သင်္ကြန်ကာလနှင့် စနစ် ၂ မျိုး

အရှေ့တိုင်းသုံး နိယာယနစနစ်နဲ့ သာယနစနစ်ကွာခြားပုံကို သင်္ကြန်(ခန့်မှန်းကာလ)လေးနဲ့ ဗဟုသုတဖြစ်ဖွယ် ဖေါ်ပြလိုက်ပါတယ်ခင်ဗျ။

  • နိယာယနစနစ်က သင်္ကြန်ကျချိန်
မြန်မာလတွေ တန်ခူး၊ ကဆုန်၊ နယုန်တွေ ဘယ်လိုပြောင်းပြောင်း နှစ်စဉ် ဧပြီ ၁၃ ၁၄ ဟာ သင်္ကြန်ကျမှာဖြစ်ပါတယ်။ ဘာ့ကြောင့် ဧပြီ ၁၃ ၁၄ တစ်ရက်ရက်မှာ သင်္ကြန်ကျရပါသလဲဆိုတော့ မနှစ်က ဧပြီ ၁၄ ကို မြန်မာသုံး နိယာယနစနစ်နဲ့ ဇာတာဖွဲ့လိုက်မယ်ဆိုရင် အောက်ပါအတိုင်းရလာမှာဖြစ်ပါတယ်။
အပေါ်က ဇာတာခွင်မှာ တနင်္ဂနွေဟာ မိဿရာသီ သုညရာသီမှာ ရပ်နေပါတယ်။ ဒါဟာ ရာသီစပ်ဝန်းကို တနင်္ဂနွေနေမင်းစဖြတ်ရာ  အချိန်ကို ပြနေပါတယ်။ မိန်ရာသီတွင်းက ရေ၀တီနက္ခတ်အဆုံး (တနည်းအားဖြင့်) မိဿရာသီ အဿဝတီနက္ခတ်အစမှာ တနင်္ဂနွေရောက်ရှိနေချိန်ကို ပြဆိုတာပါခင်ဗျ။ ဒီဇာတာဟာ နိယာယနစနစ်အရ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

  • မြန်မာသင်္ကြန်ကျချိန်ကို သာယနစနစ်နဲ့တွက်မယ်ဆိုရင်
အဆိုပါ ဧပြီ ၁၄ ၂၀၁၀ ကိုပဲ အနောက်တိုင်းသုံး သာယနစနစ်နဲ့ ဇာတာဖွဲ့မယ်ဆိုရင် အောက်ပါအတိုင်းရလာမှာ ဖြစ်ပါတယ်ခင်ဗျ။
  
အဆိုပါနေ့ရက် (မြန်မာများ သင်္ကြန်ကျချိန်မှာ) အနောက်တိုင်းသုံး သာယနစနစ်အရ တနင်္ဂနွေဟာ မိဿရာသီ ၂၃.၅ အင်သာခန့် ရောက်ရှိလို့နေပြီဖြစ်ပါတယ်။ စက်ဝိုင်းတစ်ခုမှာ ၃၆၀ ဒီဂရီရှိသလို၊ တစ်နှစ်ဟာ ၃၆၀ အင်သာနဲ့ညီပါတယ်။ တစ်အင်သာ(ဒီဂရီ) ဟာ ၁ ရက်နီးပါးမို့ သာယနစနစ်ဟာ ၂၃ ရက် ကွာနေပါတယ်။ ဒါဖြင့် သယနစနစ်အရ တစ်နှစ်က ဘယ်ချိန်စမလဲရှာလိုက်တော့ အောက်ပါအတိုင်းရပါမယ်။
  
ဒါကိုကြည့်ချင်းအားဖြင့် သာယန စနစ်အရ မတ်လ ၂၁ ရက်နေ့မှာမှ သင်္ကြန်ကျတာကို တွေ့ရပါမယ်။ (မတ်လ ၂၁ ၂၀၁၀ မှာ တနင်္ဂနွေဟာ မိဿရာသီ သုညအင်သာ မှာ တည်နေလို့ဖြစ်ပါတယ်ခင်ဗျ။)

