နက္ခတ်ဗေဒင်ပေါ်ပေါက်လာပုံ

  • နက္ခတ်ဗေဒင်ပေါ်ပေါက်လာပုံ
နက္ခတ်ဗေဒင် ဆိုလိုက်ရင် ဗေဒင်ပညာနဲ့ ဗေဒင်ဆရာတွေက မပါမဖြစ်ပေါ့ဗျာ နောက်ပြီး ကျွန်တော်တို့လူသားတွေနဲ့ ကမ္ဘာက ဆက်စပ်နေပုံကိုရှာရမယ်ဗျာ အဲပြီးတော့မှ ကမ္ဘာနဲ့တခြားဂြိုလ်တွေကို ဆက်စပ်ပြီးမှ အားလုံးက လူသားအပေါ်ဝိုင်းလွှမ်းမိုးတယ် ဆိုရမှာပေါ့
နက္ခတ်ဗေဒင်ပညာ နဲ့ ဗေဒင်ဆရာ
  • နက္ခတ်ဗေဒင်ပညာ Astrology နက္ခတ်ဗေဒင်ပညာ Astrologyဟာ နက္ခတ်ဗေဒပထ၀ီ Astronomical Geography အပေါ်မှာ အခြေတည်ပြီး နက္ခတ္တပညာ Astronomy ကပန့်ပိုးပြီး ဝေဒါမယပညာ Prediction အဖြစ်ပေါ်ပေါက် ခဲ့ပါတယ်တဲ့
  • နက္ခတ္တပညာ Astronomyဟာ အာကာသမှာ ရွေလျားသွားလာနေတဲ့ နေThe Sun လ The Moon ဂြိုလ်Planets တို့ရဲ့သွားလာမှုကိုလေ့လာတဲ့ ပညာဖြစ်ပြီး နက္ခတ်ဗေဒင်ပညာ Astrology က သူအပေါ်မှာ အခြေခံတီထွင်ထားတဲ့ အဟောပညာရပ်ဖြစ်ပါတယ်
  • နက္ခတ္တပညာ Astronomy ကိုတီထွင်ခဲ့သူများကို နက္ခတ်ပါရဂူ Astronomer များလို့ခေါ်ဆိုပြီး အတွက်သမား သင်္ချာပညာရှင်များဖြစ်ကြပါတယ် နက္ခတ်ဗေဒင်ပညာ Astrology ကိုတီထွင်ခဲ့သူများကို နက္ခတ်ဗေဒပါရဂူ Astrologian များလို့ ခေါ်ပြီး အဟောသမား အတွေးအခေါ်ပညာရှင်များဖြစ်ကြပါတယ်
  • ဗေဒင်ဆရာ Astrologer ဗေဒင်ဆရာဆိုတာကလည်း အမျိုးမျိုးရှိပါတယ် နက္ခတ်ဗေဒသုတေသီ Astrologist တွေ ကတဆင့်ဖြစ်လာတဲ့ နက္ခတ်ပညာနဲ့အသက်မွေးတဲ့ ဗေဒင်ဆရာ Astrologer တွေရှိသလို နည်းမျိုးစုံနဲ့ အဟောထုတ်နိုင်တဲ့ အနာဂတ်ကိုဟောပြောနိုင်သူ Fortune Teller တွေ မတွက်ရဘဲ သိနိုင်တဲ့ အကြားအမြင်ရသူ Prophet များလည်းရှိကြပါတယ်
အကြားအမြင်ရဖို့ကလည်း လွန်စွာခဲယဉ်းလေတော့ တွက်နည်းနဲ့ လက်ဆင့်ကမ်းတဲ့ တွက်ရိုး သင်္ချာတွေနဲ့ ချဉ်းကပ်ကြရမှာပေါ့ သင်္ချာတွေဘယ်လောက်ကျွမ်းကျွမ်း ဟောကိန်းတစ်ခုတောင်ရေရေရာရာရဖို့ခဲယဉ်းလေတော့ ဆရာ့ဆရာများမိန့်ဆိုကြပါတယ် အတွက်သမားနဲ့ အဟောသမား မျှဖြစ်အောင်ကျင့်ပါ တဲ့ဗျာ






