ်ချက်။ ။ဒီအဟောတွေနဲ့အတူ သက်တမ်းတွက်နည်းပါ ပူးတွဲတွက်ပါမှ နီးစပ်မယ်လို့ ယူဆပါတယ်ခင်ဗျာ။ သက်တမ်းတွက်နည်းအသေးစိတ်ကိုတော့ နောက်ပိုင်းမှာ အသေးစိတ်တင်ပြပေးပါ့မယ်ခင်ဗျ။

အထက်ပါအဟောတွေဟာ လက်ရှိဂြိုလ်သွားဂြိုလ်လာ (ကောဇာ) နဲ့ မူလဇာတာက ထပ်ဆင့်တွက်ရတဲ့ (အဌ၀ဂ္ဂ) တို့ပူးတွဲဟောပေးနှိုင်တဲ့ အဟောတွေသာဖြစ်ပါတယ်။

အလားတူအဟောတွေကိုလည်း ဆက်လက်တင်ပြပေးပါ့မယ်။ အပေါ်က အဟောတွေမှာ သုံးသွားတဲ့ ဗိန္ဓု ဓါတု ဧကဓိပတိ သောဂျပိဏ္ဍာ ဆိုတဲ့ ဝေါဟာရတွေကို အတတ်နိုင်ဆုံးတွက်ပြပေးပါ့မယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။