အွန်လိုင်းမျက်နှာစာတွေမှာ သာယနစနစ်အရ ရာသီအဟောများ ကျယ်ပြန့်နေတာကြောင့် မိဿရာသီဆိုရင် မတ်လ ၂၁ ရက်မှ ဧပြီ ၂၁ ကြားလို့ အများသိကြပါတယ်။ ဒီသတ်မှတ်ချက်ဟာ နက္ခတ်ဗေဒင် စနစ်ကြီး ၂ ခုမှ အနောက်တိုင်းသုံး တစ်ခုသာ ဖြစ်ပါကြောင်း သိစေလိုပါတယ်ခင်ဗျ။ မြန်မာသုံး နက္ခတ်ဗေဒင်စနစ်အရ မိဿရာသီဖွားဟာ ဧပြီ ၁၄ မှ မေလ ၁၄ ကြားလို့ သတ်မှတ်ရမလိုလိုပါခင်ဗျ။ သို့တစေ အဆိုပါ ရက်များနဲ့သတ်မှတ်ခြင်းဟာ အများအခေါ်ရက်အရသာဖြစ်ပြီး တိကျလိုပါက ဇာတာဖွဲ့ခြင်းဖြင့် သိနိုင်မှာဖြစ်ပါတယ်။ ဥပမာ မတ်လ ၂၁ ရက်မွေးသူအတွက် သူ့မွေးနှစ်မှာ (အနောက်တိုင်းစနစ်အရ)  မိဿရာသီစနစ်အစမှတ်ဟာ မတ်လ ၂၁ ရက်နေ့ မနက်အစောကြီးမှာ ဖြစ်နိုင်သလို မတ်လ ၂၂ ရက်မနက်အစောမှာလည်း ဖြစ်သွားနိုင်လို့ ဖြစ်ပါတယ်။

အနောက်တိုင်းစနစ်အရ ရာသီရုပ်တွေနဲ့ နေမင်းရာသီတစ်ခုမှ တစ်ခုအပြောင်းရက်လေးတွေကို အောက်ကပုံမှာ လေ့လာနိုင်ပါတယ်ခင်ဗျ။ဈ
  