  • နေစကြ၀ဠာ Solar System မှာ တခြားဂြိုလ်တွေမှာတော့ လူမနေပဲ ကမ္ဘာမှာသာလူနေတော့ ဘာများထူးခြားလဲ စူးစမ်းရင်းက ဆက်စပ်တွေ့တာကကမ္ဘာ နဲ့လူက တူနေပါတယ်တဲ့
  • ကမ္ဘာ့အပေါ်ယံလွှာမှာ ရေ ၈၀% ပါဝင်သလိုလူ့ခန္ဓာမှာ ရေ ၈၀%ပါပါတယ်တဲ့
  • ကမ္ဘာမှာ ကြေးနီရှိသလို လူဆံပင်မှာကကြေးနီဓာတ်အများဆုံးပါဝင်နေတယ်တဲ့
  • ကမ္ဘာမှာ ငွေရှိသလို လူ့အရိုးမှာကငွေဓာတ်အများဆုံးပါဝင်နေတယ်တဲ့
  • ကမ္ဘာမှာ ရွှေရှိသလို လူ့သွေးမှာကရွှေဓာတ်အများဆုံးပါဝင်နေတယ်တဲ့
  • ကမ္ဘာမှာ ခဲရှိသလို လူ့သလိပ်မှာကခဲဓာတ်အများဆုံးပါဝင်နေတယ်တဲ့
  • လူ့အသားရောင်ဟာ တကယ်တော့ မြေကြီးအရောင်ပါပဲ ၀ါကြံ့ကြံ့ပဲမဟုတ်လားဗျာ
ရေခဲပြင်ပေါ်မှာနေသူတွေက နှင်းပွင့်လေးတွေလိုဖွေးနေတတ်ပြီးကန္တာရထဲမှာကတော့ညိုမွဲမွဲလေးတွေပေါ့ဗျာ ရေမြေလိုက်လို့ အသားအရောင် ပြောင်းတာကိုတော့ ငြင်းရခက်ပါလိမ့်မယ် မြေရေလေမီး ဓာတ်တွေလွန်ကဲနေတဲ့ တြ့ခားဂြိုလ်တွေမှာတော့ နေမယ့်နေတောင် တခြား သတ္တ၀ါတွေနေပါလိမ့်မယ် ထားတော့ဗျာ
ကမ္ဘာနဲ့လူ့ ဆက်စပ်ကြပြီလို့ ဇွတ်ယူဆကြစို့ဗျာ (ဒါမှရှေ့ဆက်လို့ရမှကိုး)

နေနဲ့ လတို့ကို ဂြိုလ်စာရင်းထဲထည့်ပြီး လွမ်းမိုးပုံလေး စရအောင်
  • နေမင်း




  • ဒိဝါကရ(နေ့ကိုဖြစ်စေသူ)နေမင်းက တနေ့တာ Rotation Day မှာ အရှေ့ကအနောက် ကိုရွေ့တာတော့ ကလေးကစ သိပါတယ် တနှစ်တာ Rounding Day မှာ တောင်မြောက်လဲယိမ်းသေးတယ်ခင်ဗျ ဒါကတော့ ကမ္ဘာကနေ လ လိုက်ချီပြီးကြည့်မှ သတိပြုမိတာမျိုးလေ
  • Aprilလ အတာသင်္ကြန်ကပဲစကြပါစို့ မြန်မာတို့ရဲ့အတာသင်္ကြန်ကျတဲ့ အချိန်လေးဟာ နေမင်းဟာ အီကွေတာ Mid-heaven ပေါ် တည့်တည့် ရောက်နေချိန်ပေါ့ အီကွေတာမှာသာ သစ်ငုတ်လေးရိုက်ယင် သင်္ကြန်အကျနေ့ မွန်းတည့်မှာ အရိပ်မထွက်ဘူးတဲ့ ဒီလိုနဲ့ ရက်တွေကြာလာတော့ အရိပ်လေးက တောင်ဖက်ယိမ်းလာတယ် နေမင်းက မြောက်ကို ခရီးထွက်နေလို့ခင်ဗျ
  • ဒီလိုနဲ့ July ရောက်တော့ နေမင်းက North Latitude 23.5’ မြောက်ယဉ်စွန်းတန်းပေါ်တည့်တည့်ရောက်နေပြီခင်ဗျ သစ်ငုတ်လေးအရိပ်မထွက်အောင် သူ့ကိုမြောက်ယဉ်စွန်းတန်းပေါ်တည့်တည့် ထားရတော့မှာပေါ့ ကမ္ဘာ့မြောက်ခြမ်းဒေသတွေလည်း ပူ့ပြီး ရေခဲတွေအရည်ပျော် ရေကြီး အပူကြောင့်လေဖိအား နည်းရပ်ဝန်းဖြစ် တောင်ဘက်က ပင်လယ်လေတွေတိုက် မိုးများလည်းရွာလို့ပေါ့ နောက်တော့ သူပျင်းသွားပြီး အီကွေတာကိုပြန်လာတယ်
  • October မှာတော့ အီကွေတာပေါ် ပြန်ရောက်ပြီ ရပ်နေဘူးဗျာ တောင်ဘက်ကိုဆက်ဆင်းတယ်ဗျာ January မှာတော့ South Latitude 23.5’တောင်ယဉ်စွန်းတန်းပေါ်တည့်တည့်ရောက်တယ် ကမ္ဘာ့တောင်ခြမ်းပူလို့ မြောက်ခြမ်းမှာတော့ ရေခဲနေပြီဗျာ တောင်ဘက် လေဖိအားနည်းရပ်ဝန်းကို မြောက်ပြန်လေတွေတိုက်လို့ ချမ်းလှပြီပေါ့ နောက်တော့ ပြန်လှည့်လာတယ်ဗျာ
  • April 13/14 ဆို အီကွေတာပေါ် ပြန်ရောက်တယ် ဒီလိုသွားလို့ ရာသီဥတုတွေဖြစ်စေပြီး ကမ္ဘာကိုလွှမ်းမိုးပါတယ် လမင်းစန္ဒာ
ညကိုဖြစ်စေလို့ နိသကာရ အေးမြစေလို့ သီတာသု လို့ နာမည်ကျော်တဲ့
  • လစန္ဒာ