(သို့သော် အပေါ်ကပုံဟာ ရာနှုန်းပြည့် မှန်သေးတာ မဟုတ်ပါဘူးခင်ဗျ။ ဘာ့ကြောင့်လဲဆိုရင် နေမင်းဟာ တစ်နှစ်တာလုံး အီကွေတာ တစ်လျှောက်ပြင်ညီပေါ်မှာ ရွေ့လျားသွားလာနေတာ မဟုတ်လို့ပါပဲခင်ဗျ။
သူဟာ သင်္ကြန်ကျစဉ်ကာလ (ဧပြီဝန်းကျင်)မှာသာ အီကွေတာပေါ် တည့်တည့်ရပ်နေပြီး တဖြည်းဖြည်းနဲ့ မြောက်ဘက်ကို ယိမ်းလာပါတယ်။ အရိပ်တွေဟာ တောင်ဖက်ကို ယိမ်းယိမ်းလာပါတယ်။ ဒီလို မြောက်ဖက်သွားတဲ့ ကာလဟာ ၃ လကြာပါတယ်။
ဇူလိုင်လ၀န်းကျင်မှာတော့ နေမင်းဟာ မြောက်ယဉ်စွန်းတန်း ပေါ်တည့်တည့်ကျရောက်နေပါတယ်။ အီကွေတာဒေသတွေအတွက် နေရိပ် တောင်ဖက်ကို အစောင်းဆုံးကာလဖြစ်ပါတယ်။ မြောက်ယဉ်စွန်းတန်းပေါ်တည့်တည့် နေမင်းရောက်နေတော့ ကမ္ဘာ့မြောက်ခြမ်းသားတွေအတွက် နေရိပ်မထွက်ပါ။ ကမ္ဘာ့မြောက်ခြမ်းမှာ အပူချိန်ကြောင့် လေဖိအားနည်းရပ်ဝန်းတွေဖြစ်ပြီး တောင်ဖက်ပင်လယ်ဆီကက လေတွေအစားဝင်ကြရင်း ရေငွေ့တွေပါလာကာ အီကွေတာအထက် အနည်းငယ်ရောက်နေတဲ့ မြန်မာ အိန္ဒိယမှာ မိုးဥတု မိုးရာသီကိုကို ခံစားကြရပါတယ်။
နောက်တော့ နေမင်းဟာ တောင်ဘက်ကို ပြန်ဆင်းလာပြီး စက်တင်ဘာခန့်မှာတော့ နေမင်းဟာ အီကွေတာပေါ်ပြန်ရောက်ပါတယ်။ မြန်မာလ တော်သလင်းလခန့်ရှိပြီး ပူပြင်းတာကြောင့် တော်သလင်းနေ ပုဇွန်သေလို့တောင် တင်စားကြရပါတယ်။
နောက်တော့ နေမင်းဟာ ဒီဇင်ဘာတိုင် ကမ္ဘာ့တောင်ယဉ်စွန်းတန်းဆီ ဆင်းချသွားပါတယ်။ ဒီအချိန်မှာတော့ ကမ္ဘာ့မြောက်ခြမ်းဟာ နေပူရှိန်မရလို့ အေးပါတယ်။ တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပြီး မြောက်ဘက်က မြောက်ပြန်လေတွေ ၀င်လာတာကြောင့် မြန်မာအိန္ဒိယအဖို့ အေးချမ်းကုန်ကြပါတယ်။
နောက်တော့ အီကွေတာဆီ ပြန်တက်လာပါတယ်။ ပြန်ရောက်တယ်ဆိုရင်ပဲ သင်္ကြန်ကာလဖြစ်သွားပါတော့တယ်။
အထက်ပါဖေါ်ပြချက်များဟာ အမှန်တကယ်နေက ရွှေ့လျားတာမဟုတ်ဘဲ ကမ္ဘာကသာ မိမိဝန်ရိုးပေါ် တိမ်းစောင်းတာကြောင့်ဖြစ်ပါတယ်။
နက္ခတ်ရာသီရုပ်များဟာ အီကွေတာကို အဓိကထားပြီး တောင်မြောက်ဝန်ရိုးစွန်းကြားမှာ ပေါ်ထွန်းကြတာဖြစ်တာကြောင့် ကမ္ဘာကို ဗဟိုထားတဲ့ စနစ်မှာ တသမှတ်တည်းယူဆရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါပုံမှာ နေသွားလမ်းဟာ တောင်မြောက်ယိမ်းရမှာဖြစ်တာကြောင့် အဆိုပါပုံမှာ ထက်အောက် တွန့်ကာ သွားသင့်ပါတယ်ခင်ဗျ။)

မှတ်ချက်။  ။ အဆိုပါ နက္ခတ် ၂၇ လုံး ရာသီရုပ် ၁၂ ရုပ်တို့အပြင် အခြားကြယ်တွေရော မရှိဘူးလားလို့ မေးလာစရာရှိပါတယ်။ အခြားကြယ်တွေရှိနေပါတယ်။ သို့သော်  ကမ္ဘာဟာ အနောက်မှ အရှေ့ကို အီကွေတာတစ်ဝိုက်လည်တာကြောင့် အမြဲပြောင်းနေတာဟာ အီကွေတာတစ်ဝိုက်က ကြယ်တွေဖြစ်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် တသတ်မှတ်တည်းလိုဖြစ်တဲ့ မြောက်ဝန်ရိုးစွန်း တောင်ဝန်ရိုးစွန်းဒေသမှာတော့ ကြယ်တွေကို အမြဲလိုလို မြင်နေရမှာဖြစ်ပါတယ်။ မြောက်အရပ်ကို ညွှန်ပြတဲ့ ဓူဝံကြယ်ကို သတိပြုပါ။ အမြဲမြောက်အရပ်မှာ ရှိနေခြင်းဟာ ကမ္ဘာဟာ အီကွေတာ တစ်ဝိုက်လည်ပြီး နက္ခတ် ရာသီရုပ်များဟာ အီကွေတာတစ်ဝိုက်က ကြည့်မှသာ ပြောင်းလဲ ထွန်းလင်း တောက်ပကြပါကြောင်းပါခင်ဗျား။ အပြောင်းအလဲကို ထိုရာသီရုပ်များကသာ ဖေါ်ပြကြပါကြောင်း ....

ကိုပခန်း

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။