  • ဗုဒ္ဓဖြစ်စဉ်တွေဟာလည်း စန်းအားကောင်းတဲ့ လပြည့်ချိန်တွေမှာ ဖြစ်ပေါ်ခဲ့ပါတယ် လပြည့်ချိန်မှာ နေပါမြင်နေရတဲ့ အဘိဓမ္မာတရားဟောချိန် လေးက စန်းအားကောင်းတဲ့ လပြည့်ချိန်မှာပေါ့ဗျာ
ကမ္ဘာကနေ လပြည့်ဝန်း လေးကို စောင့်ကြည့်နေပြီဆိုရင် လပြည့်နေ့ကျ တွေရမြဲပေါ့ လပြည့်နေ့ Full Moon ကို မျှော်တော့လည်း ဒီလက ၃၀ ရက် ဟိုလက ၂၉ ရက်နဲ့ အမျိုးမျိုး ၀ါထပ်လို့ ၁ နှစ် ၁၃ လ ဖြစ်လိုဖြစ် ဘာကြောင့်လဲ ဆိုပါတော့ အဖြေရှာကြည့်တော့ တကယ်က
  • ၁ လမှာ ၂၉ ရက်ခွဲပဲရှိတာကိုး
ဒါကြောင့် ဒီလ ၂၉ ဆို နောက်လ ၃၀ နဲ့ညှိနေရတာပေါ့ ဒါကြောင့်လည်း တချို့လမှာ လပြည့်နေ့ထက် လပြည့်ကျော် Waning Moon ၁ရက်ကပိုသာ နေတတ်တယ် လဆန်း Waxing Moon ၁၄ က လပြည့်ထက်သာတဲ့လများလည်း ရှိနေမှာပေါ့ တကယ်တော့လပြည့်ချိန်ဆိုတာ လပြည့်နေ့မနက်ကြီးလည်း ဖြစ်နိုင်သလို လပြည့်နေ့ညနက်ချိန်လည်း ဖြစ်နိုင်တာပေါ့ ၁၂ လ ၁ နှစ်ဆိုယင် လ ကိုကြည့်ပြီးရေတဲ့ နှစ် စန္ဒရာမာသဘဂဏ Civil Year က ၃၅၄ ရက် ပဲရှိတာပေါ့
နေကိုကြည့်ရေတဲ့နှစ် သူရိယရသံဝစ္ဆဘာဂဏ Solar Year က ၃၆၅ လောက်ရှိတော့ ၁၁ရက်လောက်ကွာနေပြီ ၃ နှစ် ဆို ၁ လလောက်ကွာပြီ ဒါကိုညှိဖို့ ၃ နှစ်တကြိမ် ၀ါဆို ၂ ခါလုပ်ရတယ် ၀ါဆိုကိုမှရွေးတာက မြန်မာက မြောက်ယဉ်စွန်းတန်းပေါ်မှာမို့ ၀ါဆိုမှာနေရောက်ချိန် (အသွားအပြန်နဲ့မို့) ကြာတယ် တခြားဂြိုလ်လေးတွေရော စစ်ကြစို့

  • ကမ္ဘာကို center ထားလို့ အာကာသကို ခြေဆန့်ကြစို့ အဖြောင့်တိုင်းတာတော့မဟုတ်ဘူးဗျာ






  • မြေပေါ်မှာ မျဉ်းမတ်ထောင်ပြီး နိမ့်ရာက မြင့်ရာစဉ်မယ်ဗျာ၂လာ တနင်္လာဂြိုလ် Moon ၄ဟူး ဗုဒ္ဓဟူးဂြိုလ် Mercury၆ကြာ သောကြာဂြိုလ် Venus၁နွေ တနင်္ဂနွေဂြိုလ် Sun၃ဂါ အင်္ဂါဂြိုလ် Mars၅တေး ကြာသာပတေးဂြိုလ် Jupiter၀နေ စနေဂြိုလ် Saturn ဆိုပြီးအစဉ်လိုက်ရှိတယ် လူ့အသက်ကို ၈၀ ကျော်ထားပြီး ၇ ပိုင်းထားမယ်ဗျာ ၁၂ နှစ်စီပေါ့
  • မွေးစ ကနေ ၁၂ နှစ် (၂လာ)-နှစ်လိုဖွယ် ရယ်ရွှင်မြူး နုနယ်တဲ့ လစန္ဒာလိုပေါ့
  • ၁၃နှစ် ကနေ ၂၄ နှစ် (၄ဟူး)-ဝေါဟာရစကားကြွယ် လည်ပတ်မယ် ဒီအရွယ်
  • ၂၅နှစ် ကနေ ၃၆ နှစ် (၆ကြာ)-၀တ်စား မူယာကြွယ် လောဘရယ် စုဆောင်း၃၇နှစ် ကနေ
  • ၄၈ နှစ် (၁နွေ)-ဖခင်လို လူကြီးလုပ် ထွေရာရာ စီမံ မနားတမ်းကြံ
  • ၄၉နှစ် ကနေ ၆၀ နှစ် (၃ဂါ)-လောကလှိုင်းထန် ဒေါသမာန်လည်းကြီးလှပြီ
  • ၆၁နှစ် ကနေ ၇၂ နှစ် (၅တေး)-စာပေရေးရာထွေရာဝါဒ ထုံးတမ်းစဉ်လာ မညင်းသာ
  • ၇၃နှစ် ကနေ ၈၄ နှစ် (၀နေ)-အားအင်လည်းကုန် စိတ်လည်းပမ်း သည်းခံတတ်ခဲ့ပြီပေါ့
ဒီလိုလေးလည်းဆက်စပ်လို့ရတယ်မွေးစက ၁၂ နှစ်ကို ထပ်စိတ်မယ်ဗျာ
  • မွေးစကနေ ၁ နှစ် ၈ လ (၂လာ)-လူတကာက ချစ်တယ် စန်းပွင့်တယ်ပေါ့
  • ၁ နှစ် ၉ လ ကနေ ၃ နှစ် ၅ လ (၄ဟူး)-စကားစပြောမယ်
  • ၃ နှစ် ၆ လ ကနေ ၅ နှစ် ၂ လ (၆ကြာ)-တီတီတာတာ မူယာမာယာ
  • ၅ နှစ် ၃ လ ကနေ ၆ နှစ် ၁၀ လ (၁နွေ)-မိဘနဲ့ခွဲ
  • ၆ နှစ် ၁၁ လ ကနေ ၈ နှစ် ရ လ (၃ဂါ)-ရန်ဖြစ်မယ် အနိုင်ကျင့်မယ်
  • ၈ နှစ် ၈ လ ကနေ ၁၀ နှစ် ၂ လ (၅တေး)-ဥာဏ်ထက်နေပြီ
  • ၁၀ နှစ် ၃ လ ကနေ ၁၂ နှစ် (၀နေ)-စာနာနေတတ်ပြီ
ဒါကလည်း ယျေဘူယျပါ အဲဒီလိုနဲ့ ဂြိုလ်ပရိယာယ်တွေ ဖြစ်လာပါတယ် ဒီလိုပိုင်းနည်းက နည်း ၄၀ လောက်ရှိပြီး ၂ မျိုးကတော့ကျော်ကြားပါတယ် ဒီ ၂ မျိုးကလည်း အားလုံးအတွက် တူပါ့ မလား ကာလတူတော့ရော အကျိုးပေးတူမှာလား အဖြေကရှင်းပါတယ် မတူနိုင်ပေါ့ မွေးချိန်တူတောင် ဒေသကွဲယင် ဂြိုလ်ရပ်ပုံတွေက တူမှာမဟုတ်ဘူးလေ

4 comments:

Unknown said...

ဒီပို့ လေးယူသွားခွင့်ပေးပါ http://mmastrologist.blogspot.com/ ကို လင့်ခ် ပေးထားမှာပါ

Buddhist Monastic Training Centre, Chittagong Hill Tracts, Bangladesh said...

စာတွေ ဖတ်လို့မရပါ။ ဘာfontအမျိုးအစားနဲ့ ရေးပြီးထင်ထားပါသလဲ သိပါရစေ။

ကိုပခန်း said...

zawgyi2008 ဒေါင်းလိုက်ရင် အဆင်ပြေပါလိမ့်မယ်ခင်ဗျ။ မူလဆိုဒ်လင့်အရ http://zawgyi.googlecode.com/files/ZawgyiOne2008.ttf ဒီမှာဒေါင်းယူနိုင်ပါတယ်ခင်ဗျ။

julymama said...

ဗေဒင်ပေါ်ပေါက်လာတာနဲ့ပတ်သက်လို့..မေးပါရစေ..ဗေဒင်နဲ့ဝေဒ(veda)ဆက်စပ်မှူရှိတယ်လို့ပြောကြပါတယ်..ဂေါတမဘုရားမပွင့်မှီကတည်းကပေါ်ပေါက်ခဲ့တဲ့ဝေဒကျမ်းတွေကဆင်းသက်လာတယ်လို့ကြားဘူးလို့ပါ..သိသမျှကိုမျှဝေပေးပါ...ကျေးဇူးပါ..

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။